၃၀-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

မန်ယူ ။ ။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဉ်၊ ဒုတိယအကျော့မှာ မန်စီးတီးကို (၀-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ပထမအကျော့က အရှုံးရလဒ်ကို ပြန်လည်ချေပနိုင်ခြင်းမရှိတာကြောင့် ဗိုလ်လုပွဲတက်ခွင့်ကို ဆုံးရှုံးလိုက်ရပါတယ်။ နှစ်သင်းစလုံးက အဓိက ကစားသမား တော်တော်များများကို ပွဲထုတ်ခဲ့ပြီး ပွဲချိန် (၃၅)မိနစ်မှာတင် မာတစ် ရဲ့ ဂိုးနဲ့ မန်ယူအသင်း ဦးဆောင်နိုင်ခဲ့တာပါ။ ပွဲချိန် (၇၆)မိနစ်မှာတော့ မန်ယူကွင်းလယ်လူ မာတစ် (၂)၀ါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ မန်ယူအသင်း (၁၀)ယောက်တည်းနဲ့ ကစားခဲ့ရပြီး ပွဲအပြီးမှာ (၀-၁)နဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမယ့်လည်း ပထမအကျော့ပွဲစဉ်တုန်းက (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့လို့ ဗိုလ်လုပွဲတက်ခွင့်ကိုတော့ မန်ယူအသင်း ဆုံးရှုံးလိုက်ရပါတယ်။ မန်စီးတီးအသင်းကတော့ ဗိုလ်လုပွဲမှာ ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းကလည်း မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၀က်စ်ဟမ်းအသင်းကို (၀-၂)နဲ့ အနိုင်ရပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ဒဏ်ရာရှိနေတဲ့ မာနေး ရဲ့နေရာမှာ အိုရီဂီ ကို ထည့်သွင်းအသုံးပြုခဲ့တဲ့ လီဗာပူးလ်ဟာ ပွဲချိန် (၃၅)မိနစ်မှာပဲ ပင်နယ်တီရခဲ့ပြီး ဆာလက် က ကန်သွင်းယူခဲ့တာပါ။ ပွဲချိန် (၅၂)မိနစ်မှာတော့ ဒီပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ကွင်းလယ်လူ ချိန်ဘာလိန်က လီဗာပူးလ်အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကို (၁၉)မှတ်အထိ ဖြတ်ထားလိုက်နိုင်ပါပြီ။

ဘိုင်ယန် ။       ။ ဘိုင်ယန်မြူးနစ်ရဲ့လေ့ကျင့်ရေးကွင်းမှာ ရန်ဖြစ်ခဲ့ကြတဲ့ ဘိုတန်နဲ့ ဂိုရက်ဇ်ကာ တို့နှစ်ယောက် ပြန်လည်သင့်မြတ်သွားကြပြီလို့ ဂျာမန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ လေ့ကျင့်ရေးကွင်းရန်ပွဲမှာ ဂိုရက်ဇ်ကာရဲ့ဖျက်ထုတ်မှုကို မကျေနပ်လို့ ဘိုတန်က ဂိုရက်ဇ်ကာရဲ့မျက်နှာကို လက်နဲ့ရိုက်ခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ ရန်ပွဲကို လီဝန်ဒေါစကီးနဲ့ မူလာ က ၀င်ရောက်ဖြန်ဖြေခဲ့ရပြီး လေ့ကျင့်ရေးပြီးတဲ့နောက် နာရီအနည်းငယ်အကြာမှာ ပြန်လည်သင့်မြတ်သွားခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒေါ့တ်မွန် ။      ။ ကစားသမားခေါ်ယူမှုတွေကို အံ့အားသင့်အောင် ပြုလုပ်နိုင်တဲ့ ဒေါ့တ်မွန်အသင်းဟာ ဂျူဗင်တပ်စ်ကွင်းလယ်လူ အန်မရီချန် ကို ပေါင်(၂၂)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဒီနေ့မှာ ကြေညာသွားမယ်လို့ Daily Mail က ဖော်ပြပါတယ်။ ဒေါ့တ်မွန်ဟာ အမ်မရီချန် ကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ ပေါင်(၂၂)သန်းနဲ့ ခေါ်ဖို့ သဘောတူလိုက်ပြီဖြစ်တယ်လို့ Daily Mail က ဖော်ပြတာပါ။

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ၀ီလီယံ ကို ပေါင်သန်း(၂၀)နဲ့ ကမ်းလှမ်းလိုက်တယ်လို့ Sky Sports က ဖော်ပြပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲ(၃၀) ကစားပေးထားပြီး (၅)ဂိုးသွင်း၊ (၅)ဂိုးဖန်တီးထားတဲ့ ကစားသမားဟာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုထားတာကြောင့် ရောင်းချခံရလိမ့်မယ်လို့ သတင်းတွေ ထွက်နေသူပါ။

READ
၇-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE