မျောက်သားငယ်လေးကို Tablet သုံးနည်းသင်ပေးနေတဲ့ မျောက်မကြီး

လူဆိုတာ မျောက်ကနေဆင်းသက်တယ်-ဆိုတဲ့ ချားလ်စ်ဒါဝင်ရဲ့ အဆိုဟာ ဒီမျောက်သားအမိကို ကြည့်ပြီးလိုက်တာနဲ့ လူတော်တော်များများ ခေါင်းညိမ့် လက်ခံကြလိမ့်မယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ မျောက်မကြီးဟာ သူရဲ့ သားငယ်
လေးကို Tablet သုံးနည်း သင်ပေးနေလို့ပါဘဲ။ ဒါကို Mirror သတင်းဌာနက ” Monkey see, monkey do “ဆိုပြီး ဂုဏ်ပြုထားပါတယ်။

ဗွီဒီယိုထဲမှာတော့ မျောက်မကြီးဟာ နည်းပညာပစ္စည်းတွေနဲ့ တော်တော်လေး ကျွမ်းဝင်နေဟန်ရှိပြီး၊ အ၀တ်အစားတွေ
သပ်သပ်ရပ်ရပ် ၀တ်ပေးထားခြင်းကို ထောက်ရှုခြင်းအားဖြင့် ပုဂ္ဂလိက အိမ်မွေးမျောက် ဖြစ်ဖို့ရှိပါတယ်။

မျောက်မကြီးဟာ လူတစ်ယောက်လို Tablet ကို ကျွမ်းကျင်စွာ အသုံးပြုနေပြီး၊ ရင်ခွင်ထဲကို ပိုက်ထားတဲ့ သားငယ်လေးကလည်း မိခင်ကြီး ဘာလုပ်တယ်ဆိုတာကို မမှိတ်မသုန် လိုက်ကြည့်ကာ မှတ်သားနေပုံရပါတယ်။ ဒီဗွီဒီယိုကို တရုတ်ဆို
ရှယ် မီဒီယာ Meipai ဆိုဒ်မှာ ပထမဆုံး တင်ထားတာကို တွေ့ခဲ့ရပါတယ်။ နောက် Facebook ကွန်ယက်ပေါ်အထိ ရောက်ရှိခဲ့ပြီး ၀င်ရောက်ကြည့်ရှုသူ နှစ်သိန်းကျော်အထိ ရှိခဲ့ပါတယ်။

READ
ဗြိတိန်အကြီးဆုံးအပြာရောင်ငါးမန်းကိုဖမ်းသူနိုင်အဖြစ် ငါးဖမ်းသမား(4)ဦးစံချိန်သစ်တင်

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE