၁၁-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ရော်ဘီဆာဗေ့ခ်ျ ။        ။ မန်ယူအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ရော်ဘီဆာဗေ့ခ်ျက မန်ယူပရိသတ်တွေအနေနဲ့ အတိတ်ကရလဒ်တွေအပေါ် ပြန်တွေးပြီး ကျေနပ်နေကြမှုကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဆာဗေ့ခ်ျ က မန်ယူအသင်းရဲ့ လက်ရှိအခြေအနေဟာ လီဗာပူးလ်ကို မှီဖို့ အဝေးကြီးမှာ ရောက်နေပြီး အသင်းမှာ အားထားရတဲ့ ကစားသမားဆိုလို့ တိုမီနေး တစ်ယောက်သာ ရှိတော့တယ်လို့ မှတ်ချက်ပေးလိုက်တာပါ။

အင်တာမီလန် ။ ။ အဓိက နောက်ခံလူ ခရီနီယာ ကို လက်လွှတ်ရဖို့ သေချာသလောက်ရှိနေတဲ့ အင်တာမီလန်အသင်းဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ နောက်ခံလူ မူစတာဖီ ကို ကမ်းလှမ်းလိုက်ပြီဖြစ်တယ်လို့ Calciomercato သတင်းစာက ဖော်ပြပါတယ်။ အာဆင်နယ် နည်းပြ အာတီတာ အနေနဲ့ ခံစစ်ပိုင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေတာကလည်း မူစတာဖီရဲ့ အပြောင်းအရွှေ့ကို ဖြစ်ပေါ်လာစေလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဖီအိုရင်တီးနား ။ ။ ဖီအိုရင်တီးနားအသင်းဟာ ၀ုဗ်အသငှ်းာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ တိုက်စစ်မှူး ကူထရုန်း ကို (၁၈)လ အငှားနဲ့ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အေစီမီလန်ကနေ ၀ုဗ်အသင်းဆီကို ပေါင်(၁၆)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးဟာ အသင်းနဲ့ အံမ၀င်ဖြစ်ခဲ့ပြီးနောက် (၆)လအကြာမှာပဲ အီတလီမြေဆီ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။

ဘိုင်ယန် ။       ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ယာယီနည်းပြ ဟန်စ်ဖလစ်ခ် က အသင်းအတွက် ဒီအပြောင်းအရွှေ့မှာ ကစားသမား တစ်ဦး ၊ နှစ်ဦးလောက်ထပ်မံ အားဖြည့်ပေးဖို့ ဘုတ်အဖွဲ့ဆီ တောင်းဆိုလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ် ကတော့ ဖလစ်ခ် အနေနဲ့ ဒီတောင်းဆိုမှုကို လူသိရှင်ကြား ပြုလုပ်ခဲ့ခြင်းအပေါ် သူ့အနေနဲ့ အံ့အားသင့်မိကြောင်း ပြန်လည်ပြောဆိုထားပါတယ်။

READ
Ballon d’Or ဆုကို ငါးကြိမ်မြောက်ရယူနိုင်ခဲ့ပြီး၊ မက်ဆီနဲ့ အကြိမ်ရေတူသွားတဲ့ ဒိုလေး

မန်ယူ ။ ။ မန်ယူအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့  အနီးစပ်ဆုံးခြေအနေကို ရောက်နေပြီဖြစ်ကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြနေကြပါပြီ။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာကတည်းက မန်ယူအသင်းဆီရောက်ရှိဖို့ နီးစပ်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ဒီအပြောင်းအရွှေ့မှာတော့ ပေါင်သန်း(၆၀)၀န်းကျင်နဲ့ရောက်ရှိလာဖို့ရှိနေပြီး မန်ယူအသင်းရဲ့ ရုံးခန်းရှိရာဆီ လာရောက်ဆွေးနွေးတော့မှာဖြစ်တယ်လို့ Goal ကဖော်ပြပါတယ်။

Linn

Source: TheSun , Goal , Mirror

SHARE