၂၄-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ၀ုဗ်အသင်းနဲ့ပွဲစဉ်မှာလည်း (၁-၂)ဂိုးနဲ့ အနိုင်ယူပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပြန်ပါတယ်။ ဂျာဂန်ကလော့ပ်က သူ့ရဲ့အကောင်းဆုံး လူစာရင်းကိုပဲ ဒီပွဲမှာ ပွဲထုတ်ခဲ့တာဖြစ်ပြီး ပွဲအစ (၈)မိနစ်မှာကတည်းက ဟန်ဒါဆင် က လီဗာပူးလ်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် (၅၁)မိနစ်မှာ ၀ုဗ်တိုက်စစ်မှူး ဂျီမီနက်ဇ်ရဲ့ ချေပဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရပြီး ပွဲချိန် (၈၄)မိနစ်မှာ လီဗာပူးလ်တိုက်စစ်မှူး ဖာမီနို က အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ လီဗာပူးလ်အသင်း (၁-၂)ဂိုးနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

အင်တာ ။        ။ အင်တာမီလန်အသင်းဟာ ချယ်လ်ဆီးတောင်ပံကစားသမား မော့ဆက် ကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းကနေ ဖီနာဘာချီအသင်းဆီကို အငှားနဲ့ သွားရောက်ကစားနေရတဲ့ မော့ဆက် ဟာ ဖီနာဘာချီနဲ့ အငှားစာချုပ် ပြည့်သွားခဲ့ပြီးတဲ့နောက် အင်တာမီလန်ဆီရောက်ရှိသွားခဲ့တာပါ။ ကွန်တီအတွက်တော့ ပရီးမီးယားလိဂ်ကနေ ရောက်ရှိလာခဲ့တဲ့ (၄)ယောက်မြောက်ကစားသမား ဖြစ်ခဲ့ပြီး မော့ဆက်၊ လူကာကူ၊ ဆန်းချက်ဇ်နဲ့ အက်ရှ်လေယန်း တို့ကို ပရီးမီးယားလိဂ်ကနေ ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကာဇိုလာ ။      ။ အာဆင်နယ်အသင်းကွင်းလယ်ကစားသမားဟောင်း ကာဇိုလာ က လက်ရှိအသင်းရဲ့နည်းပြအဖြစ် တာဝန်ယူနေတဲ့ အာတီတာ ဟာ တကယ့်နည်းပြကောင်းတစ်ယောက် ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အာဆင်နယ်အသင်းမှာ အာတီတာနဲ့ ကာဇိုလာ တို့ အတူတွဲကစားခဲ့ဖူးပြီး သူ့ရဲ့အသင်းဖော်ဟောင်း ဟာ အနာဂတ်မှာလည်း အောင်မြင်တဲ့နည်းပြတစ်ယောက် အဖြစ် ရပ်တည်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ကြောင်း ကာဇိုလာ က မှတ်ချက်ပေးလိုက်ပါတယ်။

ဒန်နီရို့စ် ။       ။ စပါးအသင်းနောက်ခံလူ ဒန်နီရို့စ်ကိုခေါ်ယူဖို့ ဘုန်းမောက်အသင်းနဲ့ ၀က်ဖို့ဒ်အသင်းတို့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း Goal က ဖော်ပြပါတယ်။ အသက် (၂၉)နှစ်အရွယ် နောက်ခံလူဟာ နည်းပြမော်ရင်ဟိုရဲ့လက်ထက်မှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပြီး နယူးကာဆယ် အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

READ
၂၈-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟာသာဘာလင် ။        ။ ဟာသာဘာလင်အသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ လူးကပ်စ်တူးဆပ် ကို ပေါင်(၂၁)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရှိခဲ့ပြီဆိုတဲ့အကြောင်း L’Equipe က ဖော်ပြပါတယ်။ အသက် (၂၂)နှစ်အရွယ် ကွင်းလယ်လူ ကို ဟာသာဘာလင်က (၅)နှစ်ခွဲ စာချုပ်နဲ့ခေါ်ယူမှာဖြစ်ပြီး ဒီရာသီကုန်ဆုံးချိန်အထိ လိုင်ယွန်အသင်းအတွက် အငှားပြန်ကစားပေးရမယ်လို့ စာချုပ်ထဲမှာ ပါရှိပါတယ်။

အဲရစ်ဆင် .      ။ ဘာစီလိုနာအသင်းဟာ စပါးအသင်း ကွင်းလယ်လူ အဲရစ်ဆင် ကိုခေါ်ယူဖို့ ဆက်သွယ်လာခဲ့တယ် ဆိုတဲ့အကြောင်း Sky Sports က ဖော်ပြပါတယ်။ အဲရစ်ဆင်ဟာ အင်တာမီလန်ဆီကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဆိုပေမယ့် အပြီးသတ် ဆွေးနွေးနိုင်ခြင်းမရှိသေးပဲ အပြောင်းအရွှေ့ဟာ မရေမရာဖြစ်နေသေးတာပါ။ ဒီအခြေအနေမှာ ဘာစီလိုနာအသင်းက ၀င်ရောက်လာခဲ့တာဖြစ်ပြီး အဲရစ်ဆင် ကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာလို့ Sky Sports က ဖော်ပြပါတယ်။

Linn

READ
၇-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : TheSun , Goal  , Mirror

SHARE