၁-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မက်ဆီ ။         ။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟောင်း ဟူဂိုဂက်တီ က မက်ဆီဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်ကြောင်း သက်သေပြဖို့ဆိုရင် ဘာစီလိုနာရဲ့ အဓိက ပြိုင်ဖက် ရီးယဲလ်အသင်းဆီ ပြောင်းပြီး ကစားပြဖို့လိုလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဂက်တီ က မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းတစ်သင်းတည်းမှာပဲ ကစားသမားဘ၀ ကုန်ဆုံးဖို့ ကြိုးစားနေတာဟာ သူ့ကိုအကောင်းဆုံးကစားသမားတစ်ယောက်လို့ သတ်မှတ်ဖို့ ခက်ခဲစေကြောင်းနဲ့ စိန်ခေါ်မှုအသစ်တွေကို မရှာဖွေခြင်းကလည်း သူ့ကို တခြားနာမည်ကြီးတွေနဲ့ ယှဉ်ပြီးဆုံးဖြတ်ရာမှာ ထောက်ပြစရာဖြစ်နေခဲ့ကြောင်း မှတ်ချက်ပေးလိုက်တာပါ။

စမောလင်း ။     ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ဟာ စမောလင်းကို ရိုးမားအသင်းဆီ အပြီးသတ်ရောင်းချဖို့အတွက် ကစားသမားရဲ့ဆန္ဒကို မေးမြန်းခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။ ရိုးမားအသင်းဆီကို တစ်ရာသီ အငှားနဲ့ရောက်ရှိသွားခဲ့ပြီးနောက် ခြေစွမ်းပြ ကစားနေတဲ့ စမောလင်း ကို ရိုးမားအသင်းက အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ဆိုးလ်ရှားအနေနဲ့ ကစားသမားရဲ့ဆန္ဒကို မေးမြန်းခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

 

ဗီဒယ် ။ ။ ဘာစီလိုနာဟာ ကွင်းလယ်လူ ဗီဒယ် ကိုခေါ်ယူဖို့အတွက် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းအသင်းဆီကနေ ကမ်းလှမ်းမှု ရရှိခဲ့ပြီး ကစားသမားက ပြောင်းရွှေ့ဖို့ ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။ လာမယ့် ဘောလုံးရာသီမှာ အင်တာမီလန်အသင်းဆီ ရောက်ရှိမယ်လို့ သတင်းတွေထွက်နေတဲ့ ဗီဒယ် ကိုယ်တိုင်လည်း စီးရီးအေမှာ ကစားဖို့ကိုသာ ဆန္ဒရှိနေတာကြောင့် တရုတ်ကို သွားရောက်ကစားဖို့အတွက် ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ Goal ကဖော်ပြပါတယ်။

ဘရန်ဒန်ရော်ဂျာ ။        ။ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာတစ်ယောက် မန်ယူနည်းပြဖြစ်လာဖို့အတွက် ရေပန်းစားမှုတွေ ရှိနေပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ မန်ယူနည်းပြတစ်ယောက်အဖြစ် ဘယ်တော့မှ မြင်တွေ့ရမှာမဟုတ်ဘူးလို့ ကာရေဂါက မှတ်ချက်ပေးလိုက်ပါတယ်။ လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ကာရေဂါ က ရော်ဂျာ ဟာ သူ့ရဲ့သမိုင်းမှာ လီဗာပူးလ်အသင်းကို နည်းပြခဲ့ဖူးတာကြောင့် မန်ယူအသင်းကို နည်းပြဖို့အတွက် ဘယ်တော့မှ စဉ်းစားမှာမဟုတ်ဘူးလို့ ယုံကြည်မိကြောင်း ကာရေဂါက ဆိုလိုက်တာပါ။

READ
၂-၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ မန်ယူရဲ့ လူငယ်ကြယ်ပွင့် တာဟစ်ချောင် ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Dailymail က ဖော်ပြပါတယ်။ အသက် (၁၉)နှစ်အရွယ် တောင်ပံကစားသမားဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကိုရောက်နေပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှုလည်းမရသေးပါဘူး။ ဂျူဗင်တပ်စ်ဟာ ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မန်ယူကနေ ခေါ်ယူပြီး အောင်မြင်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့လို တာဟစ်ချောင်ကိုလည်း အလားတူခေါ်ယူဖို့ ပြင်ဆင်နေတာလို့ Dailymail က သုံးသပ်ပါတယ်။

မော်ရင်ဟို ။     ။ မန်ယူနဲ့ချယ်လ်ဆီးအသင်းတို့ရဲ့ နည်းပြဟောင်း မော်ရင်ဟို ဟာ အာဆင်နယ်အသင်းနည်းပြသစ်ဖြစ်လာဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေဆဲဖြစ်ပါတယ်။ အင်္ဂလန်လောင်းကစားဒိုင်တွေရဲ့ လောင်းကြေးဖွင့်လှစ်မှုမှာတော့ မော်ရင်ဟို ဟာ (၄)လေး(၁)လေးနဲ့ထိပ်ဆုံးကနေ ရေပန်းစားနေခဲ့ပြီး အာဆင်နယ် နည်းပြသစ်ဖြစ်ဖို့ အနီးစပ်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

READ
ထရမ့်ကိုကြည်ညိုလွန်းလို့ သူ့နာမည်ကို အသင်းမှာထည့်သွင်းခဲ့တဲ့ ဘောလုံးကလပ်

Linn

Source : TheSun , Goal , Mirror

SHARE