၁၀-၂-၂၀၁၉ အတွက် နံနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဖာဒီနန်။                   ။ မန်ယူအသင်းရဲ့ ဂန္တ၀င်နောက်တန်းကစားသမား ဖာဒီနန်က ဖူလ်အသင်းကို (၃-၀)ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ “မန်ယူအသင်း အစစ်အမှန်ကို ပြန်မြင်ရပြီ” ဆိုပြီး ကြုံးဝါးခဲ့ပါတယ်။ မန်ယူ အသင်းဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို ယာယီတက် လှမ်း နိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ယာယီနည်းပြဆိုးလ်ရှားလက်အောက်မှာ အထူးခြေစွမ်းပြနေပြီး (၁၁)ပွဲ ကစား (၁၀)ပွဲနိုင် (၁)ပွဲသရေနဲ့ ရှုံးပွဲလုံးဝ မရှိသေးပါဘူး။

ရာမို့စ်။           ။ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာ အသင်းကို အမှီလိုက်နိုင်မယ်လို့ ယုံကြည်ကြောင်း အက်သလက်တီကိုအသင်းကို (၃-၁)နဲ့ အနိုင်ရရှိခဲ့တဲ့ မက်ဒ ရစ်ဒါဘီပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်း တစ်ပွဲလျော့အနေ အထားနဲ့ ဒုတိယနေရာက ရီးရဲလ်အသင်းကို (၅)မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နေပါတယ်။ ရာမို့စ်က “လာလီဂါပြိုင်ပွဲ ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာပါ။ ပွဲတွေ အများကြီးကျန်သေးပြီး ဘာ တွေဆက်ဖြစ်မလဲ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ ချန်ပီယံဖြစ်ဖို့အတွက် ကျွန်တော်တို့ မျှော်လင့် ထားသလို ဘာစီလိုနာ ကို တတ်နိုင်သလောက် ဖိအားပေးပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

 

ပီအက်စ်ဂျီ။      ။ လာမယ့် ကြားရက်မှာ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ရှုံးထွက် ပ-ကျော့ ယှဉ်ပြိုင်ကစားရမယ့် ပီအက်စ်ဂျီအသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မနေ့ညက ဘော်ဒိုးကို (၁-၀)နဲ့ အနိုင်ရ ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူးကာဗာနီဟာ ကြွက်သားဒဏ်ရာကြောင့် ဒုတိယပိုင်းအစမှာပဲ လူစားလဲခဲ့ရပြီး အားထားရ တဲ့ ညာနောက်ခံလူ မူနီယာလည်း ပွဲချိန်မိနစ်(၈၀)၀န်းကျင်ခန့်မှာ ဒဏ်ရာပြဿနာကြောင့် လူးစားလဲခံ ခဲ့ရပါ တယ်။ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမား နေမာဟာ မန်ယူနဲ့ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် နှစ်ကျော့စလုံးကို ဒဏ်ရာပြဿနာကြောင့် လွဲချော်မှာဖြစ်ပြီး ရှုံးထွက် ပ-ကျော့ပွဲစဉ်ကို တိုက်စစ်မှူးကာဗာနီနဲ့ ကွင်းလယ်လူ ဗာရက်တီနဲ့ ညာနောက်ခံလူ မူနီယာတို့ ကစားနိုင်ဖို့ မသေချာကြောင်း ပီအက်စ်ဂျီ နည်းပြတူချယ်လ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

READ
၂၉-၆-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ပေါ့ဘာ။                   ။ ယာယီနည်းပြ ဆိုးလ်ရှားလက်အောက်မှာ အထူးခြေစွမ်းပြနေတဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာက ဆိုးလ်ရှားကို ချီးကျူးရင်း သူနဲ့အဆင်မပြေ ဖြစ်ခဲ့တဲ့ နည်းပြဟောင်း မော်ရင်ဟိုကို လှောင်ပြောင် သွားခဲ့ပါတယ်။ မန်ယူအသင်းကို မော်ရင်ဟို ကိုင်တွယ်ခဲ့စဉ်က ပေါ့ဘာဟာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို မော် ရင်ဟိုကလည်း ပေါ့ဘာရဲ့ ခြေစွမ်းကို လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ မန်ယူအသင်းကို ဆိုးလ်ရှားကိုင် တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်(၉)ပွဲမှာတော့ ပေါ့ဘာဟာ (၈)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၅)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ ပါ တယ်။ ဖူလ်ဟမ်ပွဲရဲ့ ပွဲပြီးအင်တာဗျူးမှာ ဆိုးလ်ရှားက မန်ယူအသင်းကို ဘာတွေသယ်ဆောင်လာလည်း ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ပေါ့ဘာက “ ပျော်ရွှင်မှုတွေပါ။ သူ(ဆိုးလ်ရှားဟာ) ဂိုက်ပေးကြမ်းနေတာ၊ ပဲများနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးအတွက် ပျော်ရွှင်မှုတွေကို သယ်ဆောင်လာပေးသူပါ ” လို့ ဖြေကြားခဲ့တာပါ။

ဝီနယ်လ်ဒန်း။    ။ လီဗာပူးလ်နည်းပြ ကလော့ပ်က ဘုန်းမောက်ကို (၃-၀)နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ မနေ့ညကပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူဝီနယ်လ်ဒန်းကို ချီးကျူးစကားပြောခဲ့ပါတယ်။ ၀ီနယ်လ်ဒန်းဟာ အဖျား ဝေဒနာကြောင့် ပြီးခဲ့တဲ့ တစ်ပတ်လုံးအသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ ကလော့ပ်က “၀ီနယ်လ်ဒန်းဟာ သောကြာနေ့ညအထိ အသင်းဟိုတယ်မှာ မအိမ်နိုင်ပဲ အဖျားကြီးနေလို့ အိမ်မှာပဲ အနားယူ နေရတာပါ။ သူဟာ ဘုန်းမောက်နဲ့ ပွဲမတိုင်ခင် ရှေ့နှစ်ရက်လုံးလုံး ၀မ်းလျှောပြီး အော့အန်နေခဲ့လို့ အသင်းနဲ့ မပူးပေါင်းနိုင်တာပါ။ အသင်းရဲ့ လိုအပ်ချက်အရ ကြံ့ခိုင်မှု မပြည့်ဝပေမယ့် ပွဲဝင်ကစားခဲ့ရပေမယ့် ကျွန်တော် ထင်ထားတာထက်ပိုပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်” လို့ ချီးကျူးခဲ့တာပါ။

 

 

အက်သက်တီကို။         ။ ရီးရဲလ်အသင်းကို (၃-၁)ရလဒ်နဲ့ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲမှာ တီကိုအသင်းကို နစ်နာစေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဇာဗီယာ ဖာနန်ဒက်စ်ကို အက်သလက်တီကိုအသင်းက တွစ်တာကနေတစ်ဆင့် လှောင်ပြောင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန် မိနစ်(၄၀)မှာ တီကို နောက်ခံလူဟီမီနက်စ်ဟာ ရီးရဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ကို ပင်နယ်တီဧရိယာ ပြင်ပမှာ ပြစ်ဒဏ်ကျူး လွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပွဲချိန်(၅၄)မိနစ်မှာ တီကိုအသင်းအတွက် တိုက်စစ်မှူးမိုရာတာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ကာ ဂိုးအဖြစ် ခွင့်မပြုခဲ့ပါဘူး။ ပွဲချိန်(၆၆)မိနစ်မှာတော့ မိုရာတာကို ရီးရဲလ်ကွင်းလယ်လူ ကက်စမီရိုက ပင်နယ်တီ ဧရိယာထဲမှာ တွန်းချခဲ့တာကြောင့် တီကိုအသင်းသားတွေ ပင်နယ်တီအဖြစ် သတ်မှတ်ပေးဖို့ ၀ိုင်းဝန်းစောဒက တက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် ငြင်းဆန်ခဲ့ပါတယ်။

READ
အသင်းသစ်နဲ့ပွဲဦးထွက်မှာ ဂိုးသွင်းယူပေးနိုင်တဲ့ခဲ့ ဗြိတိန်အသက်ကြီးဆုံး ဘောလုံးသမားကြီး

ဆိုးလ်ရှား။       ။ မန်ယူယာယီနည်းပြ ဆိုးလ်ရှားက လာမယ့်ကြားရက်ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် ပ-ကျော့မှာ နေမာ မပါတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမှာကြောင့် မန်ယူအသင်းသားတွေဟာ စိတ်ပျက်နေကြ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားက “ နေမာဟာ အရမ်းကို ထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော်တို့ ပရိသတ်တွေက သူကစားတာ ကြည့်ချင်နေသလို မန်ယူအသင်းသားတွေကလည်း သူ့နဲ့ အရမ်း ရင်ဆိုင် ကစားချင်နေကြပါတယ်။ အကောင်းဆုံးကစားသမားတွေနဲ့ ရင်ဆိုင်ရတော့မှ ကိုယ့်အရည်အချင်း အမှန်ကို စမ်းသပ်နိုင်မှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားဘ၀က ဇီဒန်း၊ ရော်နယ်ဒို၊ ဖီဂို၊ မာလ်ဒီနီ တို့လို အကောင်းဆုံးကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတာကို အမှတ်ရမိပါတယ်” ဆိုပြီး ဖွင့်ဟခဲ့တာပါ။

Ref: Goal.com , BBCSport , DailyMail

SHARE