လူတစ်ယောက်အလား ရင်သွေးလေးကိုစိတ်ရှည်ရှည်နဲ့သတ္တိမွေးပေးနေတဲ့မေမေကြီး

Steve Muise/Facebook, pixabay

သတ္တဝါတွေထဲ လူသားတွေဟာ အသိဥာဏ်ရှိတယ်လို့ ဟစ်ကြွေးနေပေမယ့် သားသမီးနဲ့မိဘတွေကြားက ချစ်ခြင်းမေတ္တာတရားမှာတော့ တခြားသတ္တဝါတွေဟာ တန်းတူမဟုတ်တောင် မလျော့လောက်ဘူးလို့ထင်ပါတယ်။ အရွယ်မရောက်သေးတဲ့ သားပေါက်လေးတွေရှိတဲ့ ကျားတို့၊ ခြင်္သေ့တို့ရဲ့ သဘာဝမှာတောင်မှ ကိုယ်မွေးထားတဲ့ ကလေးတွေကို စောင့်ရှောက်ပေးပြီး အရာရာသင်ကြားပေးတတ်တာ သဘာဝမဟုတ်ပါလား။

ဒီလိုမျိုး မိဘမေတ္တာနဲ့ ပတ်သက်ပြီး Facebook ပေါ်မှာ ကြည့်မိသူတဲ့ရင်ထဲ နေခြည်နွေးလေး ဖြန့်ကျက်သွားသလို ခံစားသွားရစေမယ့် ဗီဒီယိုတစ်ခုကို Steve Muise ဆိုတဲ့ account မှ တင်ထားတာကို ရှာတွေ့ခဲ့ပါတယ်။

ကနေဒါနိုင်ငံရဲ့ အယ်လ်ဘာတာမှာ ဒရယ်ချိုပြားမျိုးသားအမိနှစ်ယောက်ရဲ့ ကြည်နူးဖွယ်အခိုက်အတန့်လေးတွေကို Steve တစ်ယောက်မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ အယ်လ်ဘာတာအဝေးပြေးလမ်းမကြီးဟာ သစ်တောတွေနဲ့ သိပ်ကိုနီးကပ်တာကြောင့် ခဏတိုင်းလိုလို လမ်းမပေါ်တက်လာကြတဲ့ သမင်တွေ၊ ဒရယ်တွေ အများကြီးရှိလို့နေခဲ့တာပါ။ တစ်ဖက်ကနေတစ်ဖက်ကို လမ်းဖြတ်ကူးတဲ့အကောင်လေးတွေကို မြင်တွေ့နေကျဖြစ်တာကြောင့် သိပ်မဆန်းကျယ်လှပေမယ့်လည်း အခုတစ်ခေါက်ကတော့ Steve အတွက် တစ်သက်စာအမှတ်ရနေစေမယ့် အခိုက်အတန့်လေးတစ်ခုလို့ တင်စားထားရလောက်အောင် ထူးထူးခြားခြားမြင်ကွင်းလေးဖြစ်ခဲ့တာပါ။

READ
ဖြူစင်တဲ့အပြုံးလေးကြောင့် မထင်မှတ်ပဲ ကောင်းမှုတစ်ခုပြုလုပ်ဖြစ်ခဲ့တဲ့ ကလေးမလေး
pixabay
pixabay

သားပေါက်လေးဟာ ရက်ပိုင်းလောက်ပဲရှိမယ်လို့ ခန့်မှန်းထားရပြီး လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်သေးတာကို ဗီဒီယိုထဲတွေ့ရမှာပါ။ ဒါကြောင့်လည်း မိခင်ကြီးလမ်းကူးသွားတာတောင်မှပဲ သူ့ခင်ဗျာတစ်ယောက်လည်း ကျန်နေခဲ့တာပါ။ ရုတ်တရက်ဆိုသလို မိခင်ကြီးက သားပေါက်လေးအတွက် နောက်တစ်ခါပြန်လှည့်လာခဲ့ပြီး ခြေလှမ်းစလှမ်းတဲ့အထိ စောင့်နေကာ ရှေ့မှဖြေးဖြေးချင်း ဦးဆောင်သွားနေခဲ့တာပါ။

One of the most amazing things I’ve seen. Only a few hours old.(For licensing or usage, contact [email protected])

Posted by Steve Muise on Thursday, May 23, 2019

ကားလမ်းမပေါ်ကို သူတိုယ်တိုင်အရင်တက်ပြီး ဘယ်ညာပြန်ကြည့်ရင်း လမ်းရှင်းမရှင်းကလည်း ပြန်ကြည့်လိုက်ပါသေးတယ်။ ခြေလှမ်းတစ်ခုချင်းဆီကို ဖြေးဖြေးချင်းလျှောက်နေရတဲ့ သားပေါက်လေးကို စိတ်ရှည်လက်ရှည်နဲ့ တွဲခေါ်လမ်းပြရင်း သတ္တိမွေးပေးနေတာဟာ သိပ်ကိုအံ့သြားသင့်ပြီး ချစ်ဖို့အလွန်ကောင်းတဲ့ အခိုက်အတန့်လေးတစ်ခုပါပဲ။

READ
အမေရိကားတစ်ခွင်လုံးဖြတ်ပြေးအပြီးပန်းအ၀င်မှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား

Ref : Facebook , DoDo.com

SHARE