ခက်ခက်ခဲခဲ ရှာထားရတဲ့ လစာလေးတွေကို အသုံးခံအောင် ဘယ်လိုစီမံခန့်ခွဲမလဲ

တစ်လတစ်လ ရတဲ့လစာတွေက လိပ်လို အိတ်ထဲ ဝင်လာပြီး ယုန်လို ပြန်ထွက်သွားတတ်ကြတယ်မဟုတ်လား။ ဒီလိုဖြစ်ဖြစ်နေတာကလည်း ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ ငွေကြေးတွေကို သေချာစီမံဖို့ ပျက်ကွက်နေလို့ပါပဲ။ ဒါဆို ကိုယ်ပိုင်ငွေကြေးလေးတွေကို အကျိုးရှိရှိ သုံးဖြစ်ပြီး အသုံးခံအောင် အောက်ပါနည်းလမ်း ၅ ခုကို လိုက်လုပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

(၁) ဘတ်ဂျက်သတ်မှတ်ထားပါ.. ဘယ်အချိန်အတွင်းမှာ ကိုယ်ဘယ်လောက်ပဲ သုံးမယ်ဆိုပြီး သတ်သတ်မှတ်မှတ် မရှိတာ အဆိုးဆုံးပါပဲ။ ဥပမာ – ဒီလအတွက် ကိုယ် ကော်ဖီသောက်ရင်၊ စာအုပ်ဝယ်ရင်၊ အဝတ်အစားဝယ်ရင် အများဆုံး ဘယ်လောက်သုံးမယ်ဆိုပြီး သတ်မှတ်ထားပါ။ အများကြီးလည်း မဖြစ်ပါစေနဲ့။ ပြီးရင် သတ်မှတ်ထားတာထက် ပိုမသုံးပါနဲ့။ ကျန်တာကို အရေးပေါ် အသုံးစရိတ်အနေနဲ့ ဖယ်ထားပါ။

(၂) အသုံးစာရင်း ဆွဲပါ.. ဒီအချက်လည်း မခက်ခဲပါဘူး။ ကိုယ် ဝယ်လိုက်သမျှ၊ သုံးသမျှ ပစ္စည်းနဲ့ ကုန်ကျစရိတ်လေးတွေကို စာအုပ်ထဲမှာ စာရင်းနဲ့ မှတ်ထားပါ။ ဒါမှလည်း ကိုယ်သတ်မှတ်ထားတဲ့ ဘတ်ဂျက်ကို အချိန်တိုအတွင်း ကုန်မသွားဘဲ ချင့်ချင့်ချိန်ချိန် သုံးမိဖို့ သတိပြုမိမှာပါ။

READ
ဓာတ်ပုံတွေက သင့်ကိုပိုပြီးပျော်ရွှင်စေတဲ့အကြောင်းရင်း
Shutterstock

(၃) မလိုအပ်ဘဲ မသုံးမိစေဖို့.. ကိုယ် ဘယ်အရာတွေအတွက် ဘယ်လို ငွေသုံးတယ်ဆိုတာ မှတ်ပြီးရင် ပေါ်လာပါလိမ့်မယ်။ ဝယ်ဖို့ စိတ်ကူးရှိပေမယ့်လည်း ခုချက်ချင်း အရေးတကြီး မလိုအပ်တဲ့အရာတွေပါ။ တစ်ခါတစ်လေ ကိုယ့်မျက်စိထဲ လှသမျှ၊ ကိုယ်နဲ့ လိုက်တာမှန်သမျှ ကောက်ဝယ်မိတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒါတွေကို အရေးတကြီး မလိုဘူးဆိုတာ နားလည်သွားရင် မလိုတာမှန်သမျှ မဝယ်မိအောင် ဆင်ခြင်သင့်ပါတယ်။

(၄) နည်းနည်းစီ ဖယ်ထားတဲ့အကျင့်.. ကိုယ့်ရဲ့ အဓိကအလုပ်အကိုင်အပြင် တခြားကရတဲ့ ပိုက်ဆံ (အိုတီကြေး၊ မုန့်ဖိုး၊ အချိန်ပိုင်းအလုပ်က ဝင်ငွေ) စတာတွေကို ငွေစုအကောင့်ထဲပဲ ဖြစ်ဖြစ်၊ စာအိတ်တစ်လုံးထဲ ဖြစ်ဖြစ် မသုံးဘဲ ဖယ်သိမ်းထားဖို့ ကြိုးစားကြည့်ပါ။ ပြီးရင် အဲဒီ့ငွေတွေကို မသုံးမိဖို့လည်း ကိုယ့်ကိုယ်ကို စည်းကမ်းထားထားဖို့ လိုပါတယ်။ ဘယ်လောက် နည်းနည်းကပဲ စစုစု၊ အချိန်အတိုင်းအတာတစ်ခုမှာ သင့်အတွက် အသုံးဝင်တဲ့ ပမာဏဖြစ်နေပါလိမ့်မယ်။

READ
သင့်ဆီမှာ ဒီလိုထူးထူးဆန်းဆန်းအကျင့်တွေရှိနေရင် လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်တယ်
Shutterstock

(၅) အကြွေဘူးလုပ်ထားပါ.. အရေးမပါဘူး ထင်ရပေမယ့် ပိုက်ဆံဆိုရင် ငါးဆယ် တစ်ရာကအစ တန်ဖိုးရှိပါတယ်နော်။ တစ်ခုခု ဝယ်လို့ အတန်ကြီးကို ပြန်အမ်းတဲ့ ငွေအကြွေတွေကို ဘူးလေး တစ်လုံးထဲ ထည့်ထည့်ထားတာကလည်း သင့်ရဲ့ ငွေကြေးတွေကို တစ်မျိုးတစ်ဖုံ စုမိစေနိုင်တဲ့ နည်းတစ်နည်း ဖြစ်ပါတယ်။

Ref: Girlslife

SHARE