မွေးကတည်းက dreadlocks ပုံစံ အမွှေးတွေနဲ့ ကိုမွန်ဒေါ်ခွေးလေး ဟန်ဂါ

instagram/komondorhanga

လစ်သူအေးနီးယားနိုင်ငံသူ ဂင်တာရီဘာတိုစကီနေးဟာ သူမဘ၀တစ်လျှောက်လုံးမှာ ကိုမွန်ဒေါ်ခွေးတစ်ကောင်ကို မွေးချင်ခဲ့တာ ဖြစ်ပါတယ်။ ဂင်တာရီငယ်ငယ်တုန်းက ခွေးလေးတွေပါတဲ့ ပို့စ်ကတ်တစ်ခုကို လက်ဆောင်ရရာမှာ သူမက အခုချိန်ထိ သိမ်းထားပါသေးတယ်။ ဂင်တာရီဟာ အရွယ်ရောက်လာတဲ့အခါမှာတော့ သူမရဲ့ ခွေးချစ်တတ်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူမဟာ ကြမ်းတိုက်ဖတ်ပုံစံအမွှေးတွေနဲ့ ခွေးမလေး ဟန်ဂါရဲ့ပိုင်ရှင်ဖြစ်နေပါပြီ။

ဟန်ဂါကို အရင်ဆုံး လူတွေသတိထားမိတဲ့နေရာဟာ သူ့ရဲ့ သားမွှေးပဲ ဖြစ်ပါတယ်။ ခွေးမျိုးစိတ်ပေါင်းများစွာရှိတဲ့အထဲမှာ လက်တစ်ဆုပ်စာလောက်ရှိတဲ့ ခွေးတွေပဲ သဘာဝအတိုင်း အမွှေးတွေက dreadlocks ကျစ်ထားတဲ့ပုံစံအတိုင်း မွေးလာကြတာပါ။ ဒီလက်တစ်ဆုပ်စာလောက်ရှိတဲ့ ခွေးတွေထဲမှာ ကိုမွန်ဒေါ်ခွေးမျိုးစိတ်တွေဟာ အပါအ၀င်ပဲ ဖြစ်ပါတယ်။

instagram/komondorhanga

ကိုမွန်ဒေါ်တွေရဲ့ အမွှေးတွေဟာ ရှည်လျားပြီး ထူထပ်သိပ်သည်းတဲ့အတွက် အများကြီး ဂရုစိုက်ဖို့လိုပါတယ်။ ဒါပေမယ့် ကိုမွန်ဒေါ် ဟန်ဂါကတော့ ကံကောင်းလှပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဂင်တာရီက အိမ်မွေးတိရစ္ဆာန်လေးတွေကို အမွှေးညှပ် ဆံသပေးတဲ့ ဆရာမဖြစ်တဲ့အတွက် ဟန်ဂါအတွက်တော့ အဆင်ပြေစေတာ ဖြစ်ပါတယ်။

READ
ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးခဲ့ပေမယ့် ဘ၀ကိုအရှုံးမပေးခဲ့တဲ့အကဆရာမလေး

အခုဆိုရင်တော့ ဟန်ဂါဟာ အွန်လိုင်းပေါ်မှာ ပေါ်ပြူလာဖြစ်နေပါတယ်။ အကြောင်းကတော့ သူရေကူးနေတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်ရောက်ပြီးတဲ့နောက်  ဗီဒီယိုကို ကြည့်ရှုသူ တော်တော်များလာပါတယ်။ ဂင်တာရီတောင်မှ ဟန်ဂါကြောင့် ငွေတွေဝင်လာပါသေးတယ်။ ဟန်ဂါက အွန်လိုင်းပေါ်ပါပြီးတဲ့နောက် ဂင်တာရီနဲ့ အပြင်တွေဘာတွေ ထွက်တဲ့အခါဆိုရင် ဟန်ဂါနဲ့ ဓာတ်ပုံတွဲရိုက်လို့ရမလားဆိုတဲ့ မေးသူတွေတောင် ရှိနေပါပြီ။

ကိုမွန်ဒေါ်ခွေးတွေကိုတော့ များသောအားဖြင့် ကြက်ခြံ၊ ၀က်ခြံတွေကို စောင့်ရှောက်ဖို့ အသုံးပြုကြပါတယ်။ ကိုမွန်ဒေါ်တွေရဲ့ စရိုက်ဟာ တည်ငြိမ်အေးချမ်းတဲ့အပြင် စုစည်းတတ်ပါတယ်။ အန္တရာယ်တစ်စုံတစ်ခုကျရောက်တဲ့အခါ သူတို့စောင့်ရှောက်ရတဲ့ ကြက်ဝက်တွေအတွက် အသက်ပေးပြီး ကာကွယ်တတ်ကြပါတယ်။ ကိုမွန်ဒေါ်တွေကို မွေးမယ်ဆိုရင်တော့ သူတို့ကို သင်ကြားပေးလို့ အကောင်းဆုံးအရွယ်ဖြစ်တဲ့ (၄-၈) လသားအရွယ်လေးတွေကနေ မွေးမြူသင့်ကြောင်းလည်း boredpanda အရ သိရပါတယ်။

View this post on Instagram

Almost at home- delicious bones 🦴

A post shared by Komondor HANGA Kaunas (@komondorhanga) on

လင်းလင်း (ShweMom)

SHARE