တောထဲမှာ ဟက်ပီးဘက်ဒေးသွားလုပ်ရာမှ ကိတ်မုန့်လုပြေးခံရတဲ့ အဖြစ်

youtube/PleaseNo

မျောက်တွေဟာ ဥာဏ်ပြေးတဲ့ သတ္တ၀ါမျိုးစိတ်တွေပါ။ လူရဲ့အပြုအမူကို ကောင်းကောင်းအတုခိုးနိုင်တဲ့ သတ္တ၀ါတွေဖြစ်သလို လစ်ရင် လစ်သလို ခိုးဖို့ ၀န်မလေးတတ်တဲ့ သတ္တ၀ါတွေလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ အွန်လိုင်းပေါ်မှာ တွေ့မြင်ရတဲ့ မျောက်နဲ့ပတ်သက်ပြီး ရယ်စရာဗီဒီယိုလေးတစ်ခုကို storypick ကတဆင့် ဖော်ပြချင်ပါတယ်။

ဗီဒီယိုထဲမှာတော့ လူတစ်စုဟာ မွေးနေ့ပွဲ ကျင်းပနေကြတာပါ။ အားလုံးပျော်ရွှင်စွာနဲ့ သူငယ်ချင်းတွေက မွေးနေ့သီချင်း ဆိုပေးနေပါတယ်။ သီချင်းဆိုအပြီး မွေးနေ့ရှင်က ကိတ်မုန့်သေးလေးတစ်လုံးကို တစ်စိတ်ခွဲယူလိုက်ပါတယ်။ ပြီးတော့ သူက သူငယ်ချင်းတစ်ယောက်ကို ကမ်းပေးလိုက်ပါတယ်။ ဒီအချိန်မှာပဲ မျောက်တစ်ကောင်ဟာ ရုတ်တရက်ပေါ်လာပြီး ကိတ်မုန့်ကို အလုံးလိုက် မ,သွားကာ သစ်ပင်ပေါ် တက်ပြေးသွားပါတော့တယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းပါတယ်။ ကိတ်မုန့်ကို လူလိုက်ဆွဲတာတောင် မမိလိုက်ပါဘူး။

youtube/PleaseNo

ဗီဒီယိုထဲမှာတော့ မျောက်နဲ့ မွေးနေ့ရှင်ရဲ့ အဖြစ်ကို ကြည့်ပြီး အူတက်နေကြသူတွေရဲ့ ရယ်သံကိုလည်း ကြားရမှာပါ။ ဘာပဲဖြစ်ဖြစ် မွေးနေ့ရှင်ရဲ့ ရင်ထဲမှာတော့ အမှတ်တရလေးတစ်ခုအဖြစ် ထင်ကျန်ခဲ့မှာပါပဲ။ ရယ်စရာကောင်းတဲ့ အဖြစ်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

READ
သင့်ကို ဇဝေဇ၀ါဖြစ်ကျန်ရစ်ခဲ့စေမယ့် လှည့်စားတတ်တဲ့ ဓာတ်ပုံများ

လင်းလင်း (ShweMom)

SHARE