မျက်နှာသုတ်ပုဝါတစ်ခုလုံးကို မျိုချခဲ့မိလို့ ဒုက္ခရောက်ခဲ့ရတဲ့ မြွေမလေး Monty ရဲ့ အဖြစ်

Facebook/SASH

သြစတြေးလျ မိသားစုတစ်စုအတွက်တော့ သူတို့ရဲ့ အိမ်မွေးမြွေလေးဖြစ်တဲ့ Monty ကြောင့် အလွန်ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

ဒါကတော့ Monty ဟာ မျက်နှာသုတ်ပုဝါတစ်ခုလုံး မျိုချခဲ့တာပါ။ Monty ကို မွေးထားတဲ့ မိသားစုဟာ အရမ်းထိတ်လန့်ပြီး ပ၀ါကို ပြန်ထုတ်ဖို့အတွက် Small Animal Specialist Hospital(SASH) ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ “ နေ့တိုင်းတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေ တွေ့နေရပေမယ့် ဒီကိစ္စလိုအလွန်ထူးဆန်းတဲ့အရာတော့ နေ့တိုင်းမတွေ့နိုင်ဘူး”လို SASH ဆေးရုံရဲ့ တာဝန်ရှိသူ တစ်ဦးက Ladbible သတင်းဌာနကို့ ပြောကြားခဲ့ပါတယ်။

Facebook/SASH

Monty လေးက (၁၈) နှစ်ရှိပြီး Jungle Carpet စပါးအုံးမြွေအမျိုးအစားဖြစ်ပြီး (၅) ကီလိုဂရမ်နဲ့ (၃) မီတာရှည်တဲ့မြွေဖြစ်ပါတယ်။ Monty လေးကို ကုသပေးသူကတော့ Dr Olivia Clarke ပါ ။ Monty လေးကို မေ့ဆေးပေးပြီး မျက်နှာသုတ်ပုဝါရဲ့ထိပ်စကို ရှာဖို့အတွက် အရင်ဦးစွာ ဓာတ်မှန်ရိုက်ခဲ့ရပါတယ်။

READ
မူးယစ်ဆေးသယ်ပို့ဖို့ ထူးဆန်းတဲ့နည်းလမ်းကို အသုံးပြုခဲ့ကြသူများ

https://www.facebook.com/sashvets/videos/502163387164246/

ပျော့ပြောင်းတဲ့ မှန်ပြောင်းတစ်ခုကို Monty ရဲ့အစာခြေဖျက်တဲ့ နေရာကိုထည့်ပြီး မျက်နှာသုတ်ပ၀ါရဲ့အောက်ဖျားကို ရှာဖို့ သွင်ခဲ့ရပါတယ်။ Dr Olivia နဲ့ အကူဆရာဝန်တွေဟာ ၀မ်းဆွဲညှပ် အရှည်ကြီးတွေ အသုံးပြုပြီး Monty မျိုချထားတဲ့ မျက်နှာသုတ်ပုဝါစကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့ရပါတယ်။ မျက်နှာသုတ်ပုဝါစကိုကောင်းကောင်း ဆုပ်ကိုင်နိုင်ခဲ့ပြီးချိန်မှာတော့ မျက်နှာသုတ်ပ၀ါစကို မှန်ပြောင်းအကူအညီနဲ့ အန္တာရယ်ကင်းစွာ ဆွဲထုတ်နိုင်ခဲ့ပြီး Monty လေးကတော့ အသက်ဘေးကနေ ကံကောင်းထောက်မစွာနဲ့ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။

Monty လေးကအဲ့နေ့မှာပဲ ဆေးရုံကဆင်းခဲ့ရပြီး သူ့ပိုင်ရှင်တွေကတော့ Monty လေးဟာ အရင်လိုပျော်ရွင် ဗိုက်အမြဲဆာနေတဲ့ မြွေမလေး ပြန်ဖြစ်ပါပြီလို့ ပြောကြားခဲ့ပါတယ်။

TPS

SHARE