လူရှေ့တောင်မရှောင် ပန်းခြံထဲ ဘောက်စင်ထိုးနေကြတဲ့ သားပိုက်ကောင် (၂) ကောင်

youtube/Funny Video

သားပိုက်ကောင်တွေဟာ လူတွေကို သိပ်ကြောက်ကြတဲ့ကောင်တွေ မဟုတ်ပါဘူး။ သူတို့က စွာလည်း စွာတဲ့ကောင်တွေဖြစ်တဲ့အပြင် သူတို့မကျေနပ်ရင် မကျေနပ်သလို လက်သီးနဲ့ထိုးတာ၊ ခြေထောက်နဲ့ခုန်ကန်တာမျိုးတွေ လုပ်လေ့ ရှိကြပါတယ်။ အခုလည်း ပန်းခြံတစ်ခုထဲမှာ လူတွေကိုတောင် ဂရုမစိုက်ပဲ ရန်ဖြစ်နေတဲ့ သားပိုက်ကောင်နှစ်ကောင်ကို dailymail ကနေတဆင့် တွေ့ခဲ့ရပါတယ်။

youtube/Funny Video

ဒီအဖြစ်အပျက်ဟာ သြစတေးလျနိုင်ငံ တွားသွားသတ္တ၀ါဥယျာဉ်ထဲမှာ ပြီးခဲ့တဲ့ စနေနေ့ နေ့လည်ခင်းချိန်က ဖြစ်ပွားခဲ့တာပါ။ သိရတာက သားပိုက်ကောင်နှစ်ကောင်အနက် ပိုငယ်တဲ့သားပိုက်ကောင်ဟာ သူနဲ့ရန်ဖြစ်နေတဲ့ သားပိုက်ကောင်ကြီးရဲ့ ရည်းစားနဲ့ အတူရှိနေခဲ့တာ ဖြစ်တယ်လို့ Nine News ကတော့ တင်ပြထားပါတယ်။

youtube/Funny Video

သားပိုက်ကောင်နှစ်ကောင်စလုံးဟာ ၄င်းတို့ရဲ့ ၀မ်းဗိုက်နေရာနားကို ကန်နေခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ကောင်စလုံးဟာ ၄င်းတို့ရဲ့ လက်တစ်ကမ်းအကွာမှာ ရပ်ကာ တစ်ကောင်နဲ့တစ်ကောင် ကိုင်ထားကြပြီး အချင်းချင်း ကန်ကြောက်နေခဲ့ကြတာပါ။ သူတို့နှစ်ကောင်ရဲ့ ရန်ပွဲကိုတော့ နောက်မှာရှိတဲ့ ကလေးတစ်သိုက်က ဘောက်စင်ထိုးနေတဲ့ သားပိုက်ကောင်တွေဆိုပြီး ချချနဲ့ အားပေးနေကြပါတယ်။ ဒီသားပိုက်ကောင်နှစ်ကောင်ရဲ့ ရန်ပွဲမှာ ဘယ်ကောင် အနိုင်ရသွားခဲ့လဲဆိုတာတော့ မသိရပါဘူး။

လင်းလင်း (ShweMom)

SHARE