အရက်သမားတွေ လျော့ပါးစေဖို့ မြို့ပေါ် ကောင်းကင်ကနေ ပရိတ်ရေဖြန်းခဲ့တဲ့ ဘုန်းတော်ကြီး

YouTube/Tvernews

ရုရှားနိုင်ငံ၊ Tver မြို့က ခရစ်ယာန်ဘုန်းတော်ကြီးတပါးဟာ မြို့တွင်းမှာ အရက်သေစာသောက်စားခြင်းနဲ့ လက်မထပ်ခင် ချစ်တင်းနှောမှုတွေ များပြားနေတာကို တားဆီးဖို့ ကောင်းကင်ကနေ ပရိတ်ရေဖြန်းပက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉)စက်တင်ဘာလ (၁၁)ရက်နေ့တုန်းက Russian Orthodox Church ရဲ့ ဘုန်းတော်ကြီး အလက်ဇန္ဒားဂေါ်ယာချက်ဗ်က အခုလိုပြုလုပ်ခဲ့တာဖြစ်ပြီး လီတာ (၇၀)နီးပါးရှိတဲ့ ပရိတ်ရေတွေကို ကောင်းကင်ကနေ ဖြန်းပက်ခဲ့တာပါ။ ၂၀၀၆ ခုနှစ်ကစတင်ပြီး Tver မြို့မှာ Day of Sobriety ကို ရည်ညွှန်းတဲ့အနေနဲ့ နှစ်စဉ် စက်တင်ဘာလတိုင်း ဘုန်းတော်ကြီးဟာ ကောင်းကင်ကနေ ရဟတ်ယာဉ်နဲ့ကောင်းချီးပေးလေ့ရှိတာဖြစ်ပြီး ဒီနှစ်မှာတော့ ပရိတ်ရေ ဖြန်းပက်ဖို့ စိတ်ကူးရခဲ့တာလို့ သိရပါတယ်။ ဘုန်းတော်ကြီးရဲ့ လုပ်ဆောင်ချက်တွေကိုတော့ ရုရှားသတင်းဌာန တစ်ခုဖြစ်တဲ့ Tver-news က ရိုက်ကူးမှတ်တမ်း တင်ထားခဲ့ပါတယ်။

READ
နယူးယောက်မြို့မှာ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ ကမ္ဘာ့အရှည်ဆုံး U - ပုံသဏ္ဍန်မိုးမျှော်တိုက်
YouTube/Tvernews

ပရိတ်ရေဖြန်းပက်ရာမှာ ဘုန်းတော်ကြီး ဂေါ်ယာချက်ဗ်ဟာ ဘုရားကျောင်းတွေမှာ အသုံးပြုတဲ့ ပရိတ်ရေဖြန်းပက်တဲ့ ကိရိယာကို အသုံးမပြုဘဲ ၁၉ ရာစုလက်ရာ သောက်ရေစင်ခွက်ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတာ့ ရိုးရိုးရေဖြန်းကိရိယာကို အသုံးပြုရင် ပရိတ်ရေတွေ လေယာဉ်ထဲပြန်ဝင်လာပြီး မြို့သူမြို့သားတွေပေါ်ကို မရောက်နိုင်လို့ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘုန်းတော်ကြီး ဂေါ်ယာချက်ဗ်က အခုလိုပြုလုပ်တာကို တချို့က ဟာသအနေနဲ့ ပျက်ရယ်ပြုကြပေမဲ့ မြို့သူမြို့သားတွေရဲ့ ကျန်းမာရေးကောင်းမွန်ဖို့နဲ့ အကျင့်ဆုံးတွေ ပပျောက်ဖို့ လုပ်ဆောင်နေရာဖြစ်ကြောင်း၊ ဘယ်သူတွေ ကဲ့ရဲ့ပစေ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒေသတွင်းရုပ်သံနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

KYM

SHARE