၁၁-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ဝင်းဂါး ။          ။ ရီးယဲလ်အသင်းကို ရောက်ရှိသွားတဲ့ ဟာဇက် ဟာ ရော်နယ်ဒို ရဲ့နေရာကို အစားထိုးနိုင်မယ့်သူမျိုး မဟုတ်ဘူးလို့ အာဆင်နယ်အသင်း နည်းပြဟောင်း အာစင်ဝင်းဂါးက မှတ်ချက်ပေးလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့အတူ ဟာဇက်ရဲ့ ကစားပုံကို မြင်ခဲ့ဖူးတဲ့ အာစင်ဝင်းဂါးက ဟာဇက်ဟာ ရော်နယ်ဒိုရဲ့နေရာကို အစားမထိုးနိုင်ဘူးဆိုတာ ရာနှုန်းပြည့်သေချာကြောင်းနဲ့ ရီးယဲလ်အသင်းအနေနဲ့ တိုက်စစ်မှာ နောက်ထပ် ကြယ်ပွင့်ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူရမှာဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။

ဖူဆယ်လိဂ် ။    ။ ဘရာဇီး ပြည်တွင်းဖူဆယ်လိဂ် ပွဲစဉ်တစ်ပွဲမှာ ကရာတေးကစ်နဲ့ အကန်ခံလိုက်ရတဲ့အတွက် ကွင်းအတွင်းမှာ ကစားသမားတစ်ဦး သတိမေ့သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုလို့ရပါတယ်….

ကရာတေးကစ်နဲ့အကန်ခံလိုက်ရလို့ ကွင်းထဲမှာ သတိမေ့သွားခဲ့တဲ့ ဖူဆယ်လ်ကစားသမား

ဘေးလ် ။        ။ Mirror သတင်းစာရဲ့ အားကစားကလောင်ရှင် အန်ဒီဒန်း က ရီးယဲလ်အသင်းတိုက်စစ်မှူး ဂါရက်ဘေးလ်ဟာ မန်ယူခေါ်သင့်တဲ့ ကစားသမားမျိုးဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းနဲ့ တင်းမာမှုတွေ ဖြစ်နေတဲ့ ဘေးလ်ဟာ အရည်အချင်းရှိတဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ ကစားပုံနဲ့ သင့်တော်တဲ့ ကစားသမားမျိုး ဖြစ်တာကြောင့် မန်ယူအသင်းနဲ့ အလိုက်ဖက်ဆုံးပဲလို့ အန်ဒီ က သုံးသပ်သွားခဲ့ပါတယ်။

READ
၃၁-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

အဲရစ်ဆင် ။      ။ စပါးအသင်းဟာ ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူ အဲရစ်ဆင် ကို ဇန်န၀ါရီ အပြောင်းအရွှေ့မှာကတည်းက ရောင်းချဖို့ စီစဉ်နေပါပြီ။ TheSun ရဲ့ ဖော်ပြချက်အရ စပါးအသင်းတာဝန်ရှိသူတွေဟာ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာစေဖို့ ဆန္ဒမရှိကြပဲ ပြောင်းရွှေ့ကြေးပမာဏ အနည်းငယ်ရမယ်ဆိုရင်တောင် ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ။                   ။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး (၃၀)ကျော်အသင်းမှာ ဘယ်သူတွေပါမလဲ။ သိချင်ရင် အောက်က လင့်ခ်ကို နှိပ်ပြီး ကြည့်ရှုလို့ရတယ်နော်…။

ဒီရာသီပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး (၃၀)ကျော်အသင်း

ရိုဒရီ ။  ။ မန်စီးတီးအသင်းကွင်းလယ်ကစားသမား ရိုဒရီ က ပရီးမီးယားလိဂ်ရဲ့အဓိက ပြိုင်ဖက် လီဗာပူးလ်အသင်းဟာ အင်္ဂလန်မှာသာမက ဥရောပမှာပါ အကောင်းဆုံးအသင်းဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ESPN နဲ့ အင်တာဗျူးမှာ ရိုဒရီ က လီဗာပူးလ်ရဲ့ ကစားပုံဟာ သူမြင်ဖူးသမျှ အသင်းတွေထဲမှာ စည်းလုံးမှုအရှိဆုံး ကစားပုံမျိုးဖြစ်ပြီး ပြိုင်ဖက်အသင်းတိုင်းကို အနိုင်ကန်နိုင်စွမ်းရှိတယ်လို့ ယုံကြည်မိကြောင်း ချီးကျူးလိုက်တာပါ။

READ
၃၀-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal, Mirror

SHARE