လူတိုင်းကို အံ့သြစေလောက်တဲ့ UFC Fighter နဲ့ ကေပေါ့အဆိုတော်ရဲ့ လက်မောင်းလှဲပွဲရလဒ်

ကေပေါ့ အိုင်ဒေါတွေကြားမှာတော့ MONSTA Xအဖွဲ့ဝင် Shownu က တောင့်တင်းတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ အိုင်ဒေါတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံထားရသူတစ်ယောက်ပါ။ သူကတော့ အသန်မာဆုံးအိုင်ဒေါတစ်ယောက်အဖြစ်တောင် ဖေါ်ပြခံရလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Shownu ကတော့ သူဘယ်လောက် အင်အားကြီးလဲဆိုတာကို ထပ်ပြီးတော့ ပြလိုက်ပြန်ပါပြီ။

MONSTA X အဖွဲ့ကတော့ TMI News ဆိုတဲ့ အစီအစဉ်ကို လတ်တလောက လာရောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ Shownuဟာ UFC fighter Kim Dong Hyun နဲ့ တစ်ပွဲတစ်လမ်းနွှဲခဲ့ရတာဖြစ်ပါတယ်။ UFC fighterဖြစ်တဲ့ Kim Dong Hyun ကတော့ ပြိုင်ပွဲ ၂၈ ပွဲမှာ ၂၂ ပွဲကို အနိုင်ရခဲ့တဲ့သူပါ။

ဒါပေမဲ့လည်း Shownuရဲ့ လက်မောင်းအားကြောင့် Kim Dong Hyunရဲ့ လက်ကတော့ တဖြည်းဖြည်းအောက်ကို ရောက်လာခဲ့တာပြီး ပထမပွဲမှာ Shownu က အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် UFC fighterဖြစ်တဲ့ Kim Dong Hyunကတော့ နောက်တစ်ခေါက် ယှဉ်ပြိုင်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ ဒုတိယပွဲမှာတော့ UFC fighterဖြစ်တဲ့ Kim Dong Hyun ကအနိုင်ရရှိခဲ့ပါတယ်။ အနိုင်အရှုံးကို ဆုံးဖြတ်ဖို့အတွက် နောက်ဆုံးပွဲကို ယှဉ်ပြိုင်တဲ့အခါမှာ အနိုင်ရရှိသွားသူကတော့ Shownu ပဲဖြစ်ပါတယ်။

READ
ရုပ်ရှင်ဝါသနာအိုးတွေ မကြည့်မဖြစ် ကြည့်သင့်တဲ့ ခေတ်သစ်ဂန္တဝင်ရုပ်ရှင် (၁၅) ကား

UFC fighterကိုတောင် အနိုင်ပိုင်းနိုင်ခဲ့တဲ့ Shownu ရဲ့ အင်အားကြီးမားမှုကြီးကတော့ တကယ့်ကို အံ့သြစရာပါပဲနော်။ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဗီဒီယိုလေးကိုလည်း ကြည့်လိုက်ပါဦးနော်။

Source: Koreaboo

SHARE