၉-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မန်ယူ ။          ။ မန်ယူအသင်းဟာ အဓိက နောက်ခံကစားသမား မက်ဂွိုင်းယား ဒဏ်ရာရသွားခဲ့တာကြောင့် နောက်ခံလူတစ်ဦးကို အငှားနဲ့ခေါ်ဖို့ စီစဉ်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ နောဝှစ်ခ်ျအသင်းနဲ့ ကစားရမယ့် ဒီတစ်ပတ် ပွဲစဉ်အတွက် မန်ယူခံစစ်မှာ လင်ဒီလော့ဖ်တစ်ယောက်ပဲ ကြံ့ခိုင်မှုအပြည့်နဲ့ ရှိနေပြီး ကျန်တဲ့ ကစားသမားတွေကတော့ ပွဲကစားနိုင်ဖို့ ရုန်းကန်နေရတယ်လို့ Mirror က ရေးထားတာပါ။ မက်ဂွိုင်းယားဟာ လက်ရှိမှာ ကြွက်သားနာကျင်မှု ဒဏ်ရာကို ခံစားနေရတာဖြစ်ပြီး ဖေဖော်ဝါရီမတိုင်ခင်အထိ ပွဲကစားနိုင်ဖို့ ရုန်းကန်ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

 

ချယ်လ်ဆီး ။     ။ချယ်လ်ဆီးအသင်းဟာ ၀က်စ်ဟမ်းရဲ့ အသက်(၂၂)အရွယ် နောက်ခံလူ အစ်ဆာ ဒိုင်အုပ် ကို ပေါင်သန်း(၄၀)နဲ့ခေါ်ဖို့ ပစ်မှတ်ထားနေတယ်လို့ Goal က ဖော်ပြပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် ဟာ ခံစစ်ပိုင်းကို ပိုမိုကောင်းမွန်အောင်လုပ်ဖို့ စီစဉ်နေပြီး ချယ်လ်ဆီးအသင်းပိုင်ရှင် မိုဗစ် ကလည်း ကစားသမားသစ်တွေခေါ်ဖို့ လုံလောက်တဲ့ငွေကြေးတွေ ထုတ်ပေးမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ပဲလေ့စ် ။         ။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အဲဗာတန်အသင်းတိုက်စစ်မှူး တိုဆန် ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ကြောင်း Sky Sports က ဖော်ပြပါ တယ်။ တူရကီလက်ရွေးစင် တိုက်စစ်မှူးဟာ နိုင်ငံအသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့အတွက် ပွဲကစားချိန်ပိုမိုလိုအပ်နေတာကြောင့် ပဲလေ့စ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ တိုဆန် ဟာ ဒီရာသီမှာ အဲဗာတန်အသင်းအတွက် (၅)ပွဲသာ ကစားပေးထားရသေးပြီး သွင်းဂိုး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။

အက်ရှ်လေယန်း ။        ။ မန်ယူအသင်းနောက်ခံလူ အက်ရှ်လေယန်း ဟာ လာမယ့်နွေရာသီမှာ အင်တာမီလန် ဆီပြောင်းဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဆိုတဲ့အကြောင်း BBC က ဖော်ပြလိုက်ပါတယ်။ ဒီရာသီ ကုန်ဆုံးချိန်မှာ မန်ယူနဲ့ စာချုပ် သက်တမ်းကုန်တော့မယ့် အသက် (၃၄)နှစ်အရွယ် နောက်ခံလူဟာ အင်တာမီလန်နဲ့ ဆွေးနွေးမှု အောင်မြင်သွားခဲ့ပြီး (၉)ရာသီကြာ ကစားပေးခဲ့တဲ့ မန်ယူအသင်းကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။

READ
၅-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

စပါး ။   ။ စပါးအသင်းနည်းပြ မော်ရင်ဟို ဟာ ဒဏ်ရာရရှိသွားတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့နေရာကို အေစီမီလန်တိုက်စစ်မှူး ပီယာတက် နဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ပေါင်သန်း(၃၀)လောက်သာ တန်ကြေးရှိတဲ့ ပီယာတက် ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်လို့ သတ်မှတ်ခြင်းခံခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာတော့ အေစီမီလန်မှာ ရုန်းကန်နေခဲ့ရတာပါ။ ပီယာတက် ကို စပါးအပြင် ဗီလာ၊ နယူးကာဆယ် အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မိုဗစ် ကိုခေါ်ယူထားနိုင်တဲ့ အေစီမီလန်အနေနဲ့လည်း ပီယာတက် ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ရှိနေပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE