၁၇-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဗာရန်း ။                   ။ ရီးယဲလ်အသင်းနောက်ခံကစားသမား ဗာရန်း က ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ကို ဟန့်တားနိုင်မယ့် လျို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ပါတယ်။ လာလီဂါရဲ့ ထိပ်သီးအသင်းနှစ်သင်းဖြစ်ကြတဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ဂိုးမရှိ သရေကျခဲ့တာပါ။ အဲဒီပွဲစဉ်မှာ ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီ ကို ဂိုးမသွင်းနိုင်အောင် ထိန်းချုပ်နိုင်ခဲ့တဲ့ ဗာရန်းက မက်ဆီလို ကစားသမားမျိုးကို တစ်ယောက်ချင်းကပ်ပြီး ထိန်းချုပ်မယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ အသင်းလိုက်စုစည်းမှုနဲ့ ထိန်းချုပ်မှသာ ရပ်တန့်နိုင်မှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဇာဗီ ။   ။ ဘာစီလိုနာအသင်းကွင်းလယ်ကစားသမားဟောင်း ဇာဗီ က ဘာစီလိုနာနည်းပြရာထူးအတွက် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်ဆိုတာ အမှန်ပဲဖြစ်ကြောင်း ၀န်ခံလိုက်ပါတယ်။ ကာတာကလပ် အယ်လ်ဆတ် အသင်းကို လက်ရှိမှာနည်းပြနေတဲ့ ဇာဗီ က သူ့အနေနဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်လာဖို့ အိပ်မက်ရှိပေမယ့်လည်း လက်ရှိအခြေအနေကတော့ အဆင်သင့်မဖြစ်သေးဘူးလို့ ခံယူမိကြောင်းနဲ့ အဲဒီခံစားချက်ကြောင့် နည်းပြရာထူးကို ငြင်းပယ်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟသွားခဲ့တာပါ။

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်း ကွင်းလယ်ကစားသမား လီရှပ် က ပေါ့ဂ်ဘာ ဟာ မန်ယူအသင်းရဲ့ ဂန္ဓ၀င်ကစားသမားတစ်ယောက် ဖြစ်ကြောင်းနဲ့ အသင်းအနေနဲ့ သူ့ကိုတွဲခေါ်သွားဖို့သာ လိုအပ်ကြောင်း သုံးသပ်လိုက်ပါတယ်။ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်ကစားသမားအနေနဲ့ မန်ယူအသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း နည်းပြ ဆိုးလ်ရှားကတော့ ဒီ ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ဘယ်ကစားသမားကိုမှ အသင်းကနေ ရောင်းချသွားမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။ လီရှပ် က အသင်းအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပေါ့ဂ်ဘာကို ထိန်းသိမ်းထားသင့်တယ်လို့ တိုက်တွန်းသွားခဲ့ပြီး ပေါ့ဂ်ဘာ ဟာ အသင်းဂန္ဓ၀င်တစ်ယောက် ဖြစ်လာနိုင်ကြောင်း ပြောဆိုသွားခဲ့တာပါ။

ဗီလာ ။ ။ ဗီလာအသင်းတိုက်စစ်မှူး ဂျွန်နသန် ကော့ဂျီယာ ဟာ ကာတာကလပ် အယ်လ်ဂါရာဖာ အသင်းဆီ ဆေးစစ်မှုခံယူဖို့ ရောက်ရှိနေပြီဖြစ်ကြောင်း Goal က ဖော်ပြပါတယ်။ အသက် (၃၀)အရွယ် တိုက်စစ်မှူးဟာ ဒီရာသီကုန်ဆုံးရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရာသီမကုန်ခင်မှာပဲ ဗီလာအသင်းရဲ့ ရောင်းချခြင်းကို ခံခဲ့ရတာပါ။

READ
၁၅-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် PSG အသင်းတိုက်စစ်မှူး ကာဗာနီ ကို ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြပါတယ်။ ဒီရာသီကုန်ရင် PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ပြီဖြစ်တဲ့ ကာဗာနီ ဟာ ဥရောပတ၀န်းက အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေပြီး PSG အသင်းအနေနဲ့ကတော့ သူတို့ရဲ့ ကစားသမားကို အလွတ်ပြောင်းရွှေ့ခွင့်ပြုဖို့ထက် ရောင်းချဖို့ကိုသာ ဆန္ဒရှိနေလို့ ဒီအပြောင်းအရွှေ့ကာလမှာ ကာဗာနီအနေနဲ့ အသင်းပြောင်းရဖို့လည်း ရှိနေပါတယ်။

လက်စတာ ။    ။ လက်စတာအသင်းဟာ နောက်ခံလူ ချီဝဲလ်ရဲ့နေရာမှာ အစားထိုးဖို့ ဆောက်သမ်တန်ရဲ့ ဘာထရန် ကို ပစ်မှတ်ထားနေကြောင်း Daily Mail က ဖော်ပြပါတယ်။ လက်စတာ ဟာ သူတို့ရဲ့ အဓိက နောက်ခံကစားသမား ချီဝဲလ်ကို ဒီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းဆီ ရောင်းချသွားဖို့ရှိနေတာကြောင့် ဘာထရန်ကို အစားထိုးခေါ်ယူဖို့ ကြိုးစားနေတာပါ။

READ
၂၉-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Mirror , Goal

SHARE