မင်းသမီးဖြစ်ရတဲ့ ဒုက္ခတွေကို ရင်ဖွင့်ရင်း ငိုကြွေးခဲ့တဲ့ Moon Geun Young

Moon Geun Young ကတော့ မြန်မာပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးစရာ မလိုတဲ့ မင်း သ မီးလေးပါ။ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဆိုတဲ့ ဇာတ်ကားမှာတည်းက အွန်စော အငယ်လေး အဖြစ်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှု ရခဲ့သူပါ။ My Little Bride (2004)  ဇာတ်ကားက လည်း သူမရဲ့ နာမည်ကြီးဇာတ်ကားတွေထဲကတစ်ခုပါ။အသက်(၁၀)နှစ်မှာ မော်ဒယ် ဘ၀နဲ့ စတင် ၀င်ရောက်လာခဲ့ပြီး (၁၉၉၉)မှာတော့ ပထမဆုံး ပွဲဦးထွက်ခဲ့တာပါ။

 

မင်းသမီးချောလေး Moon Geun Young  ကတော့ မင်းသမီးတစ်ယောက် အဖြစ် ရှင်သန်ရတဲ့ ဘ၀နဲ့ တခြားသူတွေရဲ့ အကဲဖြတ်မှုတွေနဲ့ ရှင်သန်ရတဲ့ ဘ၀က ဘယ်လိုလဲ ဆိုတာကို EB S Knowledge Channel မှာ ရင်ဖွင့်ခဲ့ပါတယ်။(၁၂)နှစ်သမီးလောက်တည်းက မင်းသမီး လုပ် လာခဲ့တာဖြစ်ပြီး အခုအသက်က (၃၀)ဆိုတော့ အနုပညာလောကထဲမှာ ကျင်လည်လာခဲ့တဲ့ နှစ် (၂၀)ရှိပါပြီ။

READ
မန္တလေးမြို့ကျုံးရှေ့မှာ လွတ်လွတ်လပ်လပ်အပန်းဖြေနေတဲ့ မအေးသောင်းရဲ့ ပုံရိပ်လေးများ

အင်တာဗျူးအတွင်းသူမက “ကျွန်မဘ၀ရဲ့ အကြောက်ဆုံးအချိန်က တစ်စုံတစ်ယောက်နဲ့ ဆုံလိုက် တဲ့ အချိန်ပါ။သူတို့ကတော့ ကျွန်မကို သိတယ်လို့တွေးကြတယ်။ပြီးရင် ကျွန်မက သူတို့ ထင်ထား၊ေ တွးထားတာနဲ့ ဘယ်နေရာတွေကတော့ မတူဘူး ဆိုပြီး ပြောကြတယ်။သူတို့ က ကျွန်မကို မသိပါ ဘူး (သူမကို နာမည်ကြီးမင်းသမီးတစ်ယောက်အဖြစ်ပဲ သိကြပြီး သူမ အကြောင်းကို တကယ်မသိ) ဒါပေမယ့် သူတို့က ကျွန်မကို ဆက်ပြီး အကဲဖြတ်အမှတ်ပေးကြတယ်။သူတို့ စိတ်ထဲ က တွေး ထား၊မျှော်လင့်ထားတဲ့ ကျွန်မ နဲ့ယှဉ်ပြီး ဝေဖန်ကြတယ်..”

ဝေဖန်ပြောဆိုမှုတွေကနေ ဘယ်လိုမျိုး ကိုယ့်ကိုယ်ကို ကာကွယ်သလဲ ဆိုတဲ့ အမေးကိုတော့…” တခြားသူတွေရဲ့စကားလုံးတွေကြောင့် နာကျင်မသွားဖို့ ကိုယ့်ကိုယ်ကို ကာကွယ်ပုံကတော့ .. လူေ တွက အမြဲတမ်းဒီလိုပါပဲ လို့ တွေးလိုက်တယ်။သူတို့ဘာလို့ ကျွန်မကို ဒီလောက်မြန်မြန်ကြီး အ ကဲဖြတ် သုံးသပ်နေကြလဲ ကျွန်မ မသိဘူး။သူတို့က အရမ်းအလုပ်များနေတော့ ခပ်မြန်မြန်ပဲ အကဲ ဖြတ်လိုက်ရတာထင်တယ်။သူတို့မှာ တခြားတစ်စုံတစ်ယောက်ကို နားလည်ပေးဖို့ အချိန် မရှိဖူး ထင်တယ်…”

READ
မြန်မြန်မာဆန်ဆန်လေးဝတ်ထားပြီး ကျက်သရေရှိရှိလှနေတဲ့ မိုးမြင့်သဇင်

အင်တာဗျူးသူက သူမအသက် (၂၁)နှစ်တုန်းက အင်တာဗျူးတွေမှာ ကိုယ့်ကိုယ်ကို မုန်းတယ်လို့ ဖြေခဲ့ဖူးတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြန်ပြောပြရင်း ဒီအကြောင်းကို ပြန်မေးတဲ့ အခါမှာတော့ .. “ကျွန်မကိုယ်ကျွန်မ မမုန်းတော့ပါဘူး။”တခြားသူ” က ကျွန်မ ဘ၀မှာ လွှမ်းမိုးမှုတွေ ရှိနေတယ်။ သူတို့ကို မုန်းလိုက်ရင် ဒါက အလွယ်လေးပဲလေ။ဒါပေမယ့် ကျွန်မ မမုန်းပါဘူး။ဒါကြောင့် ကိုယ့်ကို ယ်ကိုပဲ မုန်းလိုက်တယ်။ဒါပေမယ့် အခုတော့ ပြောင်းလိုက်ပြီ။ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ရှိအောင်နေတယ်။ဒီလိုနေလိုက်တော့ ကျွန်မ ပိုပြီး နေလို့ကောင်းသွားတယ်” ဆိုပြီး ပြောခဲ့ပါတယ်။ တခြားသူတွေ သူမကို ဘယ်လိုထင်နေလဲဆိုတာကို လိုက်တွေးမယ့်အစား ကိုယ့်ကိုယ်ကိုပဲ အာရုံ စိုက်ပြီးနေသွားချင်တယ်လို့ ဖြေခဲ့ကြောင်း Koreaboo မှာဖော်ပြထားပါတယ်။

SHARE