၇-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

အာတီတာ ။     ။ မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ လိဒ်အသင်းတို့ရဲ့ ပွဲစဉ်မှာ လိဒ်အသင်းကို အနိုင်ရခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းနည်းပြ အာတီတာ က ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ အဲဒီပွဲစဉ်မှာ နယ်လ်ဆင် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း အာတီတာ ကတော့ အာဆင်နယ်ကစားသမားတွေရဲ့ ခြေစွမ်းဟာ တဖြည်းဖြည်း ကျေနပ်စရာကောင်းလာခဲ့ကြောင်းနဲ့ နည်းစနစ်ပိုင်းအရ အံဝင်အောင်လည်း ကစားနိုင်ခဲ့ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Twitter / Mirror

အက်ဖ်အေဖလား ။       ။ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေ ပွဲချောင်ကြဖို့ရှိနေပါတယ်။

ဝက်ဖို့ဒ် (သို့) ထရန်းမဲ Vs ၀ုဗ် (သို့) မန်ယူ

ဟူးလ်စီးတီး Vs ချယ်လ်ဆီး

ဆောက်သမ်တန် Vs မစ်ဒယ်ဘရော့ (သို့) စပါး

ကျူပီအာ Vs ရှက်ဖီးဝင်းနက်စ်ဒေး

ဘုန်းမောက် Vs အာဆင်နယ်

နော်တမ်ဟမ် Vs ဒါဘီ

ဘရန့်ဖို့ဒ် Vs လက်စတာ

မီဝေါ Vs ရှက်ဖီးယူနိုက်တက်

ရီဒင်း (သို့) ဘလက်ပူးလ် Vs ကာဒစ်ဖ် (သို့) ကာလစ္စလေ

READ
မန်ယူကစားသမားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

ဝက်စ်ဟမ်း Vs ၀က်စ်ဘရွန်း

ဘန်လေ Vs နောဝှစ်ခ်ျ

ဘရစ္စတိုး (သို့) ကိုဗင်ထရီ Vs ဘာမင်ဂမ်

မန်စီးတီး Vs ဖူလ်ဟမ်

ရို့ခ်ျဒေး (သို့) နယူးကာဆယ် Vs အောက်စ်ဖို့ဒ်

ပို့စ်မောက် Vs ဘန်စလေ

ဘရစ္စတိုးစီးတီး (သို့) ရှရူးဘူရီ Vs လီဗာပူးလ်

 

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ မန်စီးတီးနဲ့ ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ယူကစားသမားတွေကို ထိရောက်တဲ့ ကာကွယ်မှုမျိုးပေးဖို့အတွက် ဒိုင်လူကြီးတွေကို တောင်းဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်ဒိုင်တွေဟာ မန်ယူကစားသမားတွေ ပြစ်ဒဏ်ဘောကျူးလွန်ခံနေရတာကို မသိကျိုးကျွံပြုနေကြပြီး ကစားသမားတွေကို ပိုမိုကာကွယ်ပေးဖို့ လိုအပ်နေကြောင်း တိုက်တွန်းသွားခဲ့တာပါ။

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းနဲ့ ကက်ဂလီယာရီ အသင်းတို့ရဲ့ ပွဲစဉ်မှာ Hat Trick သွင်းဂိုး သွင်းယူသွားခဲ့တဲ့ ရော်နယ်ဒိုကတော့ စီးရီးအေပြိုင်ပွဲမှာ ပထမဆုံး Hat Trick သွင်းနိုင်ခဲ့တဲ့ ပေါ်တူဂီ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ အသက် (၃၅)နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အဲဒီပွဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသသွားခဲ့တာဖြစ်ပြီး (၄-၀)နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၃)ဂိုးသွင်း၊ (၁)ဂိုး ဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။

Linn

READ
မန်ချက်စတာယူနိုက်တက်ကို တစ်ကျော့ပြန်ရောက်လာတဲ့ ဘာဘာတော့ဗ်

Source : TheSun , Goal , Mirror

SHARE