၁၈-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Inter Milan

အက်ရှ်လေယန်း ။        ။ အင်တာမီလန်အသင်းဟာ မန်ယူနောက်ခံလူ အက်ရှ်လေယန်း ကို ယူရို (၁.၅)သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် (၃၄)နှစ်အရွယ် နောက်ခံလူဟာ ဒီရာသီအကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရခင်မှာ မန်ယူအသင်းက ရောင်းချလိုက်တာဖြစ်ပါတယ်။ အက်ရှ်လေယန်းဟာ မန်ယူအသင်းကို (၂၀၁၁)ခုနှစ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် (၂၆၁)ပွဲကစားပြီး (၁၉)ဂိုး သွင်းပေးနိုင်ခဲ့သူပါ။

ဂျုဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်ကစားသမား ဘာနာဒက်ချီ နဲ့ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် ကို အလဲအလှယ်လုပ်ဖို့ ဆွေးနွေးနေတယ်လို့ AS က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်ပိုင်းကို ပိုမိုအားကောင်းလာစေဖို့အတွက် ရာကီတစ် ကို ခေါ်ဖို့ အလိုရှိနေတာဖြစ်ပြီး လက်ရှိအချိန်မှာ နှစ်သင်းကြားဆွေးနွေးမှုတွေ စတင်နေပြီလို့ AS က ဖော်ပြပါတယ်။

ဆန်းချက်ဇ် ။    ။ အင်တာမီလန်အသင်းကို အငှားနဲ့ရောက်ရှိနေတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ဒဏ်ရာကြောင့် ကစားပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း အင်တာမီလန်ကစားသမားတွေကတော့ ဆန်းချက်ဇ်ကို အသင်းမှာဆက်ရှိစေချင်နေကြတယ်လို့ တယ်လီဂရပ်ဖ်က ဖော်ပြပါတယ်။ ဆန်းချက်ဇ်ဟာ ဒီရာသီမှာ အင်တာမီလန်အတွက် (၃)ပွဲသာ ကစားပေးထားရသေးပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် (၃)လလောက်နားနေခဲ့ရတာပါ။ ဒါပေမယ့် အင်တာမီလန်အသင်းရဲ့ ကစားသမားတွေကတော့ ဆန်းချက်ဇ်ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ကြတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

ဇပါတာ ။         ။ အတ္တလန္တာအသင်းဟာ ဆမ်ဒိုးရီးယားကနေ အငှားနဲ့ခေါ်ယူထားတဲ့တိုက်စစ်မှူး ဇပါတာ ကို အပြီးသတ်စာချုပ် ချုပ်ဆိုပြီးခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူး ဇပါတာ ဟာ အတ္တလန္တာအသင်းကိုပြီးခဲ့တဲ့ ရာသီက စတင်ရောက်ရှိခဲ့တာဖြစ်ပြီး အငှားစာချုပ် ပြည့်သွားခဲ့ပြီးတဲ့နောက် အတ္တလန္တာက အပြီးသတ်ခေါ်ယူလိုက်တာပါ။ အတ္တလန္တာဟာ ဇပါတာ အတွက် ယူရို (၁၂)သန်း ပေးခဲ့ရပါတယ်။

မော့ဆက် ။      ။ အင်တာမီလန်အသင်းနည်းပြ ကွန်တီဟာ ချယ်လ်ဆီးမှာ လက်တွဲခဲ့ဖူးတဲ့ တောင်ပံကစားသမား မော့ဆက် ကို အင်တာမီလန်ဆီ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ အသက် (၂၉)နှစ်အရွယ် ကစားသမားကို ချယ်လ်ဆီးအသင်းက ဖီနာဘာချီအသင်းဆီ အငှားချထားခဲ့တာဖြစ်ပြီး ပေါင်(၈.၅)သန်းနဲ့ ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

READ
၂၀-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

 

SHARE