၁၂-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Dailymail

လီဗာပူးလ် ။     ။ မနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ (၀-၁)နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဥရောပ ထိပ်တန်းလိဂ်(၅)ခုမှာ ဘယ်အသင်းမှ မရသေးတဲ့ စံချိန်သစ်တစ်ခုကို ရရှိသွားခဲ့ပါတယ်။ ဖာမီနို ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ စပါးကို နိုင်ခဲ့ပြီးတဲ့နောက် လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ ရမှတ်(၆၁)မှတ် ရရှိခဲ့ပြီး ဥရောပ ထိပ်တန်းလိဂ်(၅)ခုမှာ ပွဲစဉ်(၂၁)အပြီး ရမှတ်အများဆုံး စုဆောင်းနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က အသင်းတိုက်စစ်မှူး ဖာမီနို ဟာ ပွဲပြီးဆုံးချိန်မှာ သူ့ကိုလာရောက်တောင်းပန်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကလော့ပ် က ဖာမီနို ဟာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပေမယ့်လည်း နောက်ထပ် အခွင့်အရေးတွေ လွဲချော်ခဲ့တဲ့အတွက် အားတုံ့အားနာဖြစ်နေပြီး အခွင့်အရေးတွေဖြုန်းတီးပစ်ခဲ့တဲ့အပေါ် တောင်းပန်စကား ပြောခဲ့တယ်လို့ ဖွင့်ဟသွားခဲ့တာပါ။

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ နည်းပြရာထူးအတွက် ကွင်းလယ်လူဟောင်း ဇာဗီ ကို အမှန်တကယ် ချိတ်ဆက်နေခဲ့ကြောင်း အယ်လ်ဆတ်အသင်းတာဝန်ရှိသူတွေက ဖွင့်ဟလိုက်ပါတယ်။ ကာတာ ကလပ်အသင်းဟာ ဘာစီလိုနာရဲ့ ချိတ်ဆက်မှုတွေနဲ့ ပတ်သက်ပြီး အစပိုင်းမှာ ငြင်းဆန်နေခဲ့သေးပေမယ့် လက်ရှိအချိန်မှာတော့ ဘာစီလိုနာနဲ့ ဇာဗီ တို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီ ဆိုတဲ့အကြောင်း တရားဝင် အသိပေးသွားခဲ့တာပါ။

READ
၆-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

မာလာဂါ ။       ။ ဆီဂန်ဒါပြိုင်ပွဲကို ဆင်းပြီး ကစားနေရပြီဖြစ်တဲ့ မာလာဂါ အသင်းဟာ သူတိုရဲ့နည်းပြ ဗစ်တာဆန်းချက်ဇ် ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ အကြောင်းကတော့ အသက် (၄၃)နှစ်အရွယ် နည်းပြရဲ့ လိင်မှုဆိုင်ရာ ဗီဒီယိုဖိုင်တစ်ခုဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထုတ်ပယ်သွားခဲ့တာဖြစ်ပါတယ်။

အေစီ ။ ။ အေစီမီလန်အသင်းဟာ ဘုန်းမောက်အသင်းဂိုးသမား ဘီဂိုဗစ် ကိုခေါ်ယူဖို့ ဆွေးနွေးနေပြီဆိုတဲ့အကြောင်း Daily Star သတင်းစာက ဖော်ပြပါတယ်။ အသက် (၃၁)နှစ်အရွယ် ဂိုးသမားဟာ တစ်ပတ်ကို ပေါင်(၁၁၀၀၀၀)ရရှိနေတဲ့ ကစားသမားဖြစ်လို့ သူ့ရဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
အစစအရာရာတူလွန်းတဲ့အပြင် ရင်သားပါတူအောင်ခွဲစိတ်ထားတဲ့အမွှာညီအစ်မ

မာတစ် ။         ။ မန်ယူအသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ဖြစ်နေတဲ့ ကွင်းလယ်လူ မာတစ် ဟာ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်နေပြီလို့ TheSun က ဖော်ပြပါတယ်။ ဒီရာသီကုန်ဆုံးရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ပြီဖြစ်တဲ့ မာတစ်ကို တစ်နှစ်လုပ်ခ ပေါင်(၅)သန်းနဲ့ မေဂျာလိဂ်ကလပ်က ကမ်းလှမ်းထားတာဖြစ်ပြီး အသင်းက ထွက်ခွာသွားပြီဖြစ်တဲ့ ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါရဲ့နေရာကို အစားထိုးဖို့ ပြင်ဆင်နေတာပါ။

Linn

Source : TheSun , Goal , Mirror

SHARE