၂၉-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

ဝုဒ်ဝါ့ဒ် ။          ။ မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ရဲ့ ချက်ရှိုင်းယားက နေအိမ်ဟာ မန်ယူအသင်းပရိသတ်တွေရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ “The Men in Black” လို့ အမည်ရတဲ့ မန်ယူပရိသတ်အဖွဲ့ဟာ အင်္ဂါနေ့ညနေပိုင်းက ၀ုဒ်ဝါ့ဒ်ရဲ့စံအိမ်အတွင်းကို မီးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။ လူဦးရေ (၂၀)ကနေ (၃၀)အတွင်းရှိတဲ့ လူအုပ်စုဟာ ကစားသမားသစ်ခေါ်ယူမှု၊ စီမံခန့်ခွဲပုံညံ့ဖျင်းမှု စတဲ့အသင်းရဲ့အခြေအနေတွေကို ဒေါသထွက်ခဲ့ကြတာဖြစ်ပြီး ခြံဝင်းအုတ်တံတိုင်းနံရံတွေမှာလည်း မှုတ်ဆေးဗူးတွေနဲ့ စာတွေရေးသားသွားခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အသက်(၄၈)နှစ်အရွယ် ၀ုဒ်ဝါ့ဒ်၊ ဇနီးဖြစ်သူနဲ့ ကလေးနှစ်ဦးကတော့ အိမ်ထဲမှာ ရှိမနေကြပဲ အပြင်ရောက်နေခဲ့ကြတယ်လို့ Mirror က ဖော်ပြပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းရဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝါ့ဒ်ရဲ့နေအိမ် တိုက်ခိုက်ခံရပြီး နာရီပိုင်းအတွင်းမှာပဲ မန်ယူအသင်းက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အခုလို လုပ်ဆောင်ခဲ့ကြတဲ့ ပရိသတ်တွေကို ဘ၀တစ်သက်တာပွဲကြည့်ခွင့် ပိတ်ပင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ချက်ရှိုင်းယားရဲတပ်ဖွဲ့နဲ့ မန်ယူအသင်းတို့ ပူးပေါင်းပြီး ဒီခြိမ်းခြောက်သူတွေကို ရှာဖွေသွားမှာဖြစ်သလို မန်ယူအသင်းရဲ့ ပွဲစဉ်တွေကို ဘယ်တော့မှ ကြည့်ရှုခွင့်ပေးတော့မှာမဟုတ်ဘူးလို့ အသိပေးလိုက်တာပါ။

 

ဖာနန်ဒက်စ် ။    ။ စပို့တင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ယူအသင်းရဲ့ ကြိုးစားမှု အောင်မြင်သွားခဲ့ပြီဖြစ်ကြောင်း သတင်းစာတွေဖော်ပြနေကြပါပြီ။ မန်ယူအသင်းဟာ ဖာနန်ဒက်စ်ကို ယူရို (၅၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီလိုက်ပြီဖြစ်ပြီး စာချုပ်ပါအချက်အလက်တွေအရ မန်ယူဟာ စုစုပေါင်း ယူရိုသန်း(၈၀)လောက် ကုန်ကျမှာပါ။ ဖာနန်ဒက်စ်အနေနဲ့ လက်ရှိအချိန်မှာ မန်ယူအသင်းနဲ့ ဆေးစစ်မှုခံယူဖို့ ထွက်ခွာလာနေပြီဖြစ်ပြီး သောကြာနေ့မတိုင်ခင် အပြီးသတ် ပြောင်းရွှေ့ဖို့ လုပ်ဆောင်သွားကြမှာပါ။

ရိုဒရီဂို ။ ။ ဗလင်စီယာအသင်းနည်းပြ ဆီလာဒက်စ် က ဘာစီလိုနာအသင်းဟာ  တိုက်စစ်မှူး ရိုဒရီဂို ကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပေမယ့်လည်း ဆွေးနွေးမှု ပျက်ပြယ်သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးဖို့အတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကို အရေးတကြီး လိုက်ရှာနေခဲ့တဲ့ ဘာစီလိုနာဟာ အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူးကို ဦးစားပေးအနေနဲ့ ပစ်မှတ်ထားနေပေမယ့်လည်း အငှားနဲ့သာ အရင်ဆုံးခေါ်ယူချင်တဲ့ ဘာစီလိုနာကြောင့် အပြောင်းအရွှေ့ဆွေးနွေးမှုပျက်ပြယ်သွားခဲ့တာလို့ သတင်းတွေက ဖော်ပြနေတာပါ။

စပါး ။   ။ စပါးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ အသုံးစရိတ် ပေါင်(၁၀)သန်းသာ ရထားကြောင်း The Sun က ဖော်ပြပါတယ်။ စပါးအသင်းဟာ အေစီမီလန်တိုက်စစ်မှူး ပီယာတက်ခ် နဲ့ ဆိုစီဒက် တိုက်စစ်မှူး ၀ီလီယံဟိုဆေး တို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့်လည်း ကန့်သတ်ထားတဲ့ အသုံးစရိတ်ကြောင့် အငှားနဲ့သာ ကနဦးခေါ်ယူနိုင်ဖို့ ဆွေးနွေးနေရတယ်လို့ TheSun က ဖော်ပြပါတယ်။

READ
၁၉-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

 

SHARE