၂၀-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ရော်နယ်ဒို ။     ။ မနေ့ညက ကစားခဲ့တဲ့ ပါးမားအသင်းနဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်စ်အတွက် သွင်းဂိုး (၂)ဂိုးသွင်းယူပေးသွားခဲ့တဲ့ ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်အတွက် မှတ်တမ်းသစ်တင်လိုက်ပြန်ပါပြီ။ ရော်နယ်ဒို ဟာ (၂၀၀၅)ခုနှစ်တုန်းက ထရီဇီဂေး တင်ခဲ့တဲ့ စံချိန်ကို လိုက်မှီသွားခဲ့တာဖြစ်ပြီး စီးရီးအေပွဲစဉ် (၇)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်ကစားသမား ဖြစ်လာခဲ့တာပါ။

မာရှယ် ။         ။ မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက မနေ့ညက ပွဲစဉ်မှာ တွေ့ရတဲ့ မာရှယ်ရဲ့ခြေစွမ်းကို ဝေဖန်သွားခဲ့ပြီး မာရှယ်ဟာ မန်ယူအသင်းအတွက် ကစားပေးဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိသေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်မပါနိုင်ခဲ့တဲ့အတွက် မန်ယူအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ရတဲ့ မာရှယ် ဟာ မန်ယူအသင်းအတွက် ချေပဂိုးဖြစ်စေမယ့် အပိုင်အခွင့်အရေးတစ်ကြိမ်ကို ရခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဖြုန်းတီးပစ်ခဲ့တာပါ။

လီယိုနာဒို ။      ။ PSG အသင်း အားကစားဒါရိုက်တာ လီယိုနာဒို က တိုက်စစ်မှူး ကာဗာနီ ဟာ အသင်းကနေ ထွက်ခွာဖို့ ခွင့်တောင်းထားခဲ့တယ်ဆိုတဲ့အကြောင်း မီဒီယာတွေဆီ အသိပေးလိုက်ပါတယ်။ အက်သလက်တီကို အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားတဲ့ PSG ဟာ ဒီအပြောင်းအရွှေ့မှာ ကာဗာနီကို ရောင်းချဖို့ ဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါပြီ။

စပါး ။   ။ အေစီမီလန်အသင်းတိုက်စစ်မှူး ပီယာတက်ခ် ကိုခေါ်ယူဖို့ စပါးနဲ့ အေစီမီလန်တာဝန်ရှိသူတွေ ဆွေးနွေးနေကြပြီလို့ Daily Mail က ဖော်ပြပါတယ်။ အသက် (၂၄)နှစ်အရွယ် တိုက်စစ်မှူးအတွက် စပါးအသင်းက ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဟယ်ရီကိန်းရဲ့နေရာကို အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ဘရာဇီးကွင်းလယ်ကစားသမားလေး ဘရူနို ဂွီမာရေ့စ် ကိုခေါ်ယူဖို့ လိုင်ယွန်အသင်းနဲ့ အပြိုင်ကြိုးစားနေရတယ်လို့ Mirror က ဖော်ပြပါတယ် ။ အသက် (၂၂)နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ ဘရာဇီးကလပ် ပါရာနိစ် အသင်းမှာ ကစားနေသူဖြစ်ပြီး အာဆင်နယ်အသင်း အားကစားဒါရိုက်တာ အီဒူး က ဒီကစားသမားအတွက် ဆွေးနွေးနေတယ်ဆိုတဲ့အကြောင်း အတည်ပြုပေးခဲ့တာပါ။

READ
လီဗာပူးလ်ကိုရောက်ဖို့ သေချာသလောက်ဖြစ်သွားတဲ့ လိုင်ယွန်ကွင်းလယ်လူ ဖေကီယာ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒီအပြောင်းအရွှေ့မှာ မန်ယူအသင်းအနေနဲ့ အငှားဈေးကွက်ထဲကို ၀င်ရောက်သွားဖို့လည်းရှိနေကြောင်း အသိပေးလိုက်ပါတယ်။ မန်ယူအသင်း တာဝန်ရှိသူတွေဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားဝယ်ယူဖို့ထက် အငှားနဲ့ခေါ်ယူဖို့ကိုသာ ဆန္ဒရှိနေပြီး ဒဏ်ရာရ ကစားသမားတွေ များပြားနေမှုကို အငှားခေါ်လို့ရတဲံ ကစားသမားတွေနဲ့ အားဖြည့်ဖို့ စီစဉ်နေတယ်လို့ ဆိုးလ်ရှားက အသိပေးခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE