ငါးမန်းကြီးတစ်ကောင်နဲ့ အနီးကပ်ဆုံးရှိနေခဲ့တဲ့ ဓာတ်ပုံဆရာရဲ့ ရင်တုန်ဖွယ်အခိုက်အတန့်

Luke Thom ဆိုတဲ့ ၂၆ နှစ်အရွယ် ကြေးစားရေငုပ်သမားတစ်ယောက်ဟာ သြစတေးလျနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Naptune ကျွန်းစုမှာ သည်းထိတ်ရင်ဖို့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။

Luke Thom

သူဟာ ရေထဲမှာ ချထားတဲ့ ငါးမန်းလှောင်အိမ်ထက်မှာ နေပြီး ရင်ထိတ်ဖွယ် အခိုက်အတန့်တွေကို အမိအရရိုက်ယူနိုင်ခဲ့ပါတယ်။

Luke Thom

အလျား (၅) မီတာလောက် ရှိတဲ့ အဖြူရောင် ငါးမန်းကြီးတစ်ကောင်ဟာ ရေထဲက ပေါ်လာပြီး ကင်မရာကိုင်ထားတဲ့ လက်နား စင်တီမီတာနည်းနည်းလေးပဲ လိုတော့တဲ့အထိ ကပ်လာခဲ့ပါတယ်။ အလေးချိန်အားဖြင့် (၁၃၆၀) ကီလိုလောက် ရှိပြီး ကြောက်စရာ သွားချွန်တွေနဲ့ သံ လှောင်အိမ်စောင်းကိုတောင် ကိုက်ဖဲ့နေခဲ့တာကိုပါ ရိုက်ကူးနိုင်ခဲ့ပါတယ်။

Luke Thom
Luke Thom
Luke Thom

ဓာတ်ပုံဆရာက ဒီလိုမျိုး လုပ်ချင်စိတ်ဖြစ်လာတာ သူမိတ်ဆွေ Andrew Fox ကြောင့်လို့ သိရပြီး ၄င်းကလည်း သားရိုင်း တိရိစ္ဆာန်တွေကို အနီးကပ် ဓာတ်ပုံတွေ ရိုက်ယူနေတဲ့သူလို့လည်း သိရပါတယ်။ အခုလို ပုံတွေရဖို့ဆို သက်စွန့်ဆံဖျား ရိုက်မှပဲ ရနိုင်တာပါ.. ဒါပေမယ့် ဒီပုံတွေကို ဖိုတိုရှောပ့်ဆိုပြီး ပြောဆိုနေတဲ့ သူတွေလည်း ရှိပါသေးတယ်။

READ
အခန်းကို အမှိုက်ပုံလို ပြုမူနေထိုင်နေတဲ့ သမီးအတွက် သောကများနေရတဲ့မိခင်
Luke Thom

Neptunes ကျွန်းစုတွေဟာ ငါးမန်းကြည့်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ကျွန်းဟာ တောင် မြောက် နှစ်ခြမ်းကွဲနေပြီး တစ်နှစ်လုံး ငါးမန်းဖြူတွေကို တွေ့မြင်နိုင်တဲ့ နေရာတစ်ခုဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Ref: Daily Mail

Matthew (ShweMOM)
SHARE