၂၇-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

လီဗာပူးလ် ။    ။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာ ရှရူးဘူရီအသင်းကို (၂-၂)ဂိုးနဲ့ သရေကျသွားခဲ့ပါတယ်။ လူငယ်ကစားသမားတွေနဲ့ အရန်ကစားသမားတွေကို ပွဲထုတ်ခဲ့တဲ့လီဗာပူးလ်အသင်းဟာ ပွဲချိန် (၁၅)မိနစ်မှာ ဂျုံးစ်ရဲ့ ဦးဆောင်ဂိုး၊ ပွဲချိန် (၄၆)မိနစ်မှာ လပ်ဗ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုတွေနဲ့အတူ (၀-၂)ဂိုးနဲ့ပွဲကို ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့်လည်း ပွဲချိန်(၆၅)မိနစ်မှာ ပင်နယ်တီပေးခဲ့ရပြီး လူစားဝင်ကစားသမား ကမ်းနင်းစ် က ချေပဂိုးတစ်ဂိုး ပြန်သွင်းယူခဲ့လို၊ ပွဲချိန် (၇၅)မိနစ်မှာလည်း ကမ်းနင်းစ်ကပဲ ချေပဂိုးထပ်သွင်းပေးသွားခဲ့လို့ ပွဲအပြီးမှာ လီဗာပူးလ်အသင်း (၂)ဂိုးစီ သရေကျသွားခဲ့တာဖြစ်ပါတယ်။

မိုနာကို ။        ။ မိုနာကို အသင်းဟာ ပိုလန်ကလပ် လီဂီယာဝါဆောအသင်းရဲ့ ဂိုးသမား မာဂျက်ကီ ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ဆေးစစ်မှု ပြုလုပ်နေပြီဖြစ်ကြောင်း Goal က ဖော်ပြပါတယ်။ အသက် (၂၀)အရွယ် လူငယ်ဂိုးသမားရဲ့ ပြောင်းရွှေ့ကြေးကို ဖော်ပြထားခြင်းမရှိပဲ ဒီကစားသမားကို လီဂီယာဝါဆော အသင်းဆီ ရာသီကုန်ချိန်အထိ အငှားပြန်ချထားပေးရမှာဖြစ်ပါတယ်။

ဆီးဗီးလား ။    ။ ဆီးဗီးလားအသင်းဟာ အေစီမီလန်တောင်ပံကစားသမား ဆူဆို ကို (၁၈)လ အငှားနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ Sky Sports က ဖော်ပြနေပါပြီ။ အေစီမီလန်ဟာ ဆူဆို ကိုရောင်းချဖို့ ပြင်ဆင်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အငှားချထားဖို့သာ သဘောတူညီမှု ရရှိသွားခဲ့ပြီး စာချုပ်ပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူခွင့်ရှိမယ်ဆိုတဲ့အချက်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။

READ
(၂၂-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ဒရော့ဂ်ဘာ ။   ။ ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဒရော့ဂ်ဘာ တစ်ယောက် ဂါလာတာစာရေးအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံလိုက်ရပြီလို့ သတင်းတွေ ထွက်နေတဲ့အပေါ် ဂါလာတာစာရေးအသင်းက တရားဝင် ငြင်းချက်ထုတ်သွားခဲ့ပါတယ်။ ဒရော့ဂ်ဘာ ဟာ တူရကီကလပ်အသင်းရဲ့နည်းပြရာထူးကို ခန့်အပ်ခံလိုက်ရပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး အသင်းအနေနဲ့ နည်းပြရာထူးအတွက် ဆုံးဖြတ်ချက် မချရသေးဘူးလို့ တာဝန်ရှိသူတွေက ကြေညာသွားခဲ့တာပါ။

ဘာစီလိုနာ ။   ။ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးဖို့ပြင်ဆင်နေတဲ့ ဘာစီလိုနာအသင်းအတွက် ကစားသမားသစ် ခေါ်ယူဖို့အချိန် (၄၈)နာရီပဲ ကျန်ပါတော့တယ်။ လာလီဂါရဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ဟာ မကြာခင် အချိန်အတွင်း ပိတ်သိမ်းတော့မှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ကြိုးစားနေမှုကတော့ မအောင်မြင်သေးပါဘူး။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂို ၊ မိုနာကိုတိုက်စစ်မှူး ဘန်ယက်ဘ်ဒါ နဲ့ အင်တာမီလန်ရဲ့ မာတီနက်ဇ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

READ
၇-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ကာဇာဝါ ။      ။ အာဆင်နယ်အသင်းကိုရောက်ဖို့အတွက် သတင်းတွေထွက်နေတဲ့ PSG နောက်ခံလူ ကာဇာဝါကတော့ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းဖို့ သဘောတူညီမှု ရသွားခဲ့ပါပြီ။ PSG ရဲ့ ဘယ်နောက်ခံကစားသမားဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ဆေးစစ်မှု ခံယူတော့မှာဖြစ်ပြီး နှစ်သင်းကြားဆွေးနွေးမှုတွေကို မကြာခင် ထုတ်ပြန်ကြေညာသွားဖို့ ရှိနေပါတယ်။

ရော်နယ်ဒင်ဟို ။         ။ ဘရာဇီးကွင်းလယ်ကစားသမားဟောင်း ရော်နယ်ဒင်ဟို က အာဆင်နယ်အသင်းတိုက်စစ်မှူး မာတီနယ်လီ ရဲ့ ခြေစွမ်းဟာ တစ်ချိန်က ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို ကို ပြန်ပြီး သတိရမိစေတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းပြပြီး ဂိုးတွေသွင်းနေတဲ့ လူငယ်တိုက်စစ်မှူးလေးရဲ့ ခြေစွမ်းကို ရော်နယ်ဒင်ဟို က ချီးကျူးသွားခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းနဲ့ (၂)ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ချေပဂိုးက ရော်နယ်ဒိုကိုပြန်ပြီး သတိရသွားမိစေတယ်လို့ မှတ်ချက်ပေးလိုက်တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE