အင်တာနက်မှာနာမည်ကြီးနေတဲ့ လန်ဒန်ရဲတွေနဲ့ဓားပြတွေရဲ့ဗီဒီယို

ဗြိတိန်ရဲ့နာမည်ကျော် အစီအစဉ်တင်ဆက်သူလည်းဖြစ်၊ မင်းသမီးတစ်ယောက်လည်းဖြစ်တဲ့ အေမန်ဒါ ဟိုးလ်ဒန်ရဲ့ အိမ်နီးချင်းတစ်ယောက်ကို ဓားပြတိုက်ခဲ့တဲ့ အဖွဲ့ကို ရဲတွေလိုက်ဖမ်းခဲ့တဲ့ ဗီဒီယိုက ဒီရက်ပိုင်း၊အင်တာနက်ပေါ်မှာ လူစိတ်ဝင်စားမှုအခံရဆုံးပါ။

ဒီဖြစ်ရပ်က ကြာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် ဇွန်လမှာဖြစ်ပျက်ခဲ့တာပါ။ ဒါပေမယ့် မနေ့ကပဲ တရားရုံးက ဓားပြအဖွဲ့ကို အပြီးသတ်ပြစ်ဒဏ်ချမှတ်လိုက်ပြီး အများဆုံး ထောင်ဒဏ်(၁၃)နှစ်အထိ ချမှတ်ခံခဲ့ရတဲ့ ဓားပြအဖွဲ့ရဲ့ ဗီဒီယိုဖိုင်က ဆိုရှယ်မီဒီယာတွေပေါ်ကို ပြန်ရောက်လာခဲ့တာပါ။

ဓားပြအဖွဲ့က (၁၂)ဦးပါဝင်တဲ့အဖွဲ့ကြီးဖြစ်ပြီး သူတို့ရဲ့အဓိက ပစ်မှတ်က လှေပြိုင်ပွဲတစ်ခုအတွက် တပ်ဆင်ထားတဲ့ဒေါ်လာ သိန်းကျော်တန်တဲ့ကင်မရာတွေကို ခိုးယူဖို့ ကြိုးစားခဲ့ကြတာပါ။

(၂၀၁၈)ခုနှစ်၊ ဇွန်လမှာဖြစ်ပွားခဲ့တဲ့ လမ်းပေါ်က ဓားပြမှုကတစ်ဆင့် ဓားပြတစ်ဖွဲ့လုံးကို ခြေရာခံမိသွားခဲ့တာဖြစ်ပြီး အေမန်ဒါရဲ့အိမ်နီးချင်းဖြစ်တဲ့ ရူလီတစ်ယောက် သူ့ရဲ့သားငယ်နဲ့အတူ အိမ်ပြန်လာချိန် ၊ လမ်းပေါ်မှာ ဓားပြအတိုက်ခံခဲ့ရတာပါ။

READ
အတိတ်မှာဒဏ်ရာတွေရပြီးနာကျင်ခဲ့ဖူးတဲ့ မိန်းကလေးကို လက်မလွှတ်သင့်တဲ့အကြောင်းအရင်း

အဲဒီအချိန်တုန်းကတော့ ဓားပြက (၄)ဦးပဲဖြစ်ပြီး ရူလီရဲ့လက်စွပ်ကိုမပေးရင် ကလေးကို နာကျင်အောင်လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ အဲဒီနောက် လက်စွပ်ရသွားခဲ့ပြီး ဆိုင်ကယ်နဲ့ထွက်ပြေးကြချိန်မှာတော့ လန်ဒန်ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာပါ။

ဓားပြတစ်ဦးက လုံးဝကို လွတ်သွားခဲ့ပြီး ကျန်တဲ့ဓားပြ(၃)ဦးကတော့ ဆိုင်ကယ်တစ်စီးနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ဟယ်လီကော်ပတာပေါ်ကနေ ရိုက်ကူးထားတဲ့ ကင်မရာမြင်ကွင်းတွေအရ ဓားပြတွေဟာ ရုပ်ရှင်တွေထဲကအတိုင်း ဆိုင်ကယ်ကို လမ်းပြောင်းပြန်စီးကာ ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး ရဲတွေက အသည်းအသန် ဖမ်းဆီးခဲ့ရတာပါ။

Dailymail

နောက်ဆုံးမှာတော့ ဆိုင်ကယ်ပေါ်က ဓားပြ (၃)ဦးစလုံးကို ရဲတွေ ဖမ်းမိသွားခဲ့ပြီး အဲဒီကမှ တစ်ဆင့် သူတို့ရဲ့အဖွဲ့တစ်ခုလုံးကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူတို့တွေအကုန်လုံးအတွက် အပြီးသတ် ထောင်ဒဏ်ကို တရားရုံးက ဆုံးဖြတ်လိုက်ပြီး ဓားပြအဖွဲ့ဟာ သူတို့ရဲ့ ပြစ်မှုအနေအထားအရ လက်တွေ့ကျူးလွန်တဲ့အဖွဲ့ဝင်တွေက အများဆုံးထောင်ဒဏ် (၁၃)နှစ်အထိ ချမှတ်ခံခဲ့ရပြီး အားပေးကူညီတဲ့အဖွဲ့ဝင်တွေကတော့ ထောင်ဒဏ်(၂)နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။

Linn

READ
ကလေးနဲ့ဆိုလည်း ဘက်မရွေးဘဲ ရန်ဖြစ်လေ့ရှိတဲ့ သမ္မတကြီးလို့ နာမည်ကြီးနေတဲ့ထရမ့်

Source : Dailymail

SHARE