ပျားတွေအတွက် မြေဧက ရာနဲ့ချီရှိတဲ့ခြံကြီးကို ဘေးမဲ့ပြုလုပ်ပေးခဲ့တဲ့ Morgan Freeman

ဟောလိဝုဒ်လောကထဲ ရပ်တည်နေခဲ့တာ သက်တမ်းတော်တော်ကြာနပြီဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီး Morgan Freeman ဟာ သူ့ရဲ့ ၁၂၄ ဧကလောက်ကျယ်တဲ့ မစ္စစ္စပီကခြံကြီးကို ပျားတွအတွက် ဘေးမဲ့နေရာအဖြစ် ပေးလိုက်တယ်လို့ Forbes မဂ္ဂဇင်းအရ သိခဲ့ရပါတယ်။

Forbes အရ အသက် ၈၁ နှစ်ရှိနေပြီဖြစ်တဲ့ Morgan Freeman ဟာ Arkansas ဒေသကနေ သဘာဝပျားအုံပေါင်း ၂၆ ခုတို့ကို မှာယူကာ မစ္စစ္စပီခြံထဲမှာ ထားခဲ့တယ်လို့ဆိုပါတယ်။ ပျားတွေအတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ပျားအုံစွဲဖို့အကောင်းဆုံးဖြစ်တဲ့ သစ်ပင်တွေနဲ့ လာဗင်ဒါပန်းပင်တွေကိုလည်း ကြိုတင်စိုက်ပျိုးထားခဲ့တာ ကြာပါပြီ။

REX

Morgan Freeman ဟာ ဒီလိုပျားမွေးမြူရေးကို အခုအချိန်မှ ကောက်ခါငင်ကာထလုပ်ခဲ့တာမဟုတ်ဘဲ ၂၀၁၄ ခုနှစ်ကတည်းက ပျားများထိန်းသိမ်းမွေးမြူသူဖြစ် လုပ်ကိုင်လာခဲ့တာ ၅ နှစ်လောက်ရှိနေခဲ့ပါပြီ။

ကျွန်တော်တို့သိထားကြတဲ့အတိုင်း ပျား၊ ပုတုံး၊ လိပ်ပြာအစရှိတဲ့ ဝတ်မှုန်ကူးယူနိုင်စွမ်းရှိတဲ့ အင်းဆက်လေးတွေဟာ ပတ်ဝန်းကျင်သဘာဝကြီးကို စိုစိုပြေပြေလှလှပပဖြစ်အောင် ထိန်းသိမ်းပေးရာမှာ အရေးအပါဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့ကြောင့်သာလျှင် သဘာဝကြီးဟာ ပန်းပင်လေးတွေနဲ့ လှလှပပ ကဗျာဆန်စွာ တည်ရှိနေကြတာပါ။ သို့ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ လူဦးရေသာ တိုးကာပွားလာခဲ့ကြပြီး ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို အကျိုးပြုနေတဲ့ တိရိစ္ဆာန်လေးတွေခင်ဗျာတော့ လူသားတွေရဲ့ နည်းအမျိုးမျိုး နှောက်ယှက်ဖျက်ဆီးမှုတွေကြောင့် တစ်နေ့ထက်တစ်နေ့ အကောင်ရေတွေ လျော့ျေလျာ့လာ ကုန်ကြပါတယ်။

READ
ခရီးသည်က အမှိုက်ပစ်တယ်ဆိုရင်ပင် ဒရိုင်ဘာကို ပေါင်(၁၅၀)အထိ ဒဏ်တပ်မယ့်ဗြိတိန်
REX

ကိုယ်တိုင်လည်း ပျားမွေးမြူရေးအလုပ်ကို စီးပွားဖြစ်လုပ်ကိုင်နေတာမဟုတ်တဲ့ Morgan Freeman ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး နာမည်အကြီးဆုံး talk show တစ်ခုမှာ မျိုးမသုဉ်းအောင် ထိန်းသိမ်းပေးဖို့လိုနေတဲ့အတွက် ဒီအလုပ်ကိုလုပ်နေတာဆိုပြီး ပြောသွားခဲ့ပါသေးတယ်။

Google Map

အစာကျွေးဖို့ကိုပဲအဓိကထားပြီး ခြံထဲမှာ သူအပြင် ပျားတွကိုပုံမှန်ထိန်းသိမ်းအစာကျွေးနေတဲ့ ဥယျာဉ်မှူးတစ်ယောက်လည်းရှိပါသေးတယ်။ ပျားမွေးမြူလေးလုပ်ငန်းကို လုပ်နေတာ ၅ နှစ်လောက်ရှိနေပြီဆိုပေမယ့် အခုအချိန်အထိ တစ်ခါမှ ပျားအတုပ်မခံဖူးသေးပါဘူးတဲ့။ “ဟိုလူကြီးဆီမှာ သကြားနဲ့ရေတွေကိုင်ထားတာတွေ့တယ်၊ မတုတ်ကြနဲ့နော်” ဆိုပြီး ပျားတွေကသူတို့အချင်းချင်းပြောချင်ပြောနေမှာဆိုပြီး Morgan Freeman က ပြောခဲ့ပါသေးတယ်။ ပျားတွေလည်း သူတို့ကိုအစာကျွေးတဲ့လူကို အန္တရာယ်မပေးရဘူးဆိုတာ နားလည်လောက်မယ်လို့ ယုံကြည်နေပါတယ်။

Source: Daily Mail, Forbes

Penny

SHARE