(၁၆-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Matt Dunham)

အာဆင်နယ် – ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ အဝေးကွင်းဆိုရင် ရုန်းကန်ရတဲ့ အာဆင်နယ်တို့ အိမ်ရှင်ဝက်ဖို့ဒ်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန်(၁၀)မိနစ်မှာပဲ အူဘာမီယန်းက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး၊ ပွဲချိန်(၁၁)မိနစ်မှာ ဝက်ဖို့ကစားသမား ထရွိုင်းဒန်းနီ ထုတ်ပယ်ခံခဲ့ရတာပါ။

ဘာစီလိုနာ – စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ မန်ယူမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာဟာ လာမယ့်ရာသီမှာ ကစားသမား (၃)ဦးအထိ ဖြည့်တင်းမယ်လို့ သိရပါတယ်။

(AP Photo/Rui Vieira)

ဒီဘရွန်နီ – မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရွန်နီက စပါးအသင်းကို လျှော့မတွက်ကြဖို့ စီးတီးကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။ စပါးအသင်းဟာ ဟယ်ရီကိန်းမပါလည်း တောင့်တင်းတဲ့ အသင်းဖြစ်ပြီး အသင်းတိုင်းကို ဒုက္ခပေးနိုင်နေတယ်လို့ သတိပေးလိုက်တာပါ။

မန်စီးတီးအသင်းဟာ ဧပြီ(၁၈)ရက်မှာ စပါးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုကျော့ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး၊ ဧပြီ(၂၀)ရက်နေ့မှာ စပါးကို ပရီးမီယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဆက်ပြီး ဧည့်ခံရမှာ ဖြစ်ပါတယ်။

Twitter

အာဆင်နယ် မန်နေဂျာဖြစ်သွားတဲ့ အက်သလက်တိုက်စစ်မှုး ဂရစ်ဇ်မန်း – အသလက်တိုက်စစ်မှုး ဂရစ်ဇ်မန်းကတော့ Football Manager ဂိမ်းကို ကစားရာမှာ အာဆင်နယ်အသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ခဲ့ပြီး၊ သူရဲ့ကစားသမားရွေးချယ်မှုကို အာဆင်နယ်ပရိသတ်တွေက သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။ (ကစားသမားစာရင်း ပုံတွင်ရှုရန်)

ဖာဂူဆန် – မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ယခုနှစ်မှာ ပရီးမီယားလိဂ် ချန်ပီယံဖြစ်နိုင်တဲ့ နှစ်သင်းအနက် ဘယ်အသင်း ချန်ပီယံဖြစ်မယ်ဆိုတာကို ခန့်မှန်းပြောဆိုခဲ့ကြောင်း ဘန်လေတိုက်စစ်မှူး Jonathan Walters က ပြောပါတယ်။ သူကလည်း ဖာဂူဆန်နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ အသင်းဖော် Phil Bardsley ရဲ့ တစ်ဆင့်စကားအရ ပြောကြားတာပါလို့ BBC Radio Live 5 မှာ ဖြေကြားခဲ့ပါတယ်။

Phil ရဲ့အဆိုအရ ဖာဂူဆန်ရဲ့ထင်မြင်ချက်မှာတော့ ယခုနှစ်မှာ လီဗာပူးသာ ချန်ပီယံဖြစ်နိုင်ကြောင်း မန်စီးတီးဟာ မဟာပြိုင်ဘက် မန်ယူအသင်းနဲ့ ဧပြီ(၂၅)ရက်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ဒီပွဲစဉ်မှာ မန်စီးတီးတို့ အမှတ်ပြည့်ရဖို့ မဖြစ်နိုင်ကြောင်း၊ မန်ယူအသင်းကလည်း သူတို့ကို ကျော်ဖြတ်ပြီး မြို့ခံပြိုင်ဘက် မန်စီးတီးကို လွယ်လွယ်ကူကူ ချန်ပီယံဖြစ်စေမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်လို့ သိရပါတယ်။

 

READ
လီဗာပူးရဲ့အောင်မြင်မှုရာသီတွေ ပြန်လာတော့မှာဖြစ်ကြောင်း ကြုံးဝါးလိုက်တဲ့ဂျာဂျင်ကလော့ပ်

နတ်စည်တော် (SportAhtar)

Source : mirror.co.uk/ thesun.co.uk

SHARE