၈-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

မန်ယူ ။ ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားရဲ့ လက်ရှိရလဒ်ပိုင်းကို အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ် က စိတ်ပျက်နေပြီဖြစ်ပြီး မန်ယူအသင်းစီနီယာကစားသမားတွေကလည်း ဆိုးလ်ရှားရဲ့နည်းစနစ်ပိုင်းအပေါ် မေးခွန်းထုတ်နေကြပြီလို့ Mirror က ဖော်ပြပါတယ်။ ရာသီမစခင်ကတည်းက ဒီရာသီရဲ့ ပထမဆုံးထုတ်ပယ်ခံရမယ့် နည်းပြ စာရင်းမှာပါဝင်ခဲ့တဲ့ ဆိုးလ်ရှားဟာ နယူးကာဆယ်အသင်းကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ဖိအားတွေပိုတိုးလာခဲ့ပြီး သူ့ရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က ပရီးမီးယားလိဂ် ချန်ပီယံဆုဟာ ပွဲစဉ် (၈)အပြီးမှာတင်ပဲ အဆုံးသတ် သလောက် ဖြစ်သွားခဲ့ပြီလို့ ဖွင့်ဟလိုက်ပါတယ်။ ၀ုဗ်အသင်းကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်စီးတီးဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၈)မှတ်အထိ ကွာဟသွားခဲ့ပြီး ဒီအခြေအနေက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက အသင်းရဲ့လက်ရှိနည်းပြ အမ်မရီဟာ စပါး ၊ မန်ယူတို့ရဲ့ လက်ရှိရလဒ်ပိုင်းတွေကြောင့် အဆင့်(၄)အတွင်းကို ရောက်ဖို့ အားစိုက်စရာမလိုတဲ့ အခြေအနေဖြစ်နေတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းကို သူကိုင်တွယ်ခဲ့စဉ်တုန်းက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ အသင်းကြီးတွေရဲ့ခြေစွမ်းကြောင့် အဆင့်(၄)အတွင်း ၀င်ဖို့ကို ခက်ခက်ခဲခဲကြိုးစားခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အမ်မရီ ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အေးဆေးဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာပါ။

READ
(၂)နှစ်သက်တမ်းတိုးဖို့ ညှိနှိုင်းခဲ့ပြီးနောက် လာကာဇက်နဲ့ဘာပေကို ၀င်းဂါးခေါ်ယူဖို့ ပြင်ဆင်

 

မာတီနယ်လီ ။   ။ အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမား မာတီနယ်လီ ကို အီတလီလက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ တာဝန်ရှိသူတွေက ချိတ်ဆက်မှုတွေ ပြုလုပ်နေပါပြီ။ ဘရာဇီးနိုင်ငံသား တစ်ယောက် ဖြစ်ပေမယ့်လည်း မာတီနယ်လီ ဟာ အီတလီမှာ မွေးဖွားခဲ့သူဖြစ်လို့ အီတလီလက်ရွေးစင်အသင်းအတွက် ၀င်ရောက်ကစားခွင့်ရှိနေပြီး သူ့အနေနဲ့ ဘရာဇီးထက် အီတလီကိုပဲ ရွေးချယ်သွားဖို့ရှိနေတယ်လို့ Goal က ဖော်ပြပါတယ်။

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ဘောလုံးသမားတွေဟာ ကိုယ့်ရဲ့စွမ်းဆောင်ရည် ညံ့ဖျင်းမှုအပေါ် ကိုယ်တိုင်ပဲ တာဝန်ယူကြရကြောင်းနဲ့ ပုန်းရှောင်နေစရာ နေရာမရှိကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ဒီရာသီမှာ မန်ယူအသင်းအတွက် ပွဲစဉ် (၉) ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး (၃) ဂိုးသွင်းထားပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကို ပရိသတ်တွေက စိတ်ပျက်နေကြပြီး အဲဒီ (၃)ဂိုးထဲက (၂)ဂိုးဟာလည်း ပင်နယ်တီက သွင်းယူပေးထားခဲ့တာပါ။ ရက်ရှ်ဖို့ဒ်က သူကိုယ်တိုင်လည်း အသင်းရဲ့ရလဒ်ပိုင်းကြောင့် စိတ်ပျက်နေမိပြီး ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုးရအောင် ကြိုးစားသွားမှာဖြစ်ကြောင်း သူ့ရဲ့တွစ်တာအကောင့်ကနေ အသိပေးလိုက်ပါတယ်။

READ
နိုင်ငံလက်ရွေးစင်အဖြစ်ကနေအနားယူတော့မယ်လို့ အံ့သြသင့်ဖွယ်ကြေငြာခဲ့တဲ့မက်ဆီ

Linn

Source : TheSun , Goal , Mirror

SHARE