၁၁-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဘာစီလိုနာ ။    ။ ဘာစီလိုနာ အသင်းဟာမနေ့ညက ကစားခဲ့တဲ့ ကိုပါဒယ်ရေး(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ လီဗန်တေးအသင်းကို (၂-၁) ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဘာစီလိုနာဟာ မက်ဆီ၊ ဆွာရက်ဇ်တို့ကို အရန်စာရင်းမှာတောင် မထည့်ပဲ အနားပေးခဲ့ပြီး တိုက်စစ်မှာ ဒမ်ဘီလီ ၊ မယ်လ်ကွန်နဲ့ ကော်တင်ဟို တို့ကို အသုံးပြုခဲ့ပြီးတဲ့နောက် ရှုံးပွဲကြုံတွေ့သွားခဲ့ရတာပါ။ ပွဲချိန် ပထမပိုင်းမှာတင် လီဗာတေးအသင်းက မာရိုရယ် ၊ ကာဘာကို တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန် (၈၅)မိနစ်မှာမှ ကော်တင်ဟိုက ဘာစီလိုနာအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လီဗန်တေးနဲ့ ဒုတိယအကျော့ပွဲစဉ်ကို ဇန်န၀ါရီ (၁၈)ရက်မှာ ပြန်လည်ကစားရမှာဖြစ်ပါတယ်။

ရမ်ဆေး ။        ။ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးရဲ့ ဂျူဗင်တပ်စ်အသင်းကိုအပြောင်းအရွှေ့အတွက် သူ့ရဲ့အေးဂျင့်ဖြစ်သူဟာ ပေါင် (၇)သန်း ရရှိသွားခဲ့တယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ ဝေးလ်အသင်းကွင်းလယ်လူဟာ ဒီရာသီကုန်ရင် ဂျူဗင်တပ်စ်အသင်းဆီ တစ်ပတ်လုပ်ခ ပေါင် (၁၄၅၀၀၀)နဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာဖြစ်ပြီး အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။ ဂျူဗင်တပ်စ်ဟာ အပြောင်းအရွှေ့အောင်မြင်ရေးအတွက် ရမ်ဆေးရဲ့ အေးဂျင့်ဖြစ်သူကို ပေါင် (၇)သန်းအထိ ပေးချေဖို့ သဘောတူခဲ့ရပြီး ဒီအပြောင်းအရွှေ့မှာ အမြတ်ထွက်သွားသူက ရမ်ဆေးရဲ့အေးဂျင့်သာဖြစ်တယ်လို့ မီဒီယာတွေကရေးသားနေကြပါတယ်။

READ
၈-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
PA

အဲဗာတန် ။      ။ အဲဗာတန်အသင်းဟာ ဗလင်စီယာအသင်းကနေ ပြန်လည်ရောက်ရှိလာတော့မယ့် ချယ်လ်ဆီးတိုက်စစ်မှူး ဘတ်ရှူဝါယီ ကို ပေါင်(၁၈)သန်းနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဗလင်စီယာအသင်းကို အငှားချထားခဲ့တဲ့ ဘတ်ရှူဝါယီကို ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အဲဗာတန်က ခေါ်ယူဖို့ ကြိုးစားနေတာပါ။ အဲဗာတန်နဲ့ ချယ်လ်ဆီးဟာ ဒီဖက်နှစ်တွေမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့ပြီး ချယ်လ်ဆီးအသင်းနောက်ခံလူ ဇူးမား ကိုလည်း ဒီရာသီမှာ အဲဗာတန်က အငှားနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

PA

လက်စတာ ။    ။ လက်စတာအသင်းဟာ တိုက်စစ်မှူးအသက် အိုကာဇာကီ အတွက် ဟက်ဒါဖီးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ အသက် (၃၂)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီကုန်ဆုံးရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာပါ။ ဒါပေမယ့် လက်စတာအသင်းက ဒီအပြောင်းအရွှေ့မှာ ကစားသမားရောင်းချမှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး ဟက်ဒါဖီးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။

AFP

ဝီလီယံ ။         ။ ဘာစီလိုနာအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ၀ီလီယံအတွက် တောင်ပံကစားသမားမယ်လ်ကွန်နဲ့ ငွေသားအလိုက်ပေးပြီး လဲလှယ်ဖို့  စီစဉ်နေတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာကတည်းက ၀ီလီယံကိုခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ မယ်လ်ကွန်ကို အလိုက်ပေးပြီးခေါ်ယူဖို့ ပြင်ဆင်နေတာပါ။ ဘာစီလိုနာရဲ့ ပေါင်သန်း(၅၀)တန် ကစားသမား မယ်လ်ကွန်အပြင် နောက်ထပ် ပေါင်သန်း(၃၀)လောက် အလိုက်ပေးပြီးခေါ်ယူမှာဖြစ်လို့ ချယ်လ်ဆီးအသင်းအနေနဲ့ စိတ်ဝင်စားလာနိုင်တယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။

READ
၂၀၁၈ ကမ္ဘာ့ဖလားနဲ့လွဲခဲ့ရတဲ့ အကောင်းဆုံးကစားသမား (၁၁)ယောက်
Goal

အီကာဒီ ။        ။ အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီ က အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလတွေသာ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပြီး သူ့အနေနဲ့ အေးဂျင့်အပြောင်းအလဲလုပ်ဖို့ စဉ်းစားနေပြီဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီကာဒီရဲ့ အေးဂျင့်ဟာ ကစားသမားအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီးတဲ့နောက် အီတလီသတင်းစာတွေက အီကာဒီရဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့အပြောင်းအရွှေ့သတင်းတွေကို ဖော်ပြနေခဲ့ကြတာပါ။ အီကာဒီက အဲဒီသတင်းတွေဟာ မဟုတ်မှန်ကြောင်းနဲ့ သူ့အနေနဲ့ အေးဂျင့်အပြောင်းအလဲလုပ်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Mirror , Marca

SHARE