Money Heist ဇာတ်လမ်းတွဲထဲကအတိုင်း Pre-wedding ရိုက်ကူးခဲ့ကြတဲ့ ဇနီးမောင်နှံ

Facebook- Netflix Record

ဆောင်းတွင်းလည်းရောက်ပြီဆိုတော့ မင်္ဂလာပွဲတွေကျင်းပတဲ့ကာလကို ရောက်လို့လာခဲ့ပါပြီ။ ယနေ့ခေတ် မင်္ဂလာဆောင်တွေဟာ ဟိုအရင်ခေတ်တွေတုန်းကလိုမဟုတ်တော့ဘဲနဲ့ သူ့ထက်ငါ ဘယ်လိုမျိုး ဆန်းပြားတဲ့ ပုံစံမျိုးတွေနဲ့ ပွဲအခမ်းအနားကို ကျင်းပကြမလဲဆိုပြီး စိတ်ကူးစိတ်သန်းကောင်းတွေကို အပြိုင်အဆိုင် စဉ်းစားနေခဲ့ကြပါပြီ။ မင်္ဂလာလာပွဲတင်မကဘဲ ၂၁ ရာစုအနောက်ပိုင်း တွင်ကျယ်လာခဲ့တဲ့ pre-wedding ရိုက်ကူးမှုတွေမှာလည်း သာမန်အတိုင်း ဂါဝန်အဖြူ၊ suit အဖြူတွေနဲ့ ဖြစ်သလို မရိုက်ကူးကြတော့ဘဲနဲ့ theme ပေါင်းစုံနဲ့ ရိုက်ကူးလာခဲ့ကြပါတယ်။

အခု အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ စုံတွဲတစ်တွဲကတော့ သူတို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို ဘယ်သူမှမလုပ်သေးတဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးခဲ့ကြတာပါ။ ပုံစံကတော့ Netflix ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုပုံစံအတိုင်း ယူထားခဲ့ကြတာပါ။

Facebook- Netflix Record

ဇာတ်လမ်းတွဲကတော့ Money Heist ပဲဖြစ်ပါတယ်။ Netflix ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားဆိုပြီး ရုပ်ရှင်ချစ်သူတွေကြား နာမည်ကြီးနေခဲ့တဲ့ ဇာတ်လမ်းတွဲတစ်တွဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက အပြင်အဆင်တွေအတိုင်း ပြင်ဆင်ပြီးတော့ ပုံစံကိုလည်း ပိုက်ဆံတွေနဲ့ ဓာတ်ပုံအရောင်ကအစ ရုပ်ရှင်ထဲက အရောင်လိုမျိုး ခပ်မှိုင်းမှိုင်းတွေယူထားပြီးတော့ ဖိလစ်ပိုင်နိုင်ငံမှ စုံတွဲတစ်တွဲဟာ pre-wedding ရိုက်ခဲ့တာပဲစြဖပါတယ်။

READ
ဝန်ထမ်းတွေပြန်တာကိုမသိပဲ Gym အဆော့လွန်ပြီး၊ Gym ထဲမှာပိတ်မိနေခဲ့သူရဲ့အဖြစ်

ဓာတ်ပုံဆရာ Hafid Caballes ကိုယ်တိုင် သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ထားခဲ့တာဖြစ်ပြီးတော့ နေရာကတော့ Cebu မှာရှိနေတဲ့ Leah ဘုရားကျောင်းမှာပါတဲ့။ ဒီဘုရားကျောင်းဟာ Money Heist ထဲက စပိန်ဘဏ်နဲ့ ပုံစံချင်းတူနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Facebook- Netflix Record

ဒီလိုရိုက်ဖို့ စိတ်ကူးရခဲ့တာဟာ မင်္ဂလာစုံတွဲ Andrew နဲ့ Inez Jade တို့နှစ်ယောက်စလုံးဟာ Money Heist ရဲ့ အမာခံပရိတ်သတ်တွေဖြစ်တဲ့အတွက် နှစ်ယောက်သား ထူးထူးဆန်းဆန်းလေးဖြစ်အောင်ဆိုပြီး တိုင်ပင်ရိုက်ခဲ့ကြတာပါတဲ့လေ။ သူတို့ရဲ့ pre-wedding ပုံတွေက တော်တော်လေးကို မိုက်လွန်းလို့ Netflix ကနေတောင်မှပဲ ပြန်ပြီး share ခဲ့ရတဲ့အထိပါ။

ကဲ.. Andrew နဲ့ Inez တို့ရဲ့ “Money Heist” theme နဲ့ pre-wedding ပုံလေးတွေကို ခံစားလိုက်ကြပါဦး။ သင်ရော ကိုယ့်ချစ်သူနဲ့မင်္ဂလာဆောင်ခဲ့မယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ မင်္ဂလာဆောင်ပုံကို ရိုက်ချင်လဲဆိုတာကိုလည်း မျှဝေပေးသွားပါဦးနော်။

READ
(၂၄) နာရီအတွင်း Instagram မှာ follower ပေါင်း (၃)သန်းဆုံးရှုံးသွားခဲ့တဲ့ Ariana Grande

penny

SHARE