၁၅-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(AP Photo/Eraldo Peres)

မက်ဆီ ။         ။ အာဂျင်တီးနားအသင်းရဲ့နည်းပြ စကာလိုနီက အသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ အနိုင်ရဖို့အတွက် မွေးဖွားလာသူဖြစ်ပြီး အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလားရယူပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ချီးကျူးလိုက်ပါတယ်။ စကာလိုနီက ကိုလံဘီယာအသင်းနဲ့ ကစားရမယ့် အဖွင့်ပွဲစဉ်မှာ မက်ဆီကို အဂွီရို၊ ဒီမာရီယာ တို့နဲ့ တွဲဖက်ကစားစေမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပြီး လူငယ်ကစားသမားတွေကို နေရာပေးသွားလိမ့်ဦးမယ်လို့လည်း ၀န်ခံသွားခဲ့ပါတယ်။

ဒီယာဘီ ။        ။ လေဗာကူဆင်အသင်းဟာ PSG အသင်းကွင်းလယ်လူ ဒီယာဘီ ကို ယူရို(၁၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက PSG အတွက် (၃၄)ပွဲအထိ ပွဲထွက်ခွင့်ရခဲ့တဲ့ ((၁၉)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ နည်းပြတူချယ်ရဲ့လက်အောက်မှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့တာပါ။ လေဗာကူဆင်အသင်းဟာ ဟော့ဖန်ဟိမ်းအသင်းကွင်းလယ်လူ ဒီမာဘေးကိုလည်း ခေါ်ယူထားခဲ့ပြီး ဒီယာဘီက ဒီအပြောင်းအရွှေ့ရဲ့ ဒုတိယမြောက်ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

ဆွာရက်ဇ် ။      ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်က လီဗာပူးလ်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပွဲစဉ်အပြီးမှာ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားချင်တဲ့ စိတ်ခံစားမှုမျိုး ဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဆွာရက်ဇ်ဟာ ပထမအကျော့၊ ဘာစီလိုနာအသင်း အနိုင်ရခဲ့စဉ်က လီဗာပူးလ်ပရိသတ်တွေကို ရန်စခဲ့သူဖြစ်ပြီး ဒုတိယအကျော့မှာ ရှုံးပွဲကြုံပြီးတဲ့နောက် ပရိသတ်တွေရဲ့ ပြန်လည်လှောင်ပြောင်ခြင်းကိုခံခဲ့ရတာပါ။ ဆွာရက်ဇ်က ဒီရှုံးပွဲဟာ သူ့ရဲ့ ကစားသမားဘ၀မှာ အဆိုးဆုံးရှုံးပွဲ တစ်ခုပဲလို့လည်း ပြောဆိုခဲ့ပါသေးတယ်။

READ
(၁၉-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Matilde Campodonico)

ဖီအိုရင်တီးနား ။ ။ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဟာ အသင်းပိုင်ရှင်အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပေမယ့် နည်းပြ မွန်တဲလားဟာ ရာထူးကနေ ထွက်ခွာသွားမှာမဟုတ်ဘူးလို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ (၂၀၁၂)ကနေ (၂၀၁၅)ခုနှစ်အထိ ဖီအိုရင်တီးနားအသင်းကို တာဝန်ယူခဲ့တဲ့ မွန်တဲလားဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဖီအိုရင်တီးနား နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခံခဲ့ရပြီး အသင်းပိုင်ရှင်အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့အချိန်မှာ ရာထူးကနေ နုတ်ထွက်ရမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

 

ဝီလီယံ ။         ။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ဘရာဇီးကွင်းလယ်လူ ၀ီလီယံကို (၂)နှစ်စာချုပ် ချုပ်ဆိုပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းလိုက်ပါတယ်။ ၀ီလီယံကို ဘာစီလိုနာအသင်းက ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် ချယ်လ်ဆီး တာဝန်ရှိသူတွေက ၀ီလီယံကိုရောင်းချဖို့ ဆန္ဒမရှိခဲ့ပဲ စာချုပ်သက်တမ်းတိုးဖို့သာ ကြိုးစားလာခဲ့တာပါ။ ၀ီလီယံနဲ့ချယ်လ်ဆီးတို့ရဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်ပဲ ကျန်တော့တာမို့ ဒီရာသီမှာသာ စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ရင် လာမယ့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ရှိနေပါတယ်။

READ
(၃-၅-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းရဲ့နည်းပြ ရာထူးအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ လမ်းပတ်ဟာ ချယ်လ်ဆီးနည်းပြရာထူးမှာသာ ခန့်အပ်ခံခဲ့ရရင် သူ့ရဲ့လက်ထောက်နည်းပြအဖြစ် အသင်းဖော်ဟောင်း ဒရော့ဂ်ဘာ ကို ခန့်အပ်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် အခြား ချယ်လ်ဆီးကစားသမားဟောင်းတွေဖြစ်ကြတဲ့ လက်ရှိလက်ထောက်နည်းပြ ဇိုလာနဲ့ ဗီလာအသင်းလက်ထောက်နည်းပြ တယ်ရီ တို့ကတော့ ချယ်လ်ဆီးရဲ့နည်းပြအဖွဲ့ထဲမှာ ပါဝင်လာဖို့ မရှိဘူးလို့ TheSun က ဖော်ပြသွားခဲ့ပါတယ်။

Linn

Source : Goal , TheSun ,Mirror

SHARE