၁၀-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စူပါဖလား၊ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်မှာ အက်သလက်ကို (၂-၃)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ အက်သလက်တီကို အသင်းအတွက် ကိုကီ က ပထမပိုင်းသွင်းဂိုးတစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ဒုတိယပိုင်းမှာ ဘာစီလိုနာက မက်ဆီ၊ ဂရစ်ဇ်မန်း တို့ရဲ့ ဂိုးတွေနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဒုတိယပိုင်း မိနစ် (၈၀)ကျော်မှာ မိုရာတာရဲ့ ပင်နယ်တီဂိုးနဲ့ ကော်ရဲရားရဲ့ အနိုင်ဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရလို့ ပွဲအပြီးမှာ ဘာစီလိုနာတို့ ဗိုလ်လုပွဲကို ရောက်ရှိဖို့ လွဲချော်သွားခဲ့ရတာပဲဖြစ်ပါတယ်။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ က မနေ့ညက ပွဲစဉ်မှာ သူ့ရဲ့အသင်းဖော်တွေဟာ ကလေးဆန်တဲ့အမှားမျိုးတွေနဲ့အတူ ဘာစီလိုနာရဲ့နိုင်ပွဲတစ်ခုကို ဖျက်ဆီးခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။ ပွဲချိန် မိနစ် (၈၀)ကျော်မှာမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရလို့ ဒေါသထွက်နေတဲ့ မက်ဆီက ဒီရှုံးပွဲဟာ ရှက်စရာကောင်းပြီး ဒီလိုမျိုး ကလေးဆန်တဲ့အမှားတွေကို နောက်တစ်ကြိမ် ထပ်မမှားဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

စပါး ။   ။ စပါးအသင်းဟာ အေစီမီလန်တိုက်စစ်မှူး ပီယာတက် ကို ပေါင်(၂၈)သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီလို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါပြီ။ ကစားသမားဟာ လာမယ့် (၄၈)နာရီအတွင်း ဆေးစစ်မှု ခံယူတော့မှာဖြစ်ပြီး (၃)နှစ်ခွဲ စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ စပါးဟာ ပီယာတက် ကို အငှားခေါ်ယူဖို့ ကနဦး ကမ်းလှမ်းခဲ့ပေမယ့် အေစီမီလန်က ငြင်းပယ်သွားခဲ့လို့ အပြီးသတ် ခေါ်ယူသွားခဲ့ရတာပါ။

အဲရစ်ဆင် ။      ။ စပါးအသင်းကွင်းလယ်ကစားသမား အဲရစ်ဆင် ဟာ ရီးယဲလ်အသင်းဆီ ပြောင်းဖို့ထက် အင်တာမီလန်အသင်းဆီ ပြောင်းဖို့ကို ရွေးချယ်လိုက်ပြီလို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြပါတယ်။ အင်တာမီလန်ဟာ ဒီရာသီ ကုန်ဆုံးချိန်မှာ အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး ကစားသမားကိုယ်တိုင်လည်း ဆုံးဖြတ်ချက် ချပြီးပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

တိုဆန် ။         ။ အဲဗာတန်အသင်းတိုက်စစ်မှူး တိုဆန် ဟာ ပဲလေ့စ်အသင်းဆီကို အငှားနဲ့ပြောင်းဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ကြောင်း Goal က ဖော်ပြပါတယ်။ တိုဆန်ဟာ ပဲလေ့စ်အသင်းဆီ ရာသီကုန်အထိ အငှားနဲ့သွားရောက်ကစားမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူနိုင်မယ့် စာချုပ်ကိုလည်း ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

READ
ကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးအများဆုံး ကစားသမား(11)ဦးရဲ့ ကောက်ကြောင်း

Linn

Source : TheSun , Goal , Mirror

SHARE