အိန္ဒိယက ရေဘေးသင့် မျောက်အကောင် (၅၀)ကျော်ကို ကယ်ဆယ်  

Image:twitter/Nolan Pinto

မုတ်သုံရာသီဖြစ်တာကြောင့်နိုင်ငံ တစ်ချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ၊ရေကြီး၊မြေပြိုမှုတွေ နဲ့ ကြုံ တွေ့ ရပါတယ်။အိန္ဒိယ မှာ လည်း လက်ရှိကာလ က မုတ်သုံကာလ ဖြစ်တာ ကြောင့် အဲ့ဒီလိုအ ခြေအ နေမျိုးတွေနဲ့ ကြုံ နေရပါတယ်။ရေဘေး ကြောင့် ဒုက္ခ ရောက် နေတဲ့ မျောက် တွေကို ဘေးလွတ်ရာ ကယ်ဆယ် ပေးတဲ့ သတင်းကိုတော့ indiatoday မှာ ဖော်ပြထားတာပါ။

Image:twitter/Nolan Pinto

အိန္ဒိယနိုင်ငံ Karnataka ပြည်နယ်မှာရှိတဲ့ ခရိုင် (၁၂)ခု မှာ မိုးသည်း ထန် စွာ ရွာသွန်းမှု၊ရေကြီးမှုတွေ နဲ့ ကြုံ နေရ ပါတယ်။ရေဘေး ကြောင့်လူတွေ ရော တိရစ္ဆာန် တွေ ပါ ဒုက္ခ ရောက် နေရတဲ့ အ နေ အထားပါ။ Rajanahalli  နားမှာတော့ မြစ် ရေ မြင့်တက်မှု ကြောင့် သစ်ပင်ေ တွမှာ မျောက်  အ ကောင် (၅၀) ကျော် ပိတ် မိ နေခဲ့ပါတယ်။ဒုက္ခ ရောက် နေတဲ့ မျောက် တွေ ကိုတော့ ပြည်နယ် သစ်တော ဦးစီး ဌာန က နေ ကယ်ဆယ် ပေးခဲ့တာပါ။

READ
ရုံးခန်းထဲအထိဝင်ပြီး ချစ်သူဟောင်းကို သေနတ်နဲ့ပစ်သတ်တဲ့ အမျိုးသား
Image:twitter/Nolan Pinto

သြဂုတ် (၆)ရက်နေ့မှာတော့  သစ်တော ဌာန မှ တာဝန်ရှိသူတွေ က မျောက် တွေ ကို လှေ တွေနဲ့ ကယ်ဖို့ ကြိုးစားခဲ့ ပေမယ့်  အဆင်မ ပြေခဲ့ပါဘူး။နောက်ဆုံးမှာတော့ ကြိုးလှေကား ထိုး ပေးပြီး  ကယ်ဆယ် ခဲ့ရတာပါ။သြဂုတ် (၉)ရက်နေ့မှာပဲ ကယ်ဆယ် ရေးတွေ လုပ် ခဲ့ ပြီး တစ်နေ့ တည်းမှာပဲ ကယ်ဆယ်ရေးတွေ အကုန်ပြီးစီးခဲ့ပါတယ်။
ရေ မျက်နှာပြင် ပမာဏ မြင့်တက်လာတဲ့ အတွက်  မျောက်တွေ အတွက် စိတ်ပူ လာခဲ့ကြောင်း ဒါ ကြောင့် လှေကားကို သုံးပြီး ကယ်ဆယ် ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ Karnataka  မှာတော့ ဒီလ အစောပိုင်း တည်းက မိုးသည်းထန်စွာရွာ သွန်းမှုတွေ ဖြစ်ပေါ်ပြီး ဆုံးရှုံးမှု အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။

#SHWEMOM

SHARE