(၂၁-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Luca Bruno)

စီရော်နယ်ဒို – ဂျူဗင်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ စီးရီးအေပွဲစဉ် (၃၃)မှာ ဖီအိုရင်တီးနားကို (၂-၁)နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး၊ လိဂ်ပေါင်းစုံမှာ အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ အင်္ဂလန်၊ စပိန်နဲ့ အီတလီတို့မှာ အမှတ်ပေးချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ် – တန်းဆင်းရမယ့် အန္တရာယ်ကနေ ငှက်ကျားတို့ကတော့ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နယူးအသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ (၃-၀)ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ သုံးဂိုးစလုံးကို Ayoze Perez က သွင်းယူပေးခဲ့တာဖြစ်ပြီး၊ ဆောက်သမ်တန်အတွက်တော့ တန်းဆင်းရဖို့ ဖိအားတွေ ပိုများသွားပြီ ဖြစ်ပါတယ်။

Youtube

ဒီဘရိုင်း – ယမန်နေ့ညက စပါးအသင်းကို အနိုင်ရရှိပြီး အမှတ်ပေးဇယား နံပတ်(၁)နေရာကို ပြန်လည်သိမ်းပိုက်ခဲ့တဲ့ မန်စီးတီးအသင်းဟာ၊ အဲဒီပွဲမှာ အဓိကကွင်းလယ်ကစားသမား ဒီဘရိုင်း ဒဏ်ရာရှိခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။ ဒီဒဏ်ရာပြဿနာက မန်စီးတီးကွင်းလယ်ပိုင်းကို သက်ရောက်မှု တစ်ခုခု ဖြစ်စေမယ်လို့ ခန့်မှန်းနေကြပါတယ်။

စီရော်နယ်ဒို – ဒိုလေးဟာ အေဂျက်အသင်းကို ရှုံးနိမ့်ပြီးချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ ပွဲစဉ်မှာ၊ အသင်းဖော်တွေကို ဆဲရေးတိုင်းထွာခဲ့ကြောင်း သိရပါတယ်။ ဒီအတွက် ဂျူဗင်အသင်းဖော်တစ်ချို့က မကျေမနပ်ဖြစ်နေကြပြီး၊ ပရိသတ်တွေကတော့ ဒိုလေးဟာ အသင်းအောင်မြင်မှုထက်၊ သူ အောင်မြင်ဖို့ကိုပဲ ဦးစားပေးနေသူလို့ စွပ်စွဲခဲ့ကြပါတယ်။

READ
နောက်ထပ် အမွှာနှစ်ဦးရဲ့ Single Father ဖြစ်တော့မယ့် စီရော်နယ်ဒို
(AP Photo/Luca Bruno)

အေဂျက် – နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ဟာ အေဂျက်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိရောက်တဲ့ အားထုတ်မှုတွေ ရှိစေဖို့အတွက် လက်ကျန်ပွဲစဉ်တွေကို ရွှေ့ဆိုင်းပေးလိုက်ကြောင်း သိရပါတယ်။ အေဂျက်ဟာ စပါးအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ကစားရမှာဖြစ်ပါတယ်။

PSG – PSG အသင်းဟာ Notre Dame ဘုရားကျောင်းမီးလောင်မှုမှာ ကြိုးစားပြီး မီးငြိမ်းသတ်ခဲ့တဲ့ မီးသတ်သမားတွေအတွက် ပွဲကြည့်လက်မှတ် (၅၀၀) စီစဉ်ပေးထားကြောင်း သိရပါတယ်။ PSG ဟာ ယနေ့ည (၁.၃၀)နာရီမှာ မိုနာကိုအသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Instagram

ဗလန်စီယာ – မန်ယူအသင်းရဲ့ ဝါရင့်ကစားသမားကြီး ဗလန်စီယာဟာ ယခုနှစ်မှာ အသင်းကနေ ထွက်ခွာရတော့မှာ ဖြစ်ခြင်းကြောင့် မန်ယူပရိသတ်တွေနဲ့ အသင်းဖော်တွေကို နှုတ်ဆက်ကြောင်း သူရဲ့ လူမှုကွန်ရက်ပေါ်ကို တင်ခဲ့ကြောင်း သိရပါတယ်။

 

READ
၈-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လင်းသူရိန် (SportAhtar)

Source : thesun.co.uk/ goal.com/ marca.com/ metro.co.uk

SHARE