မျှော်လင့်ချက် နဲ့ ပျော်ရွှင်ခြင်းတွေကို BTS နဲ့ BLACKPINK ယူဆောင် ပေးနိုင်တယ်လို့ သမ္မတ ပြော

Image:IG/BTS/BLACKPINK & Moon Jae In

တောင်ကိုရီးယားက တော့ သူတို့ယဉ်ကျေးမှုတွေကို အနုပညာက တစ်ဆင့် တခြားနိုင်ငံတွေ ဆီ ပျံ့ နှံ့ အောင် ထိုးဖောက်နိုင်တဲ့ နိုင်ငံ တစ်နိုင်ပါ။အစား အသောက်၊ခရီးသွားကဏ္ဍ ..အစရှိတာတွေ တိုးတက် ဖွံ့ ဖြိုးလာရခြင်းရဲ့ နောက်ကွယ်က အဓိက အကြောင်းအရင်းကတော့  သူတို့ရဲ့ အနုပညာ တွေ ကြောင့် လို့ ပြောလို့ရပါတယ်။တောင်ကိုရီးယား သမ္မတ Moon Jae In က တော့ ၂၀၂၁ နှစ်သစ် မိန့်ခွန်းမှာ အနုပညာရှင်တွေ ကို ချီးကျူး စကား ဆိုခဲ့ပါတယ်။ BTS ၊ BLACKPINK အပါအ၀င် တခြားသော Idol အဖွဲ့ တွေရဲ့ ကမ္ဘာ နိုင်ငံ တွေ က ပြည်သူတွေ အပေါ် လွှမ်းမိုးနိုင်မှု ကိုလည်း  ထုတ်ပြော ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Koreaboo မှာ ဖော်ပြထားပါ။

 

View this post on Instagram

 

A post shared by 문재인 (@moonjaein)

အိမ်ပြာတော် က နေ သမ္မတ Moon Jae In  ပြောတဲ့ နှစ်သစ်မိန့်ခွန်းကို live ပြသခဲ့ပါတယ်။”ကိုရီးယား အကြောင်းအရာ တွေ. BTS, BLACKPINK နဲ့ ‘Parasite’ တို့ က လူတွေကို ဆွဲဆောင်နိုင် ကြောင်း၊ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ အတွက် ပျော်ရွှင်ခြင်းနဲ့ မျှော်လင့် ချက် တွေ ကို ပေးစွမ်း နေတယ် လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by BLΛƆKPIИK (@blackpinkofficial)

 

View this post on Instagram

 

A post shared by BTS official (@bts.bighitofficial)

အစိုးရ အနေနဲ့ လည်း cultural powerhouse  တစ်ခု အနေနဲ့ သူတို့ရဲ့ ရပ်တည်ချက်တွေကို ခိုင်မာ အောင် ပံ့ပိုး ပေးသွားမှာ ဖြစ် ကြောင်း၊ Artist တွေကို ပံ့ပိုး ပြီး သူတို့ရဲ့ စိတ်ကူးစိတ်သန်း နဲ့ Korean Wave digitalization( ဒစ်ဂျစ်တယ် နည်းပညာ ကို )မြှင့်တင်ပေးသွားမယ်၊ဒါမှသာ Artist တွေ အနေနဲ့ သူတို့ရဲ့ အရည်အချင်းနဲ့ ဖန်တီးမှုတွေကို အပြည့် အ၀ ပုံဖော်ပြသနိုင်မယ်လို့ လည်း ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by BTS official (@bts.bighitofficial)

သမ္မတ Moon Jae In  က တော့ အနုပညာလောကတင်မဟုတ်ပဲ အားကစားလောက အတွက် လည်း အစိုးရ အနေနဲ့ ပံ့ပိုးပေးသွား မယ်လို့ ပြောခဲ့ပါတယ်။အားကစားလောကက ကစားသမားတွေနဲ့ ခေါင်းဆောင်တွေ ကလည်း ထူးချွန် တဲ့ အရည်အချင်းရှိ သူတွေ ဖြစ်ကြောင်း၊သူတို့ ကို လည်း မြှင့် တင်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ K-Pop နဲ့ K-Entertainment တွေ က ၂၀၂၁ မှာလည်း နောက်ထပ် ဘယ်လို အောင်မြင်မှု၊ ဘယ်လို လွှမ်းမိုးမှု အသစ် တွေ နဲ့ ထပ် တွေ့ရအုံးမလဲ ဆိုတာက တော့ စောင့်ကြည့်ရမှာပါ။

 

View this post on Instagram

 

A post shared by BLΛƆKPIИK (@blackpinkofficial)

#SHWEMOM

SHARE