၅-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့တ်မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ Daily Mail က ဖော်ပြပါတယ်။ ရီးယဲလ်ဟာ ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက စိတ်ဝင်စားနေတာဖြစ်ပြီး မန်ယူ၊ PSG အသင်းတို့နဲ့အပြိုင် ခေါ်ယူရမယ့်ပုံပါ။ ဒေါ့တ်မွန်အသင်းကတော့ သူတို့ရဲ့ ကစားသမားအတွက် အနည်းဆုံး ပေါင်သန်း(၁၀၀)အလိုရှိနေခဲ့ပါတယ်။

ပယ်လီဂရီနီ ။    ။ ၀က်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီ ဟာ (၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီလို့ Daily Mirror က ဖော်ပြပါတယ်။ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ (၃-၂)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းပရိသတ်တွေက ပယ်လီဂရီနီ ကို အသင်းကထွက်သွားဖို့တောင်းဆိုခဲ့ကြတာပါ။ ၀က်စ်ဟမ်းအသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားခဲ့တယ်လို့ ပယ်လီဂရီနီက ပြောဆိုထားပေမယ့်လည်း လာမယ့်ပွဲစဉ်တွေမှာသာ ရှုံးပွဲတွေ ထပ်မံကြုံတွေ့ခဲ့ရင် ရာထူးကနေ ထွက်ခွာသွားရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ကွင်းလယ်လူ ဘန်တန်ကာ ကို ရောင်းချဖို့ အစီအစဉ် မရှိကြောင်း ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့ကို အသိပေးလိုက်ပါတယ်။ အသက် (၂၂)နှစ်သာ ရှိသေးတဲ့ကွင်းလယ် တိုက်စစ်ကစားသမားဟာ ဂျူဗင်တပ်စ်အတွက် (၇၈)ပွဲအထိ ကစားပေးထားရပြီဖြစ်ပြီး ဆာရီရဲ့လက်အောက်မှာ ပွဲထွက်ခွင့်တွေ ရရှိနေသူပါ။

ကာပယ်လို ။    ။ အင်္ဂလန်အသင်းနည်းပြဟောင်းကြီး ကာပယ်လို က မန်ယူအသင်းနည်းပြအဖြစ် တာဝန်ယူဖို့ ဂျူဗင်နည်းပြဟောင်း အယ်လီဂရီ ကို တိုက်တွန်းလိုက်ပါတယ်။ ကာပယ်လို က အင်တာဗျူးတစ်ခုမှာ သူသာ အယ်လီဂရီရဲ့နေရာမှာဆိုရင် မန်ယူအသင်းကို နည်းပြအဖြစ် ဆောင်ရွက်ဖို့ ဘာမှ စဉ်းစားနေမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်တာပါ။ အယ်လီဂရီ ဟာ ဘိုင်ယန်မြူးနစ်ရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက်လည်း ရေပန်းစားနေခဲ့ပြီး ကိုဗက် နေရာမှာ ဆက်ခံမယ့်နည်းပြသစ်အဖြစ် အလေးပေးခြင်းခံနေရပါတယ်။

ဆွန်ဟောင်မင် ။ ။ စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင် ဟာ ဒီတစ်ပတ် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို စိတ်ပိုင်းဆိုင်ရာ အခြေအနေတချို့ကြောင့် လွဲချော်ရဖွယ်ရှိနေတယ်လို့ နည်းပြ ပိုချက်တီနိုက အသိပေးလိုက်ပါတယ်။ ဘဲလ်ဂရိတ်အသင်းရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့် ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဂိုမက်ဇ်ကို ခြေထောက်ကျိုးစေခဲ့တဲ့ ဖျက်ထုတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဆွန်ဟောင်မင် တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ခံယူနေရပြီး ဘောလုံးကစားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပိုချက်တီနို က ပြောဆိုသွားခဲ့တာပါ။

READ
မန်ချက်စတာမှာ သေဆုံးသွားခဲ့သူတွေအတွက်အနိုင်ယူခဲ့တာပါလို့ဆိုလိုက်တဲ့ပေါ့ဘာ

Linn

Source : TheSun , Goal , Mirror

SHARE