၂၂-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

အာဆင်နယ် ။   ။ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်း က ပွဲချိန် (၂၆)မိနစ်မှာတင် တစ်ယောက်လျော့ခဲ့ပေမယ့် ချယ်လ်ဆီးကို နှစ်ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် (၂၆)မိနစ်မှာ ဒေးဗစ်လုဇ်ထုတ်ပယ်ခံခဲ့ရပြီး ပင်နယ်တီပေးခဲ့ရပေမယ့်လည်း မာတီနယ်လီ က ပွဲချိန် (၆၃)မိနစ်မှာ အာဆင်နယ်အတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့တာပါ။ပွဲချိန် (၈၄)မိနစ်မှာ ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာ က ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုး တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း (၃)မိနစ်အကြာမှာပဲ ဘယ်လာရင် က အာဆင်နယ်အတွက် ချေပဂိုးပြန်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ်တို့ အဖိုးတန်သရေတစ်မှတ်ကို ရရှိသွားခဲ့တာပါ။

မာတီနယ်လီ ။   ။ မနေ့ညက ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက်အဖိုးတန် ချေပဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ မာတီနယ်လီ ကတော့ တိုက်စစ်မှူးအနယ်ကာ (၁၉၉၈-၉၉)နောက်ပိုင်းမှာ အာဆင်နယ်အတွက် တစ်ရာသီအတွင်း သွင်းဂိုး (၁၀)ဂိုး ရယူနိုင်ခဲ့တဲ့ ဆယ်ကျော်သက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အသက် (၁၈)နှစ်အရွယ် တိုက်စစ်မှူးလေးရဲ့ သွင်းဂိုးဟာ တန်ပြန်တိုက်စစ်ကနေ ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ကွင်းဖက်ခြမ်းကနေ တစ်ကိုယ်တော် ဆွဲပြေးကာ လှလှပပ ကန်သွင်းယူသွားခဲ့တာပါ။

ဂျော်ဂျင်ဟို ။     ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို က အာဆင်နယ်အသင်းကို (၁၀)ယောက် (၁၁)ယောက် ကစားပြီး သရေသာ ရရှိခဲ့ခြင်းဟာ ရှုံးနိမ့်သွားတာနဲ့ အတူတူပဲလို့ ခံစားမိကြောင်း ပြောဆိုလိုက်ပါတယ်။ ပွဲချိန် (၂၆)မိနစ်မှာကတည်းက တစ်ယောက်အသာ၊ တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာ သရေသာ ရရှိခဲ့ခြင်းကို ဂျော်ဂျင်ဟိုက စိတ်ပျက်နေခဲ့တာပါ။ ဂျော်ဂျင်ဟို က ချယ်လ်ဆီးအသင်းကစားသမားတွေဟာ အမှားအနည်းငယ် ကျူးလွန်မိခဲ့ကြပြီး အာရုံစူးစိုက်မှုလည်း လျော့နည်းခဲ့ကြတယ်လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

READ
၂-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရိုမီယို ။ ။ မန်ယူအသင်းဂိုးသမား ရိုမီယို ဟာ တနင်္လာနေ့မနက်ပိုင်းက ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ အလာမှာ ကားမတော်တဆမှု ဖြစ်ခဲ့ပြီး ကံကောင်းလို့ အသက် မဆုံးခဲ့ရတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ရိုမီယို ရဲ့ ပေါင် (၁၇၀၀၀၀)ကျော်တန် လမ်ဘော်ဂီနီကား ဟာ လမ်းဘေးမှာရှိတဲ့ အတားအဆီးကို ကျော်ဖြတ်သွားခဲ့ပြီး ထိန်းချုပ်မှုကင်းလွတ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဖော်ပြပါတယ်။ ဒါပေမယ့် ရိုမီယို ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိပဲ ကံကောင်းစွာလွတ်မြောက်သွားခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။

 

လက်စတာ ။    ။ လက်စတာအသင်းနည်းပြ ရော်ဂျာ က အသင်းရဲ့ ကွင်းလယ်ကစားသမား ချောင်ဒူရီ ကို အငှားချထားဖို့ အစီအစဉ်မရှိကြောင်း အသိပေးလိုက်ပါတယ်။ စီးရီးအေကလပ်အသင်းတွေက အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းနေတဲ့ အသက် (၂၂)နှစ်အရွယ် ကစားသမားအတွက် ရော်ဂျာ က အဖြေပေးလိုက်တာဖြစ်ပြီး အသင်းရဲ့ လူစာရင်းကို အားနည်းသွားစေဖို့ သူ့အနေနဲ့ လုပ်မှာမဟုတ်ကြောင်းအသိပေးလိုက်တာပါ။

READ
၂၉-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ ဒီရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ရင်တောင် ရာထူးကနေ ထုတ်ပယ်ခံရမှာမဟုတ်ကြောင်း The Sun က ဖော်ပြပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေတဲ့ မန်ယူအသင်းဟာ အဆင့်(၄)နေရာက ချယ်လ်ဆီးအသင်းနဲ့ (၆)မှတ်ကွာအနေအထားကို ရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ အနေအထားမှာ ရှိနေတာပါ။ဒါပေမယ့်လည်း အသင်းရဲ့ ဘုတ်အဖွဲ့က ဆိုးလ်ရှားကို အပြည့်အ၀ထောက်ခံပေးထားကြပြီး ရာထူးကနေ ထုတ်ပယ်သွားမှာမဟုတ်ဘူးလို့ The Sun က ဖော်ပြပါတယ်။

ဘိုင်ယန် ။       ။ ဘိုင်ယန်မြူးနစ်ဟာ ရီးယဲလ်အသင်းနောက်ခံလူ အော့ဒ်ရီယိုဇိုလာ ကို (၆)လအငှားနဲ့ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ် နောက်ခံလူဟာ ဂျာမနီမြေကို ဆေးစစ်မှု ခံယူဖို့ ရောက်ရှိသွားခဲ့ပြီး အငှားစာချုပ် ပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့အချက်ကိုလည်း စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုထားတယ်လို့ သိရပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE