၂၈-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာ ဘုန်းမောက်အသင်းကို (၀-၂)နဲ့ အနိုင်ယူပြီးနောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန်ပထမပိုင်းမှာတင် ဆာကာ နဲ့ အန်ခီတီယာ တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး နည်းပြ အာတီတာ အတွက် စိတ်ကျေနပ်စရာနိုင်ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ ခံစစ်က မူစတာဖီကတော့ အဲဒီပွဲမှာ ဒဏ်ရာရသွားခဲ့လို့ အာဆင်နယ်ရဲ့ခံစစ်လိုအပ်ချက်က ပိုပြီး ကြီးမားလာခဲ့ပါတယ်။

FA ။    ။ FA ဖလားပြိုင်ပွဲရဲ့ ပဉ္စမအဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီး၊ မန်ယူနဲ့ အာဆင်နယ်အသင်းတို့ ပွဲချောင်ခဲ့ကြပြီး ချယ်လ်ဆီးအသင်းကတော့ ရှရူးဘူရီ-လီဗာပူးလ်ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာပါ။

ရှက်ဖီးဝင်းနက်စ်ဒေး – မန်စီးတီး

ရီဒင်း(သို့)ကာဒစ်ဖ် – ရှက်ဖီးယူနိုက်တက်

ချယ်လ်ဆီး – ရှရူးဘူရီ(သို့)လီဗာပူးလ်

ဝက်စ်ဘရွန်း – နယူးကာဆယ်(သို့)အောက်စ်ဖို့ဒ်ယူနိုက်တက်

လက်စတာ – ကိုဗင်ထရီ (သို့)ဘာမင်ဂမ်

နော်တင်ဟမ်(သို့)ဒါဘီ – မန်ယူ

ဆောက်သမ်တန်(သို့)စပါး – နောဝှစ်ခ်ျ

ပို့စ်မောက် – အာဆင်နယ်

ရိုးမား ။ ။ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် တောင်ပံကစားသမား ပက်ဒရို ကို ရိုးမားအသင်းက ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ ဒေးဗစ်ဘက်ခမ်ရဲ့ အင်တာမီယာမီ ၊ ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေး စတဲ့အသင်းတွေကလည်း ပက်ဒရိုကိုခေါ်ဖို့ ကြိုးစားနေကြပြီး ကစားသမားကိုယ်တိုင်ကတော့ ဥရောပရဲ့ထိပ်သီးကလပ်အသင်းတစ်သင်းဆီကိုသာ ပြောင်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းဟာ ကက်ဂလီယာရီအသင်းရဲ့ အသက်(၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမားကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီရာသီမှာ ကက်ဂလီယာရီအတွက် (၂၃)ပွဲ ကစားပေးထားတဲ့ နာဟီတန် နန်ဒက်ဇ် ကို ၀က်စ်ဟမ်းက ရာသီကုန်အထိ အငှားခေါ်ချင်နေတာဖြစ်ပြီး ပေါင်(၃၃)သန်းနဲ့ခေါ်ခွင့်ရှိမယ်ဆိုတဲ့အချက်ကိုပါ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ဆန်းချက်ဇ် ။    ။ အင်တာမီလန်ဆီ အငှားချထားခဲ့တဲ့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ကို လာမယ့်နွေရာသီမှာ အသင်းဆီ ပြန်လည်ခေါ်ယူသွားဖို့ မန်ယူအသင်းတာဝန်ရှိသူတွေက ပြင်ဆင်နေပါတယ်။မန်ယူအမှုဆောင်ချုပ် ၀ုဒ်ဝါ့ဒ် ဟာ ဆန်းချက်ဇ်ကို ဆက်ပြီး အငှားမချထားချင်တော့သလို၊ ရောင်းချဖို့လည်း ဆန္ဒမရှိတာကြောင့် အသင်းဆီ ပြန်လည်ခေါ်ယူသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းနဲ့ (၂၀၂၂)ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတာဖြစ်ပြီး အက်ဝုဒ်ဝါ့ဒ်ရဲ့ဆုံးဖြတ်ချက်ကို မန်ယူအသင်းပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။

READ
၂၇-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : Mirror , Dailymail , Goal

SHARE