၁၉-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ဟာလန်း ။       ။ ဒေါ့တ်မွန်အသင်းအတွက် ပွဲဦးထွက် ၀င်ရောက်ကစားခဲ့တဲ့ ပွဲမှာ မိနစ် (၂၀)အတွင်း Hat Trick သွင်းဂိုး သွင်းယူခဲ့တဲ့ ဟာလန်း ကို ဒေါ့တ်မွန်နည်းပြ ဖာဘရီ က ချီးကျူးလိုက်ပါတယ်။ အော့စ်ဘတ်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲစဉ်မှာ ဒေါ့တ်မွန်ဟာ (၃-၁)ဂိုးနဲ့ရှုံးနိမ့်နေခဲ့ပြီးနောက်ပွဲချိန် (၅၉)မိနစ်မှာ ဟာလန်းကို လူစားဝင်ကစားစေခဲ့တာပါ။ ဟာလန်း ဟာ လူစားဝင်လာခဲ့ပြီးတဲ့နောက် ဒေါ့မွန်တိုက်စစ်ပိုင်းကို အပြောင်းအလဲ ဖြစ်သွားစေခဲ့ပြီး မိနစ် (၂၀)အတွင်း ဒေါ့တ်မွန်အသင်းအတွက် (၃)ဂိုးသွင်းယူပေးလိုက်တာပါ။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အာဂျင်တီးနားအသင်းဖော် အဂွီရို ကိုခေါ်ယူဖို့ နည်းပြသစ် ကွီကေး ကို အကြံပြုခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ပြီးတဲ့နောက် မက်ဆီ ကို သီးသန့်ခေါ်ယူတွေ့ဆုံခဲ့ပြီး အသင်းနဲ့ပတ်သက်တဲ့ အကြံဥာဏ်တွေ ရယူခဲ့တယ်လို့ Mirror က ရေးသားဖော်ပြခဲ့တာပါ။

READ
2015/16 ရာသီမှာ အလိမ်အခေါက်အကောင်းဆုံး ဘောလုံးသမား(၁၀)ဦး

 

ပိုဒေါစကီး ။      ။ ဂျပန်ကလပ် ဗစ်ဆယ်ကိုဗေးအသင်းကနေ ထွက်ခွာလာခဲ့တဲ့ တိုက်စစ်မှူး ပိုဒေါစကီးဟာ တူရကီကလပ် အန်တယ်ယက်စပေါ အသင်းဆီ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ Goal က ဖော်ပြပါတယ်။ ပိုဒေါစကီး ဟာ တူရကီစူပါလိဂ်ရဲ့ အဆင့်(၁၆)နေရာမှာ ရပ်တည်နေတဲ့အသင်းအတွက် (၁၈)လ စာချုပ်နဲ့ သွားရောက်ကစားပေးမှာဖြစ်ပါတယ်။

ဝါနာ ။  ။ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာ ကိုရဖို့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ အပြိုင်လုနေရတယ်လို့ Mirror က ဖော်ပြပါတယ်။ ပေါင်သန်း(၆၀)တန် တိုက်စစ်မှူးကို ချယ်လ်ဆီးအသင်းက ကမ်းလှမ်းမှု စတင်ပြုလုပ်ခဲ့ပြီးနောက် လီဗာပူးလ်ကပါ ခေါ်ယူဖို့ ကြိုးစားလာခဲ့တာပါ။ အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ လိုက်ပ်ဇစ်အတွက် (၁၈)ပွဲ ကစားပေးခဲ့ပြီး ဂိုး(၂၀)အထိ သွင်းယူထားခဲ့ပါတယ်။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က မန်ယူဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပြသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ ဒီနေ့ည မြန်မာစံတော်ချိန် (၁၁) နာရီမှာ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မန်ယူအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ကြောင်းနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့တာပါ။

READ
၁၅-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE