(၂၀-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အက်ရှ်လေယန်း – ချန်ပီယံလိဂ်ပွဲစဉ်မှာ သိသာတဲ့ အမှားတွေ ကျူးလွန်ခဲ့တဲ့ မန်ယူကစားသမား အက်ရှ်လေးယန်းဟာ မန်ယူအသင်းပရိသတ်တွေကိုယ်တိုင် ပြန်လည် စော်ကားတိုက်ခိုက်မှုတွေကို ခံနေရပြီး၊ သူ့ကို လူမှုရေးခွဲခြားဖို့အတွက် မန်ယူပရိသတ်တွေက ဗွီဒီယိုတွေ၊ Meme တွေ ပြုလုပ်တာကို ခံနေရကြောင်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ် – ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့တိုက်စစ်မှူး ဇာဟာ လာမယ့်အပြောင်းအရွှေ့ရာသီမှာ အသင်းကနေ ထွက်ခွာလိုကြောင်း အသင်းတာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ သူက ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတစ်ခုခုမှာ ပြောင်းရွှေ့လိုနေပါတယ်။ ဇာဟာ,ဟာ မန်ယူအသင်းမှာ (၂)ရာသီ ကုန်ဆုံးခဲ့ဖူးပေမယ့် ပွဲထွက်ခွင့် လောက်လောက်လားလား မရခဲ့လို့ ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့ခဲ့သူပါ။

ဂွါဒီယိုလာ – မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက စပါးအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာ မှန်သော်လည်း မန်စီးတီးကစားကွက်နဲ့ပတ်သက်တဲ့ နည်းစနည်းပိုင်းဆိုင်ရာကို ပြောင်းလဲမှာမဟုတ်ကြောင်း၊ သူ ယုံကြည်တဲ့ ကစားကွက်နဲ့ ရှေ့ဆက်မှာဖြစ်ကြောင်း ဆိုပါတယ်။

(AP Photo/Kirsty Wigglesworth)

ဘင်နီတက်ဇ် – နယူးကားဆယ်အသင်းမှာ ယခုနှစ်ရာသီ စွမ်းဆောင်မှုတွေများစွာ ပြုလုပ်ထားတဲ့ နည်းပြဘင်နီတက်ဇ်က အသင်းသားတွေအနေနဲ့ ယှဉ်ပြိုင်လိုစိတ်၊ ကြိုးစားလိုစိတ်၊ အနိုင်ရလိုစိတ် မရှိဘူးဆိုရင် မိမိ အသင်းကနေ ထွက်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

ရာဖယ်ကမာချို – လီဗာပူးအသင်းက အသက်(၁၈)နှစ်အရွယ် လူငယ်ကစားသမား ကမာချိုက လီဗာပူးက အသစ်ကမ်းလှမ်းတဲ့ စာချုပ်ကို ငြင်းပယ်လိုက်ပါတယ်။ အကြောင်းကတော့ ကလော့ပ်က သူ့အတွက် ခိုင်မာတဲ့ နေရာတစ်ခု အာမခံလို့ အသင်းပြောင်းဖို့ တာဆူနေတာပါ။ သူ့ကို ဝုဖ်၊ Leipizig၊ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်းအသင်းတို့က ခေါ်ယူလိုနေကြပါတယ်။

ရမ်ဆေး – ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ရမ်ဆေးက သူ့ရဲ့ဒဏ်ရာအခြေအနေဟာ (၃)ပတ်အတွင်း ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ခြင်းကြောင့်၊ အာဆင်နယ်ရဲ့ အရေးပါတဲ့ လက်ကျန်ပွဲစဉ်တစ်ချို့မှာ ပြန်လည်ပါဝင်လာမှာဖြစ်ကြောင်း ပရိသတ်ထံ အသိပေးခဲ့ပါတယ်။

(AP Photo/Dave Thompson)

မန်စီးတီး – မန်းစီတီးအသင်းမန်နေဂျာ ဂွါဒီယိုလာက မန်စီးတီးအသင်းသားတွေအနေနဲ့ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရခြင်းကို အမြဲတစေ နာကျင်အမှတ်ရနေဖို့ လိုကြောင်း၊ ဒီနာကြင်မှုတွေဟာ မန်စီးတီးရဲ့ လက်ကျန်ပွဲစဉ်တွေကို အကောင်းဆုံးပေးဆပ်လိုစိတ် ဖြစ်စေမယ်လို့ သူက ပြောပါတယ်။

 

READ
ဘာစီလိုနာရဲ့ နိုင်ပွဲမှာဂိုးသွင်းခဲ့တဲ့မက်ဆီကို ဂုဏ်ပြုခဲ့ကြတဲ့ မော်ဒယ်လေးများ

 

လင်းဇော်ကို (SportAhtar)

Source : thesun.co.uk/ marca.com/ mirror.co.uk/ goal.com

SHARE