၂၉-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

အာဆင်နယ် ။   ။ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဖရန့်ဖတ်အသင်းကို (၁-၂)နဲ့ ရှုံးခဲ့ပြီးတဲ့နောက် နည်းပြ အမ်မရီ ရဲ့ အနေအထားက ပိုပြီး မရေမရာ ဖြစ်လာခဲ့ပါပြီ။ (၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားကို အာဆင်နယ်အသင်းပရိသတ်တွေကလည်း စိတ်မရှည်ပဲ ဖြစ်နေကြပြီး ကွင်းအတွင်းမှာ အမ်မရီ ကို ထုတ်ပယ်ပေးဖို့ဆိုတဲ့ စာသားတွေကို ကိုင်မြှောက်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ ပထမပိုင်းပြီးခါနီးမှာ အူဘာမီယန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲချိန် ဒုတိယပိုင်းမှာ ကာမာဒါ ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ပွဲအပြီးမှာ (၁-၂)နဲ့ အရေးနိမ့်သွားခဲ့ရတာပါ။

ဝီလီယံ ။         ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ၀ီလီယံ က ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း အခြားအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ကိစ္စတွေကို စဉ်းစားမှာမဟုတ်သေးဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ခွင့်တွေရနေတဲ့ ၀ီလီယံ ဟာ ဒီရာသီ ကုန်ဆုံးချိန်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းမှာ ဆက်ပြီး ရှိနေမယ်လို့ နည်းပြ လမ်းပတ် က မျှော်လင့်နေတာပါ။

 

ကန်တီ ။         ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းဟာ လာမယ့် ဘောလုံးရာသီမှာ ချယ်လ်ဆီးကွင်းလယ်လူ ကန်တီ ကို အရခေါ်ဖို့ ရည်ရွယ်ထားတယ်လို့ Don Balon က ဖော်ပြပါတယ်။ ရီးယဲလ်ဟာ ကန်တီအတွက် ယူရိုသန်း(၁၀၀) လောက် အသုံးပြုဖို့ ရှိနေပြီး ချယ်လ်ဆီးအသင်းအနေနဲ့ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူကိုရောင်းချသွားဖို့ ဆန္ဒမရှိပါဘူး။

လီဗာပူးလ် ။     ။ ဖီအိုရင်တီးနားအသင်းရဲ့ တောင်ပံကစားသမား ဖရက်ဒရီကို ချီယေဆာ ဟာ လီဗာပူးလ်အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမား ဖြစ်လာခဲ့ပြီလို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ အသက် (၂၂)နှစ်အရွယ် တောင်ပံကစားသမားကို ကင်းထောက်စေလွှတ်ပြီးတော့တောင် စောင့်ကြည့်နေတာဖြစ်ပြီး အသင်းရဲ့ အားနည်းနေတဲ့ တောင်ပံတိုက်စစ်တွေကို အားဖြည့်သွားဖို့ စီစဉ်နေတာပါ။

ဘိုရီနီ ။ ။ အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ဘိုရီနီ ဟာ ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းကို ပြောင်းရွှေ့လာဖို့ စီစဉ်နေပါပြီ။ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ ပဲလေ့စ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးနေပြီဖြစ်ပြီး ပရီးမီးယားလိဂ်ဆီ ပြန်လည်ခြေချလာမှာပါ။ လက်ရှိမှာ အသက် (၂၈)နှစ်သာ ရှိသေးတဲ့ တိုက်စစ်မှူးဟာ လီဗာပူးလ်၊ ဆန်းဒါးလန်းအသင်းတို့မှာ ကစားခဲ့ဖူးပြီး ဇန်န၀ါရီအပြောင်းအရွှေ့မှာတော့ အင်္ဂလန်မြေဆီ ပြန်လည်ရောက်ရှိလာမှာပါ။

READ
၂၇-၁၂-၂၀၁၈ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ

Linn

 

SHARE