ငွေစုဖို့ ပျင်းသူတွေအတွက် အလွယ်တကူ ငွေစုနိုင်မယ့် အိတ်ဆောင်ပြက္ခဒိန်လေး

Instagram (@sugasob_)

အထွေထွေကုန်ကျစရိတ်တွေများလွန်းတဲ့ခေတ်ထဲမှာ ပိုက်ဆံစုဖို့ဟာ စိန်ခေါ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို စိတ်ဆုံးဖြတ်ချက်သာ ချထားရင် မဖြစ်ဘူးဆိုတာ မရှိသလောက်ဖြစ်တဲ့အတွက် ခုကတည်းက ပိုက်ဆံစုဖို့ အစီအစဉ်ကို သေချာချထားရင် နောင်နှစ်ရောက်တဲ့အခါ သေချာပေါက် အကျိုးရှိမှာ ဖြစ်ပါတယ်။

ဒီပြက္ခဒိန်လေးကိုတော့ အိတ်ဆောင်ပြက္ခဒိန်လေးလို့ ခေါ်ပါတယ်။ ဒါပေမယ့် သူက နေရာတကာ သယ်သွားလို့ရတဲ့ ပြက္ခဒိန်သေးသေးလေး မဟုတ်ပါဘူး။ ထူးခြားတာက ပြက္ခဒိန်ထဲက လတစ်လချင်းစီရဲ့ရက်တစ်ရက်စီမှာ အိတ်ကလေးတွေ ထည့်ပေးထားပါတယ်။ အိတ်လေးတွေထဲမှာတော့ သင်ဟာ သင်တတ်နိုင်သလောက် ငွေကြေးလေးတွေထည့် စုနိုင်မှာ ဖြစ်ပါတယ်။

Instagram (@sugasob_)

ပြက္ခဒိန်လေးကိုတော့ နည်းလမ်းနှစ်မျိုးနဲ့ သုံးနိုင်ပါတယ်။ တစ်မျိုးကတော့ တစ်လလုံးစာအတွက် အသုံးစရိတ်ကို ခွဲပြီး ပြက္ခဒိန်အိတ်လေးတွေထဲ ကြိုထည့်ထားတာမျိုးပါ။ ဒီလိုနည်းအားဖြင့် မလိုလားအပ်တဲ့ ၀ယ်ယူသုံးစွဲမှုတွေကို လျော့ချနိုင်မှာပါ။

READ
အရိုးအဆစ်ရောင်ယမ်းတာကိုလျော့ပါးသက်သာစေတဲ့ မုန့်ဖုတ်ဆိုဒါ

နောက်တစ်မျိုးကတော့ ပြက္ခဒိန်အိတ်လေးတွေထဲကို နေ့တိုင်း ပိုက်ဆံထည့်စုတာပါ။ ကိုယ်စုနိုင်မယ့် ပမာဏပေါ်မူတည်ပြီး နေ့တိုင်း မပျက်မကွက် ပိုက်ဆံထည့်စုဖို့အတွက် သုံးနိုင်ပါတယ်။ တကယ်လို့ တစ်နေ့ကို (၃၀၀၀) လောက် ထည့်စုနိုင်တယ်ဆိုရင်တော့ မဆိုးပါဘူး။ တစ်နှစ်ကုန်လို့ ငွေတွေပြန်တွက်ကြည့်ရင် (၁၀) သိန်းစွန်းစွန်းလောက်ရမှာပါ။ ဘယ်လောက်ငွေပမာဏပဲဖြစ်ဖြစ် အဓိကက စုနိုင်မယ့် ငွေကို သေချာသတ်မှတ်ပြီး ဖြစ်ဖြစ်မြောက်မြောက် စုမိဖို့ပါပဲ။

Instagram (@sugasob_)

မကြာခင်မှာ (၂၀၁၉) ခုနှစ်ကုန်ပြီး (၂၀၂၀) ခုနှစ်ကို ကူးပြောင်းတော့မှာပါ။ ဒါကြောင့် ပိုက်ဆံစုဖို့ ရည်ရွယ်ထားသူတွေအဖို့ အပေါ်မှာ ဖော်ပြထားတဲ့ ပြက္ခဒိန်လေးကိုသုံးပြီး ငွေများများစုမိကြစေဖို့ worldofbuzz ကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE