(၁၀-၅-၂၀၁၉)အတွက် နံနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Alberto Saiz)

ဗလင်စီယာ 2-4 အာဆင်နယ် – ပထမအကြော့ကို ဂိုးပြတ်အနိုင်ရရှိထားတဲ့ အာဆင်နယ်ဟာ ဒီပွဲမှာ ဘာစီလိုနာလမ်းစဉ်မျိုး မဖြစ်မခံခဲ့ပါဘူး။ တိုက်စစ်ကို အိမ်ရှင်နဲ့အပြိုင် ခပ်မြိုင်မြိုင်လိုက်ကစားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အိုဇေးလ်ရဲ့စွမ်းဆောင်ရည်ကတော့ စိတ်ကျေနပ်စရာ မရှိခဲ့ပါဘူး။

ဗလင်အတွက် ဂိုးတွေကို ဂါမိုင်ရိုတစ်ဦးတည်းကပဲ ပွဲချိန်(၁၁)(၅၈)မိနစ်တွေမှာ သွင်းယူပေးခဲ့တာပါ။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူး အူဘာမီယန်က (၁၇)(၆၉)(၈၈)မိနစ်တွေမှာ သွင်းယူပေးခဲ့ပြီး၊ လာကာဇက်ကလည်း မိနစ်(၅၀)မှာ သွင်းယူပေးခဲ့ပါတယ်။

ဂန္ထဝင်ဒိုကြီး – ဘာကာနဲ့ ရီးယဲလ်အသင်းတွေမှာ ခြေစွမ်းပြကစားခဲ့တဲ့ ဘရားဇီးဂန္ထဝင်တိုက်စစ်မှူးကြီးဖြစ်တဲ့ ရော်နယ်ဒိုနာဇာရီယိုက ဘာစီလိုနာပရိသတ်တွေဟာ နိုင်ပွဲရရင် မက်ဆီကို ကောင်းချီးပေးကြပြီး၊ ရှုံးပွဲရရင် နည်းပြ၊ ကော်တင်ဟို၊ ဆွာရက်ဇ်တို့ ညံ့လို့ဆိုပြီး ပြောတတ်ကြတာဟာ အလွန်စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောခဲ့ပါတယ်။

Manchester United

လုခ်ရှော – မန်ယူအသင်းနောက်ခံလူ လုခ်ရှောဟာ မန်ယူအသင်းကနေ ရွေးချယ်ချီးမြင့်လေ့ရှိတဲ့ Sir Matt Busby Fans’ Player of the Year ဆုကို အသင်းဖော်တွေကို ကျော်ဖြတ်ပြီး ရရှိခဲ့ကြောင်း သိရပါတယ်။ ဒီဆုကို မန်ယူနည်းပြ ဆိုးလ်ရှားကိုယ်တိုင် ချီးမြင့်ခဲ့တာပါ။

(AP Photo/Alastair Grant)

ချယ်လ်ဆီး 1-1 Eintracht – ပထမအကျော့မှာ 1-1 သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ဒီပွဲစဉ်မှာတော့ အိမ်ရှင်ချယ်လ်ဆီးဟာ Eintracht ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာလို့ ပြောရမှာပါ။ အဖွင့်ဂိုးကို ရူဘန်ချက်က ပွဲချိန်(၂၈)မိနစ်မှာ ချယ်လ်ဆီးအတွက် သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း (၄၉)မိနစ်မှာ လူကာဂျိုဗစ်က ဧည့်သည်အတွက် ပြန်သွင်းပေးခဲ့ပါတယ်။ ပင်နယ်တီကန်သွင်းမှုမှာတော့ ချယ်လ်ဆီးက (၄-၃)ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ ချယ်လ်ဆီးနဲ့အာဆင်နယ်တို့ဟာ ယခုလ (၂၉)ရက်မှာ ယူရိုပါလိဂ်ဖိုင်နယ်ကို ကစားကြမှာဖြစ်ပြီး ကစားမယ့်နေရာကတော့ အဇာဘိုင်ဂျန်နိုင်ငံ၊ Baku Olympic Stadium ကွင်းမှာဖြစ်ပါတယ်။

(AP Photo/Alberto Saiz)

အမ်မရီ – အာဆင်နယ်နည်းပြ အမ်မရီက ယူရိုပါလိဂ်ဖိုင်နယ် တက်ရောက်နိုင်ရုံနဲ့ အောင်မြင်မှုမဟုတ်ကြောင်း၊ အဆင့်တွေကျော်ဖြတ်ရဦးမှာဖြစ်ပြီး၊ ဒါကို ကောင်းကောင်းသဘောပေါက်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။ အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာဗိုလ်စွဲဖို့ ပစ်မှတ်ထားနေပြီး၊ ဒီနည်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို မှန်းနေတာပါ။

ဆောက်ဂိတ် – အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က လက်ရှိ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေကို ကိုင်တွယ်နေတဲ့ ဂွါဒီယိုလာနဲ့ ကလော့ပ်တို့နှစ်ဦးစလုံး အလွန်ကိုတော်တဲ့ နည်းပြတွေဖြစ်ကြကြောင်း ချီးကျူးခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ EPL မှာလည်း ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေပြီး၊ လီဗာပူးကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရဦးမှာပါ။

ဆွာရက်ဇ် – ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ဟာ လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဗလင်စီယာနဲ့ကစားရမယ့် ကိုပါဒယ်ရေးဖိုင်နယ်ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူရဦးမှာပါ။

ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ ဘာကာနဲ့ ယူရိုပါလိဂ်က ထွက်ခဲ့ရတဲ့ ဗလင်စီယာတို့ အခုလ (၂၅)ရက်မှာ ဆုံတဲ့ပွဲဖြစ်တာကြောင့် အားပြိုင်မှုက ပြင်းထန်နေမှာပါ။ ကစားရမယ့်ကွင်းကတော့ Benito Villamarín ဖြစ်ပြီး ဆီးဗီးလ်မြို့မှာတည်ရှိပါတယ်။ ရီးယဲဘက်တစ်ရဲ့ အိမ်ကွင်းပါ။

(AP Photo/Peter Dejong)

ဗာတွန်ဂန် – ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယကြော့ အေဂျက်နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဗာတွန်ဂန်အနေနဲ့ လီဗာပူးနဲ့ကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အမီ ပြန်ကောင်းလာဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ သတင်းတွေအရတော့ ဗာတွန်ဂန်ရဲ့ဒဏ်ရာဟာ သိပ်ပြီးပြင်းထန်မှု မရှိဘူးလို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)

READ
၂၄-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : skysports.com/ goal.com/ marca.com/ thesun.co.com/ mirror.co.uk/ metro.co.uk

SHARE