(၁၅-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Rui Vieira)

လီဗာပူး VS ချယ်လ်ဆီး – ယခုတစ်ပတ်မှာ အကောင်းဆုံးပွဲစဉ်တစ်ခုဖြစ်ခဲ့တဲ့ လီဗာပူးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးဟာ ချန်ပီယံခြေစွမ်း ပြသနိုင်ခဲ့ပြီး ပြိုင်ဘက် ချယ်လ်ဆီးကို (၂-၀)ရလဒ်နဲ့ အနိုင်ရယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ ဇယားအပေါ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကိုတော့ မာနေးနဲ့ ဆာလက်တို့က ပွဲချိန် (၅၁’၅၃’) မိနစ်တွေမှာ ဆက်တိုက် သွင်းယူပေးခဲ့တာပါ။

ဆာလက် – လီဗာပူးတိုက်စစ်မှူး ဆာလက်က လီဗာပူးအနေနဲ့ အလှမ်းကွာဝေးခဲ့တဲ့ ပရီးမီယားလိဂ် ချန်ပီယံဆုကို ရရှိနိုင်ဖို့ လက်ကျန်ပွဲစဉ်မှန်သမျှကို အားထည့်ကစားပြီး၊ အနိုင်ရရှိမှသာ ချန်ပီယံဖြစ်လိမ့်မယ်လို့ အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။

ဇီဒန်း – ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားတော်တော်များများကို အပြောင်းအလဲ ပြုလုပ်မှာဖြစ်ပြီး၊ ဒီအထဲမှာ ထိပ်သီးကစားသမားတစ်ချို့လည်း အသင်းကနေ ပြောင်းရွှေ့ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

AP Photo/Tim Ireland

ဂွါဒီယိုလာ – မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီယားလိဂ်ချန်ပီယံဆုဟာ မိမိတို့ လက်ထဲမှာသာ ရောက်လာလိမ့်မယ်လို့ လီဗာပူးအသင်းကို သတိပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီလို ချန်ပီယံဆုကို ရနိုင်ဖို့အတွက် လီဗာပူးနဲ့ မန်စီးတီးနှစ်သင်းစလုံး လက်ကျန်ပွဲစဉ်တွေမှာ အမှတ်ပြည့်ရယူနိုင်ကာမှ သေချာမယ့်သဘောပါ။ တစ်ပွဲလျှော့ မန်စီးတီးကတော့ အနည်းငယ် အခွင့်ရေးသာနေပါတယ်။

ပေါ့ဂ်ဘာ – မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက ဘာစီလိုနာအနေနဲ့ မိမိတို့ကို ပထမကျော့မှာ အနိုင်ရရှိခဲ့သော်လည်း၊ နောက်တစ်ဆင့်တက်သွားလိမ့်မယ်လို့ အပြည့်အဝ အာမခံချက်မရသေးကြောင်း၊ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတဲ့အသင်းမှာ အခြားအသင်းမဟုတ်ဘဲ မန်ယူဖြစ်နေခြင်းက ဘာစီလိုနာကို အခက်အခဲများစွာ ရင်ဆိုင်ရစေမှာဖြစ်ကြောင်း ဆိုပါတယ်။

အက်ရှ်လေကိုး – ချယ်လ်ဆီးကစားသမားဟောင်း အက်ရှ်လေကိုးက ဆာလက်ရဲ့ စွမ်းဆောင်ရည်ဟာ အလွန်တရာ လေးစားဖို့ကောင်းကြောင်း၊ ချယ်လ်ဆီးကနေ ထွက်ခွာပြီးနောက် အခြေအနေ ဒီထက်တိုးတက်လိမ့်မယ်လို့ မထင်ထားသော်လည်း ဆာလက်အနေနဲ့ ဒီလိုခြေစွမ်းမျိုးကိုသာ ဆက်လက်ထိန်းသိမ်းထားပါက လီဗာပူးသာမက ကိုယ်တိုင်လည်း အောင်မြင်မှုတွေ ရနေဦးမယ်လို့ ချီးကျူးခဲ့ပါတယ်။

PSG – ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ အဝေးကွင်းမှာ လိုင်လီအသင်းကို အံ့အားသင့်ဖွယ်ရလဒ် (5-1)နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် (၁၉)နှစ်အတွင်းမှာ အကြီးမားဆုံး ရှုံးပွဲကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အဲဒီပွဲမှာ PSG ဟာ ပွဲချိန်(၃၆)နှစ်မှာ တစ်ယောက်ထုတ်ခံလိုက်ရပြီး ဂိုးကွာခြားချက် ကြီးမားသွားစေခဲ့ပါတယ်။

AP Photo/Rui Vieira

ဆာလက် – လီဗာပူးတိုက်စစ်မှူး ဆာလက်ဟာ မိမိကို လူမျိုးရေးခွဲခြား အမုန်းပွားနေတဲ့ ချယ်လ်ဆီးပရိသတ်များကို ပြန်လည်လှောင်ပြောင် ခြေပသည်အနေဖြင့်၊ ချယ်လ်ဆီးဘက်ကို ဂိုးသွင်းယူပြီးနောက် ယောဂကျင့်နေသည့်ပုံစံဖြင့် အောင်ပွဲခံခဲ့ပါတယ်။ ဒီအတွက် လီဗာပူးပရိသတ်တွေက အလွန်သဘောကျတာကို ခံခဲ့ရပါတယ်။

 

READ
ဘာကာက ဘာလို့ထွက်ခဲ့တာလဲဆိုတဲ့မေးခွန်းကို ပါးပါးနပ်နပ်တုံ့ပြန်ခဲ့တဲ့ နေမာ

နတ်စည်တော် (SportAhtar)

Source : thesun.co.uk/skysports.com

SHARE