၆-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် က မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျုးသွားခဲ့ပါတယ်။ အေဂျက်ဇ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးဟာ ဒုတိယပိုင်း (၅၅)မိနစ်မှာတင် (၁-၄)ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး လက်ကျန်မိနစ်တွေမှာ ချေပဂိုး(၃)ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာပါ။ လမ်းပတ် က ချယ်လ်ဆီးကစားသမားတွေဟာ သူတို့ရဲ့အရှုံးမပေးချင်စိတ်ကို ပြသသွားတာဖြစ်ကြောင်းနဲ့  အားလုံးအတွက် အမှတ်ရစရာ ညတစ်ခု ဖြစ်ခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဆွန်ဟောင်မင် ။ ။ အဲဗာတန်နဲ့စပါးအသင်းတို့ ပွဲစဉ်မှာ အဲဗာတန်ကွင်းလယ်လူ ဂိုမက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အနီကတ် ပြသခံခဲ့ရတဲ့ ဆွန်ဟောင်မင် ရဲ့အနီကတ်ပြစ်ဒဏ်ကို FA က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ဂိုမက်ဇ်ကို ခြေထောက်ကျိုးခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ ဖျက်ထုတ်မှုမှာ ဆွန်ဟောင်မင် ဟာ ရည်ရွယ်ချက်မရှိခဲ့ပဲ မတော်တဆ ဖြစ်ပွားခဲ့တာသာ ဖြစ်တယ်လို့ FA တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အနီကတ်ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့တာပါ။

 

ဆာလက် ။      ။ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဂျန့် အသင်းတို့ရဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆာလက် ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ ကလော့ပ်က မှတ်ချက်ပေးလိုက်ပါတယ်။ လီဗာပူးလ်က (၂-၁)နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဆာလက် ဟာ ဂိုးသွင်းနိုင်ခြင်းမရှိပေမယ့်လည်း အသင်းဖော် ချိန်ဘာလိန်သွင်းယူခဲ့တဲ့ ဒုတိယသွင်းဂိုးကိုတော့ ဖန်တီးပေးနိုင်ခဲ့တာပါ။ ဂျာဂန်ကလော့ပ်ကတော့ ဆာလက် ဟာ ဒီပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာဟောင်းကနေ နာကျင်မှုကို ပြန်လည်ခံစားခဲ့ရပြီး ပွဲအပြီးမှာ ဆေးစစ်မှုတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းဟာ လေဗာကူဆင်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုင်ဟာဗက်ဇ် ကို ပေါင်သန်း(၈၀)နဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဂျာမန်သတင်းစာတွေကဖော်ပြနေကြပါတယ်။ ဆိုးလ်ရှားဟာ ညာခြမ်းမှာ အကောင်းဆုံးကစားနိုင်တဲ့ ကွင်းလယ်လူ ကို အိုးထရက်ဖို့ဒ်မြေဆီ ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး လာမယ့် ဇန်န၀ါရီမှာ ပထမဆုံးခေါ်ယူမယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဘာစီလိုနာ ။    ။ အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါး က ဘာစီလိုနာအသင်းရဲ့ မနေ့ညက ကစားပုံဟာ တကယ့်ကို အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရသလိုမျိုး ဖြစ်နေခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ၀င်းဂါး က ဘာစီလိုနာကစားသမားတွေဟာ တိုက်စစ်မှူး မက်ဆီ တစ်ခုခု လုပ်ပြနိုင်ဖို့ကိုသာ မျှော်လင့်နေကြပြီး သူတို့ကိုယ်တိုင်မှာတော့ ကြိုးစားမှုတွေ လျော့ကျကြခဲ့တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။ ဘာစီလိုနာဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ ဆလားဗီးယားပလပ် အသင်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး အဖိုးတန်ရမှတ်တွေ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

READ
(၉-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE