၁-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter 'Telegraph'

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မန်ယူနဲ့ (၄)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါပြီ။ ကစားသမားနဲ့အသင်းကြား သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေမှုဟာ ပြီးဆုံးသွားခဲ့ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ တစ်ပတ်လုပ်ခ ပေါင်(၃၀၀၀၀၀)ရရှိမှာဖြစ်တယ်လို့ တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြပါတယ်။ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းဖော်တိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့တစ်ပတ်ကို ပေါင်(၅၀၀၀၀၀)ဆိုတဲ့ လုပ်ခလစာမျိုးကို လိုချင်နေခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ပေါင်(၃၀၀၀၀၀)နဲ့ သဘောတူသွားခဲ့တာဖြစ်ပါတယ်။

ရွန်နီ ။  ။ ဒီစီယူနိုက်တက်အသင်းတိုက်စစ်မှူး ၀ိန်းရွန်နီ က သူ့ရဲ့ကစားသမားဘ၀ လက်တွဲဖူးခဲ့တဲ့ နည်းပြတွေထဲမှာ မန်ယူနည်းပြဟောင်း ဗန်ဟားလ် က အကောင်းဆုံးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဗန်ဟားလ်ဟာ မန်ယူအသင်းမှာ ဆုဖလားတစ်လုံးသာ ရပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း ရွန်နီကတော့ ဗန်ဟားလ်ရဲ့နည်းပြ အရည်အသွေးဟာ မန်ယူရဲ့ဂန္ဓ၀င်နည်းပြကြီး ဖာဂူဆန်ထက်တောင် သာလွန်နေတယ်လို့ ယုံကြည်နေပါတယ်။

Twitter ‘TheSun’

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က သူ့အနေနဲ့ အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားဖို့ အစီအစဉ်မရှိသလို ဂျာမနီမြေကိုလည်း ပြန်ပြီး နည်းပြမှာမဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဂွာဒီယိုလာ က မန်စီးတီးဟာ သူလိုသမျှအရာအားလုံးကို ပံ့ပိုးပေးနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်ဟာလည်း ကမ္ဘာပေါ်က ဘောလုံးပြိုင်ပွဲတွေထဲမှာ အလှပဆုံးပြိုင်ပွဲတစ်ပွဲ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
၉-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Frank Augstein, File)

လီဗာပူးလ် ။     ။ ကော်တင်ဟို ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်အသင်းဟာ ကစားသမားအတွက် ဆွေးနွေးမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ Daily Mirror သတင်းစာက ဖော်ပြပါတယ်။ ကော်တင်ဟို ကို မန်ယူအသင်းကလည်းခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးပြီး ကော်တင်ဟို ကိုယ်တိုင်က လီဗာပူးလ်ကို လေးစားတဲ့အနေနဲ့ မန်ယူအသင်းဆီ ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူးလို့ပြောဆိုခဲ့တာပါ။ ဘာစီလိုနာအသင်းကလည်း ဂရစ်ဇ်မန်း ၊ နေမာ တို့ကိုခေါ်ယူနိုင်ဖို့အတွက် ကော်တင်ဟို ကို ပြန်လည်ရောင်းချဖို့ ဆန္ဒရှိနေပြီး ပေါင်သန်း(၁၀၀)၀န်းကျင်နဲ့ရောက်ရှိလာဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Natacha Pisarenko)

ဒင်းနစ်ဆွာရက်ဇ် ။       ။ ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ် ဟာ ဆယ်လ်တာဗီဂို အသင်းဆီ ပေါင်(၁၂)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။ အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ ရာသီက အငှားချထားခဲ့ပြီးတဲ့နောက် ဘာစီလိုနာဆီ ပြန်ရောက်လာတဲ့ ကစားသမားဟာ ဘာစီလိုနာရဲ့အရောင်းစာရင်းထဲမှာ ရှိနေခဲ့ပြီးတဲ့နောက် ဆယ်လ်တာဗီဂိုက ခေါ်ယူနိုင်ခဲ့တာပါ။

ဂရစ်ဇ်မန်း ။      ။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ လာမယ့်ရက်ပိုင်းအတွင်း ပရိသတ်နဲ့မိတ်ဆက်ပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်း Marca သတင်းစာက ဖော်ပြပါတယ်။ ဘာစီလိုနာဟာ ဂရစ်ဇ်မန်းအတွက် ပေါင်(၁၀၇)သန်း အသုံးပြုခဲ့ပြီး နှစ်ဖက်အသင်းကြား ဆွေးနွေးမှုဟာ တနင်္ဂနွေနေ့ညမှာ အောင်မြင်ပြီးမြောက်သွားခဲ့တယ်လို့ ရေးသားသွားခဲ့ပါတယ်။

READ
၂၅-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : Goal , TheSun , Dailymail

SHARE