၁၃-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ အက်သလက်တီကို အသင်းကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ချန်ပီယံဆုဖလားကို သိမ်းပိုက်သွားခဲ့ပါတယ်။ အဲဒီပွဲမှာ အဓိက ကျခဲ့သူကတော့ ရီးယဲလ်ရဲ့ ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီ ပဲ ဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေ လွတ်ထွက်လာတဲ့ မိုရာတာ ကိုပြစ်ဒဏ်အဖြစ်ခံပြီး ဖျက်ထုတ်ခဲ့ရတာပါ။ အဲဒီ ဖျက်ထုတ်မှုကြောင့်ဗယ်လ်ဗာဒီတစ်ယောက် တိုက်ရိုက်အနီကတ် ထိသွားခဲ့ပြီး ရီးယဲလ်ကတော့ ပင်နယ်တီ ဆက်လက်ကန်ခွင့်ရခဲ့ကာ ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒမ္ဘီလီ ။       ။ မန်ယူအသင်းဟာ လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီ ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့အတွက် ဘော်ဒိုးနဲ့လိုင်ယွန်အသင်းတို့ရဲ့ ပွဲစဉ်ကို ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်စေခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ဒမ်ဘီလီ ကို ရက်ရှ်ဖို့ဒ်နဲ့ တွဲကစားစေဖို့ ကြံရွယ်နေတာဖြစ်ပြီး အဲဒီပွဲမှာ ဒမ်ဘီလီက ခြေစွမ်းကောင်းပြသနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အဂွီရို ။ ။ ဗီလာအသင်းနဲ့ မန်စီးတီးအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် Hat Trick သွင်းဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အဂွီရိုဟာ EPL သမိုင်းတစ်လျှောက် စတုတ္ထမြောက် ဂိုးအများဆုံး သွင်းသူအဖြစ် ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်နဲ့ ပူးတွဲရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဂွီရို ဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၇၇)ဂိုး ရှိသွားခဲ့ပြီဖြစ်ပြီး သူ့ရဲ့အထက်မှာ အန်ဒီကိုးလ် က (၁၈၇)ဂိုး ၊ ရွန်နီက (၂၀၈)ဂိုးနဲ့ အလန်ရှီးယားက သွင်းဂိုး(၂၆၀) သွင်းယူထားခဲ့ကြတာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ Hat Trick အများဆုံး ကစားသမားအဖြစ် အလန်ရှီးယားကို ကျော်တက်ကာ ထိပ်ဆုံးကနေ ဦးဆောင်သွားခဲ့ပြီး ၊ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းထားတဲ့ နိုင်ငံခြားသား ကစားသမားအဖြစ်လည်း အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကို ကျော်ဖြတ်ပြီး ထိပ်ဆုံးကနေ ရပ်တည်သွားခဲ့ပြီဖြစ်ပါတယ်။

အေစီ ။ ။ ပီပီရိန်နာ ရဲ့နေရာကို အစားထိုးဖို့ ဂိုးသမား ရှာပုံတော်ဖွင့်နေတဲ့ အေစီမီလန်ရဲ့ စာရင်းထဲမှာ ဘန်လေဂိုးသမား ဂျိုးဟတ်လည်းပါလာခဲ့ပြီလို့ Goal က ဖော်ပြပါတယ်။ အေစီမီလန်အနေနဲ့ ချယ်လ်ဆီး ဂိုးသမားဟောင်း ဘီဂိုဗစ် ကို ဆေးစစ်မှု ပြုလုပ်နေပြီဖြစ်ပေမယ့်လည်း ဘီဂိုဗစ် သာ ခြေချော်လက်ချော်ဖြစ်ခဲ့ရင် ဂျိုးဟတ်ကိုခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
၅-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဖာနန်ဒက်စ် ။    ။ စပို့တင်းလစ္စဘွန်းအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားဖြစ်သူနဲ့ မန်ယူအသင်းတို့ သဘောတူညီမှု ရရှိသွားပြီဆိုတဲ့အကြောင်း တရားဝင်အသိပေးလိုက်ပါပြီ။ ဖာနန်ဒက်စ်ဟာ မန်ယူနဲ့ (၂၀၂၅)ခုနှစ်အထိ စာချုပ် ချုပ်ဆိုမယ့်အကြောင်းနဲ့ တစ်နှစ်ကို လုပ်ခလစာအဖြစ် ယူရို (၆)သန်း ရရှိမယ့်အကြောင်းကို တွစ်တာပေါ်မှာ ဖော်ပြနေကြပါပြီ။

Linn

READ
အပြောင်းအရွှေ့ကာလ၂ခုမှာ ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံခဲ့ရတဲ့ ရီးရဲမက်ဒရစ်နဲ့အက်သလက်တီကို

Source: TheSun , Goal , Mirror

 

SHARE