ဆန်ဖရန်ဆစ္စကိုတစ်မြို့လုံးကို ပေါက်ပေါက်ရှာရှာနည်းလမ်းနဲ့ စနောက်ခဲ့တဲ့ အမျိုးသား

twitter/PabloRochat

အမေရိကန်နိုင်ငံ ဆန်ဖရန်ဆစ္စကိုမြို့က ဂျီးနီးယက်စ်အမျိုးသားတစ်ယောက်ဟာ မြို့ရဲ့ လမ်းမတွေပေါ်မှာ ထူးထူးခြားခြား နည်းလမ်းနဲ့ လူတွေကို အပျော်သဘော စနောက်ခဲ့ကြောင်း ladbible သတင်းအရ သိရပါတယ်။ သိကြတဲ့အတိုင်းပဲ Apple AirPods တွေဆိုတာက ပျောက်ဖို့အရမ်းလွယ်တဲ့ ပစ္စည်းလေးတွေပဲ ဖြစ်ပါတယ်။ အိတ်ထဲကနေ၊ နားထဲကနေ အလွယ်တကူ ထွက်ကျနိုင်တဲ့ ပစ္စည်းမျိုးတွေလည်း ဖြစ်ပါတယ်။ ကြိုးတွေပါတဲ့ နားကြပ်လိုမျိုး မဟုတ်တဲ့အတွက် အောက်ကိုကျသွားတာနဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့မယ့် ပစ္စည်းတွေပါပဲ။

twitter/PabloRochat

ဒါကြောင့် AirPods ပိုင်ရှင်အများစုက သူတို့ရဲ့ AirPods လေးတွေ ပျောက်သွားမှာကို သေမလောက်ကြောက်ကြပါတယ်။ တန်ဖိုးကြီးတာကြောင့်လည်း ပါမှာပါ။ ဒီအချက်ကိုတော့ ပါဘလိုရိုချက်ဆိုသူ လူတစ်ဦးက ကောင်းကောင်း အသုံးချခဲ့ပါတယ်။ အထူးသဖြင့်တော့ Apple AirPods တွေဟာ ဈေးကြီးတဲ့အပြင် အမျိုးအစားလည်း ကောင်းတဲ့အတွက် တကယ်လို့ AirPods သာ မြေကြီးပေါ်မှာ ကျနေခဲ့ရင် ဘယ်သူမဆို ကောက်ယူလိမ့်မှာပဲဆိုပြီး ပါဘလိုက အပိုင်တွက်ထားတာပါ။

ပါဘလိုဟာ သူ့တွစ်တာပေါ်ကနေ ကျွန်တော် AirPod စတေကာတွေကို အပြင်က ဆိုက်ဒ်အတိုင်း တူအောင် လုပ်ထားတယ်။ ပြီးတော့ မြို့အနှံ့ အဲ့ဒီစတေကာလေးတွေ လျှောက်ကပ်တယ်။ တစ်မြို့လုံးကို လျှောက်ကပ်တာနော်…” လို့ ရေးသားခဲ့ပါတယ်။ ပြီးတဲ့အခါ ပိုလူသိများအောင်ဆိုပြီး အခြားသူတွေကိုလည်း သူတို့ပိုင် AirPod တွေကို သူ့ဝက်ဆိုက်ဒ်မှတဆင့် စတေကာတွေ ထုတ်ဝေစေပါတယ်။

လူတွေကတော့ ပါဘလိုက တကယ်ပဲ လူတွေကို လှည့်စားလွန်းတယ်၊ ဒါဟာ နောက်စရာမဟုတ်ဘူး စသဖြင့် ပြောဆိုနေကြပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ ပါဘလိုရဲ့ လှည့်စားမှူကို ခံလိုက်ရတာဟာ သူတို့တွေပဲ ဖြစ်နေပါတယ်။ ပျော်တတ်သူအချို့ကတော့ အရမ်းမိုက်တဲ့ prank ပဲ..” “ကဲ..တစ်ယောက်ယောက်ဆီက ကျကျန်ခဲ့တဲ့ Airpod လေး ဘယ်သူများ ကောက်မလဲ…” လို့ ပြောနေကြပါတယ်။

 

ဒါပေမယ့် အချို့ကတော့ ပါဘလိုရဲ့ ရယ်စရာ prank နဲ့ ပတ်သက်လို့ စိတ်ကသိကအောက် ဖြစ်နေပါတယ်။ တစ်ယောက်က ဆင်းရဲတဲ့သူ တစ်ယောက်ယောက်က ဒီစတေကာ တွေ့ပြီး ငါတော့ Airpod လေးကောက်ရပြီလို့ ၀မ်းသာနေတုန်း စတေကာကြီး ဖြစ်နေတော့ ဘယ်လောက်တောင် စိတ်ပျက်လိုက်မလဲ..” လို့ ဆိုတာကို နောက်တစ်ယောက်က နေပြီး “… ထောက်ခံတယ်… လူတွေများ ဒီလိုအဓိပ္ဗါယ်မရှိတဲ့ အလုပ်ကိုလုပ်ဖို့ တော်တော်အားနေကြတယ်..” လို့လည်း မကျေမချမ်းနဲ့ ပြောထားပါသေးတယ်။

လင်းလင်း (ShweMom)

SHARE