အလုပ်ရှုပ်နေတဲ့ ရဲအရာရှိရဲ့ပခုံးပေါ်တက်ပြီး စိမ်ပြေနပြေ သန်းရှာခဲ့တဲ့ မျောက်ကလေး

Twitter/RAHUL SRIVASTAV

အင်တာနက်ပေါ်မှာ ထူးဆန်းတဲ့ဗီဒီယိုဖိုင်လေးတွေ တော်တော်များများကိုတွေ့ရပါတယ်။ အဲ့ဒီထဲကမှ လူနဲ့တိရစ္ဆာန်ကြားမှာရှိတဲ့ သံယောဇဉ် ချစ်ခြင်းမေတ္တာလေးတွေကို ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်လေးတွေလဲပါပါတယ်။ 

အဲ့ဒီထဲကမှ ရဲအရာရှိတစ်ဦးရဲ့ပခုံးပေါ်တက်ပြီး သန်းရှာပေးနေတဲ့မျောက်လေးရဲ့ဗီဒီယိုဖိုင်ကလည်း တွစ်တာအပြင် အင်တာနက်မှာပါ ပျံ့နှံ့သွားခဲ့တဲ့ဗီဒီယိုဖိုင်လေးအကြောင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

အိန္ဒိယနိုင်ငံ Uttar Pradesh ဒေသ Pilibhit မြို့ရဲ့ ရဲဌာနတစ်ခုမှာ ဖိုင်တစ်ခုနဲ့အလုပ်လုပ်နေတဲ့ စစ်ဆေးရေးရဲအရာရှိ တစ်ဦးရဲ့ပခုံးပေါ်မှာထိုင်ပြီးသန်းရှာနေတဲ့ဗီဒီယိုဖိုင်တစ်ခုဟာ တွစ်တာမှာ လူကြည့်များတဲ့ဗီဒီယိုဖိုင်တစ်ခုဖြစ်လာခဲ့ပါ တယ်။ 

 

ဗီဒီယိုထဲမှာ မျောက်က ရဲအရာရှိရဲ့ဆံပင်တွေကိုကိုင်နေပြီး သန်းရှာနေတာဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်ကို Rahul Srivastav ဆိုတဲ့ရဲအရာရှိက သူ့ရဲ့တွစ်တာမှာ အလုပ်လုပ်နေစဉ်အတွင်း  အနှောင့်အယှက်တွေကိုရှောင်ရှားချင်တယ်ဆိုရင် ခေါင်းလျှော်ရည် ကောင်းကောင်းတစ်မျိုးတော့ သုံးဖို့လိုလိမ့်မယ် အရွှန်းဖောက်ပြီး တင်ခဲ့ပါတယ်။

ဒီဗီဒီယိုကိုကြည့်ြ ပီး မျောက်တစ်ကောင်ရဲ့အလိုကိုလိုက်ပြီး သည်းခံပေးတဲ့ရဲအရာရှိကိုချီးမွမ်းတဲ့သူရှိသလို ပြက်ရယ်ပြုသွားကြတဲ့ သူတွေလည်းရှိပါတယ်။

Thae Su

SHARE